Subscribe to our RSS Feed

ကေအိုင်အေကို တိုက်ဖို့ တရုတ်က မီးစိမ်းပြလိုက်ပြီလား?

From : .... www.MyanmarExpress.net


အမေရိကန်လုပ် စနိုက်ပါများဖြင့် လေ့ကျင့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေရာကနေ ဗြုန်းဆို အမေရိကန်ကို ရောက်သွားခဲ့တဲ့ KIA က
ဂွမ်မော်တစ်ယောက် ပြန်လာတော့ အချိုးတွေ ပြောင်းခဲ့ပါပြီ။ တပ်မတော်ရဲ့ ထိုးစစ်တွေအောက်မှာ နဂိုကမှ တိုက်ရည်ခိုက်ရည် မရှိ။ လူထု ထောက်ခံမှုမရှိ။ ရပ်တည်ချက်မရှိဘဲ လက်နက်ကိုင်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကေအိုင်အေတွေ အလူးအလဲ
ခံခဲ့ရတာ အားလုံးအသိပါ။ နောက်ဆုံး လိုင်ဇာသာ ကျန်တော့တဲ့ အထိ အခြေအနေဆိုးခဲ့တာလည်း အားလုံးအသိ။ လိုင်ဇာပဲ ကျန်တော့တဲ့ အချိန်မှာ တပ်မတော်က ထိုးစစ်မဆင်အောင် အရပ်သားတွေအားလုံးကို လိုင်ဇာထဲခေါ် ဒုက္ခသည် အယောင်ဆောင်ခိုင်းပြီး လူသားတံတိုင်းလုပ်ခဲ့တာလဲ အကုန်လုံးအသိ။
ဒီနောက်ပိုင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အကြီးအကျယ် စစ်ရှုံးနေတဲ့
ကေအိုင်အေတို့ မငြင်းနိုင်တော့ပဲ ဆွေးနွေးမှုတွေ  ပြုလုပ်လာပါတယ်။

နဂိုတည်းက ခံယူချက်မရှိ တိုက်ရည် ခိုက်ရည် မရှိတဲ့ ကေအိုင်အေတို့ ဒီနည်းလမ်းပဲ လိုက်တော့မယ် ဆိုတာ သိပြီးသားပါ။ သူတို့ နောက်မှာ အားကိုးရမဲ့ တရုတ်ကလည်း
မထောက်ပံ့တော့လို့ ကေအိုင်အေမှာ ရွေးချယ်စရာ ကုန်နေခဲ့ပါပြီ။ ဒါပေမဲ့ တလောက
အမေရိကန် ကို ဂွမ်မော်တစ်ယောက် သွားပြီး ပြန်လာတော့ အချိုးတွေ က တစ်မျိုး ပြောင်းသွား
ပြန်တယ်။ ခုပဲ ငြိမ်းချမ်းရေး လက်မှတ်ထိုးတော့မလိုလို၊ ဟိုအချက်လေး အကြောင်းပြ ဒီအချက်လေး အကြောင်းပြနဲ့ အချိန်ဆွဲနေတဲ့ ကေအိုင်အေတို့ ဘာလို့ အချိန်ဆွဲလဲဆိုတာ
အမေရိကန် ခရီးစဉ်က သက်သေပဲလေ။ ကေအိုင်အေတို့ အားကိုးအသစ်ရသွားတော့
အာခံလာတာပေါ့။ အမေရိကန် ခရီးစဉ်မှာ ဂွမ်မော်နဲ့ အမေရိကန်တို့ ဘာတွေ ဆွေးနွေးခဲ့လဲ
ဘာတွေ လျှို့ဝှက် သဘောတူခဲ့လဲ။ လက်နက်အထောက်အပံ့တွေ ပေးလိုက်လား ဘယ်သူမှ မသိပါဘူး။  တခြားခေါင်းစဉ်အကြောင်းပြပြီးပဲခရီးစဉ်အကြောင်း ရှင်းလင်းခဲ့တယ်။ အဲတာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ဆွေးနွေးမှုတွေက
ဘယ်သူမှ မသိတဲ့ ကိစ္စတွေပါ။

