Subscribe to our RSS Feed

Huawei နှင့် E-Lite ပူးပေါင်း၍ ဝန်ဆောင်မှုစင်တာ ၂ဝ ခန့် ဖွင့်မည်



တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ Huawei က ပြည်တွင်း၏ ပုဂ္ဂလိက ဆက် သွယ်ရေး လုပ်ငန်းဖြစ်သော E-Lite Tech Manufacturing နှင့် ပူးပေါင်းကာ ဝန်ဆောင်မှုစင်တာ ၂၀ ခန့် ကို မြို့ကြီးများတွင် ယခုနှစ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်၊ မန္တလေး အပါ အဝင် မြို့ကြီးများတွင် အရင်ဆုံးဖွင့်လှစ်မည့် အဆိုပါ ဝန်ဆောင်မှုစင်တာ ၂၀ ခန့်ကို Huawei မိုဘိုင်း ပစ္စည်းများ သုံးစွဲသူများအတွက် အဓိကရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တစ် ဦး က ပြောသည်။
၂၀၁၃ အတွင်း ဆားဗစ်စင်တာ ၂၀ ခန့် ဖွင့်လှစ်ပြီးပါက လာမည့်နှစ် များတွင်လည်း ဆက်လက် တိုးချဲ့ သွားရန်ရှိပြီး E-Lite အပြင် အခြားသော မိုဘိုင်းဖုန်း လုပ်ငန်းများနှင့်လည်း လက်တွဲသွားမည်ဟု သိရသည်။
ပြည်တွင်းဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ၂၀၁၀ ဝန်းကျင်က စတင်ဝင်ရောက်ခဲ့သည့် Huawei အ မှတ် တံဆိပ် မိုဘိုင်းဖုန်းများသည် ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ စတင်အသုံးပြုနိုင်ချိန်တွင် မထင်မှတ် ထား သည့် ရောင်းအားစံချိန်ကို ရရှိခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေးဌာန တာဝန်ရှိသူ တစ် ဦး က ပြောသည်။
ရန်ကုန်နှင့် မန္တလေးအခြေစိုက် မိုဘိုင်းဖုန်းလုပ်ငန်းများ၏ အဆိုအရ Huawei အမှတ်တံဆိပ် တရုတ်မိုဘိုင်း ပစ္စည်း များသည် ပြည်တွင်းဈေးကွက် အတွင်း၌ ရောင်းအား အကောင်းဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်ေ နကြောင်း သိရသည်။
ပြည်တွင်း မိုဘိုင်းဈေးကွက်အတွင်း ထိပ်ဆုံးမှ နေရာယူထားသော Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်း များ သည် ထုတ်လုပ်မှု အရည်အသွေးပိုင်းတွင် သုံးစွဲသူများနှင့် ရာနှုန်းပြည့် ထပ်တူကျမှု မရှိသေးသော်လည်း လူလတ်တန်းစားအများစု လက်လှမ်းမီနိုင်သည့် ဈေးနှုန်းဖြစ်သဖြင့် လူသုံးအများဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်နေခြင်းဖြစ်သည်ဟု ဈေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်