From :
..အေးချမ်းမွန်
လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတ ယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။
ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။
ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။
“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။
မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။
“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။
သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။ တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။
ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေ
ဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈ နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။
ဒီအပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံးလက်ထပ်လိုက်ရတဲ့သူကတော့  ဒိုင်းနဲရှ်ပါပဲ။
အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။
“ကျနော့်မိန်းမအဖြစ်နဲ့ သူကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါ တယ်။
ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကို လည်း ထိန်းသိန်း စောင့်ရှောက်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။
ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို~
မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။
“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။
“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။
ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။
“မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။
သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။
..
www.MyanmarExpress.net
လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတ
ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။
ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။
“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။
မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။
“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။
သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။ တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။
ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေ
ဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈ နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။
ဒီအပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံးလက်ထပ်လိုက်ရတဲ့သူကတော
အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။
“ကျနော့်မိန်းမအဖြစ်နဲ့ သူကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါ တယ်။
ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကို လည်း ထိန်းသိန်း စောင့်ရှောက်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။
ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို~
မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။
“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။
“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများခင်းလိုက်တာပဲ”
ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။
“မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။
သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။
Posted in: သတင်း



10 comments:
လူ့ သ ဘာ ဝ မ ဟုတ် ။
လောကမှာ လူတိုင်း တန်းတူ အခွင့်အရေးရှိတာပဲ။ ဒါဟာ အပြစ်မရှိသလို ကဲ့ရဲ့ အပြစ်တင်စရာ ဖြစ်ရပ်လည်း မဟုတ်ပါဘူး။ သူဟာ ခင်ပွန်း ၅ ယောက်နဲ့ လောကအလယ်မှာ မားမားမတ်မတ် နေပြရဲတဲ့ သတ္တိရှိတယ်။ ကျုပ်တို့ ဆီက တချို့ မိန်းမတွေလို ခိုးကြောင်ခိုးဝှက်နဲ့ လင်ငယ်နေတဲ့ အောက်တန်းစား စိတ်ဓာတ်မျိုး မဟုတ်တာကိုက လေးစားထိုက်နေပါတယ်ဗျာ။ အချစ်ဆိုတာ တစ်ယောက်ထဲကိုပဲ တစ်ကြိမ်ထဲ ချစ်ရမယ်လို့ သတ်မှတ်ထားတာ ရှိလို့လား။ ရှိရင် ခင်ဗျားတို့ တစ်သက်မှာ ချစ်သူ ရည်းစား တစ်ယောက်ထက် ပိုမထားနဲ။ မိန်းမတွေက ယောင်္ကျားတွေထက် တော်တယ် ဆိုတာ အတူတူပညာသင်ဘူးမှ သိတယ်ဗျာ။ အဲဒိလို အရည်အချင်း ကောင်းတွေရှိရဲ့သားနဲ့ လောကအလယ်မှာ အားနွဲချင်ယောင်ဆောင်တာ မာယာနဲ့ လှည့်စားတာ ခိုးကြောင်ခိုးဝှက် လုပ်တာတွေကသာ အောက်တန်းကျတဲ့ စိတ်ဓာတ်တွေပါ။ လူတွေဟာ ဆင်တွေ မြင်းတွေ နွားတွေနဲ့ စာရင် အားနွဲပါတယ်။ ဒါပေမယ့် သူတို့ထက် အများကြီး အသိဥာဏ်ရှိတယ် တော်တယ့် အတွက်ကြောင့် သူတို့ကို အသုံးချနိုင်တာပါ။ မိန်းမတွေ အားနွဲ့တယ် ဆိုတဲစကားကို ဒီခေတ်မှာ မသုံးသင့်တော့ဘုး။
မီးခိုး ကို အူထွက် နေမှာပဲ ကောင်မတော့ ရေဆေး ချိန်တောင် ရမှာ မဟုတ်ဘူး။
မအေးချမ်းမွန်ရေ...။ အမလေးတော်...တဲ့။ ဒါများသတင်းထုးလုပ်ပြီး ဖော်ပြနေသေးတယ် တဲ့။ ဘီယာဆိုင်မှာ သီချင်းဆိုတဲ့ ကောင်မလေးချောချောလေး ကပြောတာနော်။ တို့နိုင်ငံရဲ့ ဥပဒေထဲမှာသာ တရားဝင် ခွင့်ပြု ကြည့်လိုက်ပါ့လား ဂင်းနစ်စံချိန်တောင် တင်သွားမယ် တဲ့။ နင်တို့လည်း ကိုယ်နဲ့လက်ထပ်မယ့် မိန်းကလေး တစ်ယောက်နဲ့ ဘုရားမှာ လျှောက်သွားတဲ့ အခါ သူ့ကို သူ့ဘဝဖြူစင်ကြောင်း သစ္စာ ဆိုခိုင်းကြည့်ပါ့လား။ နင့်အရင် လူလည်နဲ့ ရည်းစားထားခဲ့ဖူးလို့ကတော့ ပါးရိုက်ခံရမလား ပြတ်မလား စကားလမ်းကြောင်း အလွှဲခံရမလား။ တစ်ခုခုတော့ သေချာတယ်။ ငါတို့တောင် ခတ်ညံ့ညံ့ ယောင်္ကျားတစ်ယောက် လောက်ကတော့ အပျိုယောင်ဆောင်ပြီး ချွဲလိုက်ရင် သူ့ပါတာတွေ အကုန် ကုန်တဲ့အပြင် အိမ်ကမိန်းမတောင် စိတ်ကုန်သွားမယ် တဲ့။ နင့်ယောင်္ကျားကိုလည်း အဲဒီလိုလုပ်ပြီး ယူထားတာလား ဆိုတော့ ..ဟဲ ဟဲ ။ တို့ဆီက မိန်းမတွေလည်း မညံ့ပါဘူး လို့ ပြောချင်တာပါ။
Animal culture!
tha mau cakap ini macam lah kawan...
တကယ့်ကို တုံး၊အ၊နှုံတဲ့ကောင် စောက်သုံးမကျတဲ.ကောင်တွေပဲ။ ဘယ်နှယ် မိန်းမတယောက်ကို ငါးယောက်ပါင်းယူရတယ်လို့ကွ။ ယောကျာ်းဆိုတဲ့စိတ်ဓာတ် နည်းနည်းလေးမှ ရှိပုံမရဘူး
အပေါ်က လူကြီးမင်းက ဘာကို
ဆိုလိုချင်လဲ ဆိုတာ မရှင်းဘူး
မိန်းမတွေတော်တယ်ဆိုတာကို
ပြောချင်တာလား
or ယောက်ကျား ၅ ယောက် ယူတာကို
ထောက်ခံချင်တာလား။
ကလေး ဖခင် နေရာမှာ
ဘယ်သူ့ ကို ထည့်မလဲ
မင်း နာမည်ထည့်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်