ဂွမ်မော် အမေရိကန်က ပြန်လာလာချင်း ဘာပြောခဲ့လဲ သိကြလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမေရိကန်ပါဝင်ပေးဖို့ ဂွမ်မော်က တိုက်တွန်းလိုက်ပါတယ်တဲ့။ ဒီစကားဟုတ်မဟုတ် RFA မှာ ပြောခဲ့တာ သွားဖတ်နိုင်ပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ကိုယ်တိုင်မလုပ်ဘဲ ကြားလူကို အားကိုးလိုက်တာ ကေအိုင်အေအနေနဲ့ ဘယ်ခြေလှမ်း လှမ်းနေလဲ မှန်းဆလို့ရပါတယ်။ အားကိုးလိုက်တာကလည်း အမေရိကန်။ ဒီစကားမပြောခင်က သွားခဲ့တာကလည်း အမေရိကန်။ စဉ်းစားသာကြည့်။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေကဘာအသံမှ မထွက်ဘဲ ကေအိုင်အေက အမေရိကန်က ပြန်လာလာချင်း အမေရိကန်ကိုအားကိုးလိုက်တဲ့ လေသံထွက်လာတာ ထူးဆန်းလွန်းပါတယ်။ နောက်ကွယ်ကနေ အမေရိကန်က ဘယ်လိုသွေးထိုးပေးပြီး ဘာတွေ လက်ဝါးရိုက်ထားလဲ ဆိုတာတော့ သွားခဲ့တဲ့ဂွမ်မော်သာ အသိဆုံးနေမှာပါ။ ဒီကြားထဲ အမေရိကန်ကို ပြေးကပ်လိုက်တဲ့ ဂွမ်မော်လုပ်ရပ်အကျိုးရှိတယ်လို့ ပြောရပါမယ်။ ဘာလို့ လဲဆို တော့ ဂွမ်မော်အပြန် အိတ်ကပ်ထဲ အမေရိကန်ဒေါ်လာ ၅ သန်းပါလာတယ်လေ။ ဒါကို ဘယ်သူမှ မသိဘူး။ ဂွမ်မော့်ကို တိတ်တိတ်လေးပေးလိုက်တာ။ ဂွမ်မော်ကလည်း ခရီးကပြန်လာတော့ ဒီအကြောင်းဘယ်သူမှ မပြောဘူး။ သတင်းမထုတ်ပြန်ဘူး။ ဘယ်ကသိသွားလဲဆို တရုတ် စပိုင်တွေကနေတဆင့် သိကုန်ကြတာ။ တရုတ်စပိုင်တွေဆီ ဒီသတင်းလာတာ။ ဒါကို တရုတ်ကလည်း အတည်ပြုဖို့ လိုက်နေတယ်။  ခုဆို ကေအိုင်အေထဲ ဒီဒေါ်လာတွေကိစ္စနဲ့ ဘာမှ မရှင်းလင်းလို့မကျေမနပ်တွေ ဖြစ်ကုန်ပြီ။ တရုတ်ကျေးဇူးတွေပေါ့။

တရုတ်က ကေအိုင်အေကို မကြည်တော့ဘူး။ သူ့နယ်စပ်မှာ ယူကရိန်းလို ဖြစ်မှာ စိုးရိမ်နေတယ်။ ယူကရိန်းလိုတော့ သူ့နယ်မြေတွေ မဆုံးရှုံးနိုင်ပါဘူး။ ဒါပေမဲ့
သူ့နယ်စပ်မှာ မတည်မငြိမ်ဖြစ်ပြီး   သူ့ စီးပွားရေးတွေ ထိခိုက်မှာ အရမ်းစိုးရိမ်နေတယ်။ တရုတ်ဆိုတာကလည်း စီးပွားရေးဆို အထိအခိုက်မခံတဲ့ အမျိုး။ ဒါကြောင့် လည်း  ပေါက်ဖော်တွေက  သူတို့ မကြည်တော့တဲ့ ကေအိုင်အေအပေါ် သတိထားစောင့်ကြည့်လာတယ်။ ဒါကြောင့်လဲ  ဒီ ဒေါ်လာ ၅ သန်းကိစ္စတွေ ထွက်လာတာပေါ့။

