From :
.popular
www.MyanmarExpress.net
ရန်ကုန်တိုင်းဒေသကြီး ထူးချွန်ကျောင်းကြက်ခြေနီ
လူငယ်အရည်အချင်းမြှင့်တင်လေ့ကျင့်ရေး နွေရာသီစခန်း သင်တန်းဆင်းပွဲကို မတ်လ
(၇) ရက်နေ့က တောင်ဥက္ကလာပမြို့နယ် အထက (၁) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းသင်တန်းတွင်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များမှ ကြက်ခြေနီရှေးဦးပြုစုခြင်း သင်တန်းတက်ရောက်ပြီးသား ထူးချွန်ကျောင်းသား၅၇ ယောက်ကို ရွေးချယ်လေ့ကျင့်သင်ကြားပေးခြင်း
ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမျိုးသမီး တပ်ဖွဲ့မှူး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်က ပြောသည်။
သင်တန်းကာလအတွင်း ကလေးအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီးနှင့် အရိုးအကြော အထူးကု ဆရာဝန်ကြီး ၃ ဦးမှ လာရောက်၍ ဘာသာအလိုက် နောက်ဆုံးပေါ်ပြုစုနည်းများကိုလာရောက်သင်ကြားပေး
သည့်အပြင် ဒေသန္တရဗဟုသုတအဖြစ် နေပြည်တော်ရှိ လွှတ်တော်သို့ သွားရောက်ကြကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်