Subscribe to our RSS Feed

မိတ္ထီလာတွင် လူ(၆ဝဝ)ကျော်အား ဘုန်းကြီးကျောင်းတွင် ကယ်တင်ထား

From : ..မြန်မာ့ခေတ်

မိတ္ထီလာမြို့တွင် ယမန်နေ့က စတင်ကာ ဖြစ်ပွားနေ
သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် ရန်မျိုးအောင်ရပ်ကွက်ရှိ စာသင်တိုက်တစ်တိုက်တွင် ထွက်ပြေးတိမ်းရှောင်လာသူ (၆ဝဝ)ကျော် ရောက်ရှိခိုလှုံနေကြောင်းမိတ္ထီလာမြို့သို့
ရောက်ရှိနေသော မြန်မာ့ခေတ် သတင်းထောက်မှ
သတင်းပေးပို့သည်။

အဆိုပါမြို့ရှိ ပဋိပက္ခများကို တည်ငြိမ်အောင် ထိန်းသိမ်း
နိုင်ရေးအတွက် ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်
ကျောင်းသား၊ ရွှေညဝါဆရာတော်နှင့် ဦးဇင်းဝီရသူတို့သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ သာသနာရေး
ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့နှင့် ယနေ့မနက်(၈)နာရီခန့်
က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်
ဆွေးနွေးခဲ့ပြီးနောက် ဆရာတော်များဦးဆောင်သော အဖွဲ့
သည် မြို့တွင်းသို့ လှည့်လှည်ကာလူထုအား ဖျောင်းဖျစည်း
ရုံး မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ စည်းရုံးနေစဉ်အချိန်မှာပင် မနက်(၉)နာရီအချိန်ခန့်က
နှစ်ထပ်အိမ်တစ်လုံးနှင့် တိုက်အိမ်တစ်လုံးတို့အားမီးရှို့မှုများ
ဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပြီး လုံခြုံရေးများမှာလည်း ပဋိပက္ခဖြစ်ပွားနေသောနေရာ အနီးတွင် ရှိနေသော်လည်း လူအုပ်အတွင်းသို့ဝင်ရောက်ကာ ထိရောက်စွာ ထိန်းသိမ်းနိုင်ခြင်း မပြုလုပ်နိုင်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ လူ(၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် အာဏာပိုင်များဘက်မှ လူ(၁ဝဝ)ကျော်အား လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ရပြီး ယနေ့မနက် (၁၁)နာရီအချိန်အထိ ပဋိပက္ခ
ဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ နေရာအချို့တွင်
လည်း မီးလောင်ကျွမ်းမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း
သိရသည်။
 

 .. www.MyanmarExpress.net
 

1 comments:

မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်.အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်