အမေရိကန် အားကိုးနဲ့ အတင့်ရဲလာတဲ့ ကေအိုင်အေကို တရုတ်ကလည်း အပြတ်တိုက်စေချင်နေပြီ။ ကေအိုင်အေက ပြောတယ် မြန်မာ့တပ်မတော်နဲ့ တခြားနိုင်ငံက တပ်မတော်ချင်း ပတ်သက်မှုကို စိုးရိမ်မိတယ်တဲ့။ ဒဲ့ပြောရမယ်ဆို ကြောက်တာပေါ့။ ခုလိုအခြေအနေတောင် သူတို့ခမျာ အလူးအလဲ ခံနေရတာ။ သူတို့သာ အမေရိကန်နဲ့ ပေါင်းချင်ပေါင်းမယ်။ မြန်မာ့တပ်မတော်ကိုတော့ ပေါင်းမှာ ကြောက်နေတာ
ကိုကြည့်ရတာ ရယ်တောင်ရယ်ချင်တယ်။ တရုတ်ကလည်း ကေအိုင်အေကို ဘယ်လောက်ပြုတ်
စေချင်လဲဆို အဲလိုပြောပြီး မကြာခင်မှာ  မြန်မာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုအစွမ်းကုန် မြှင့်တင်ချင်ပါသတဲ့။ ကဲ ဘယ်လောက်တောင်
တိုက်စေချင်နေသလဲ ကြည့်တော့။ မယုံရင် ဒီလင့်မှာ သွားကြည့် http://english.peopledaily.com.cn/90883/8618696.html 

ခုဆို တိုက်ပွဲတွေ ပြန်ဖြစ်နေတာလဲ သတင်းတွေဖတ်ရတယ်။ဆွေးနွေးပွဲတွေ ကြည့်ရတာလည်း
ကေအိုင်အေက အားကိုးရှိလို့ မာနေတဲ့ ပုံစံမျိုး။ အစိုးရနဲ့ ဆွေးနွေးတာတွေကို တင်းခံပြီး
တိုက်ပွဲကို ပဲဦးတည်မယ်လို့ ကေအိုင်အေက ဆုံးဖြတ်ရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ သူ့ဘာသာ အမေရိကန်အားကိုးယုံမကလို့ ဘာပဲဖြစ်ဖြစ် တကယ်တိုက်မယ်ဆို တရုတ်ထဲ ၀င်ပြေးမှ လွတ်တော့မယ်။ ဒါပေမဲ့ တရုတ်ကလည်း ကေအိုင်အေကို တိုက်ချင်သလောက်တိုက် သူ့ဘက်ထဲ ကေအိုင်အေ၀င်လာရင် ပစ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အနီးကပ်ရှိနေတဲ့ သူ့ကို အားမကိုးဘဲ အဝေးက အမေရိကန်ကြီး ပြေးအားကိုးတော့ သူလည်းဘယ်ကြည်မလဲ။

မကြာခင် ကေအိုင်အေက မြစ်ကြီးနားမှာ လာဆွေးနွေးဖို့ အစိုးရနဲ့ ထပ်ဆွေးနွေးတော့မယ်။
ကေအိုင်အေ ဘာလုပ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ အခြေအနေမကောင်းရင်တော့
ကေအိုင်အေတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လူမရှိဘဲ ဖြစ်သွားလိမ့်မယ်။   မြန်မာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုအစွမ်းကုန် မြှင့်တင်ချင်ပါသတဲ့ လို့ပြောသွားတာ တရုတ်ကအရိပ်အကဲပြလိုက်တာ။ နက်နက်နဲနဲတွေးကြည့်ရင် ဒါ ကေအိုင်အေကို အပြုတ်တိုက်ဖို့ မြန်မာအစိုးရကို မီးစိမ်းပြလိုက်တာလားဆိုတာ ......

အောင်ဂျာ(မြစ်ကြီးနား)

8 comments:

KIA might get surface to air missiles from CIA. CIA has once provided Taliban to shoot down Russian planes during the war between Afghanistan and Russia before 9/11.

ကေအိုင်အေက်ုအပြတ်တိုက်ပါ။ တပ်မတော်ကိုလုံးဝအားပေးတယ်။

မှန်ပါတယ်။ ဘာသာရေးအရနဲ့ အမေရိကန်ကို ဒုတိယကမ္ဘာစစ်မှာကူခဲ့တာတွေပြပြီးအကူညီ တောင်းတယ်။ မေရီလန်းစတဲ့ ကေအိုင်အေဟောင်းတွေနေတဲ့ ပြည်နယ်တွေ ကရောက်ရှိပြီးကေအိုင်အေဝင်တွေနဲ့ထောက်ခံသူတွေဝိုင်းပြီးအစိုးရတာဝန်ရှိသူတွေအပါဝင်ပေါက် ရောက်သြဇာရှိသူတွေကိုစည်းရုံးထားတယ်။ တပ်မတော်အရေးယူရင် လူမျိုးရေးဘာသာရေးနှိပ်ကွပ်တယ်ဆိုပြီး ပိတ်ဆို့ဖို့ပြင်ဆင်နေတယ်။ ဒီခွေးတွေဆင်ထားတဲ့အကွက်ထဲကိုမဝင်မိပါစေနဲ့။အခြေနေမှန်ကို ဘာသာရေးတာဝန်ရှိသူတွေ ကမကထလုပ်ပြီး အမေရိကန်အစိုးရ အဓိကကျသူတွေ ပြောဆိုပိုင်ခွင့်ရှိသူတွေကိုပြသပါ။ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမှာကိုဒီကောင်တွေသေမ လောက်ကြောက်တယ်။ လိမ်ညာပြီးကပ်စားလို့မရတော့မှာစိုးတယ်လေ။တပ်မတော်ရဲ့အမေရိကန်ရော တရုတ်နဲ့ပါ ပညာသားပါပါလိမ်မာပါးနပ်စွာဆက်ဆံရေး ကောင်းနေတာအလွန်ကောင်းပါတယ်။..... ..ကချင်ပြည်နယ်သား

သစ္စာမရှိစကားမတည်တဲ့ကလိန်ကကျစ်ကေအိုင် အေခွေးဝဲစားတွေမြန်မြန်မျိုးကန်းပါစေ။ အာမင်

အမေရိကန်နဲ့ဆက်ဆံရေးကောင်းအောင်ဆက် ထိန်းထားပါ။ တရုတ်နဲ့အမေရိကန်ကိုလိမ်မာပါးနပ်စွာ ပညာသားပါပါ ကောင်းမွန်စွာဆက်ဆံတဲ့မြန်မာတပ်မတော်ကိုချီးကျူးတယ်။ ဒီကေအိုင်အေနဲ့မျက်ကန်းအစွန်းရောက်တွေအ ကြောက်ဆုံးကတပ်မတော်နဲ့အမေရိကန်ဆက်ဆံရေးကောင်းနေမှာကိုပဲ။ သူတို့လိမ်ချင်တိုင်းညာချင်တိုင်းညာလို့မရတော့မှာစိုးလို့လေ။ သူတို့လိမ်သမျှကိုအမေရိကန်ကတပ်မတော်ကို ဖောက်သည်ချမှာသိပ်ကြောက်ဆိုပဲ။ ဟဲဟဲ

This is Chinese made cn m99 50cal rifle. Different from American made M82(M107) Barrett.

ထမင်းဝအောင်သာစားထားကေအိုင်အေရေ။ ငါတို့ တွေကိုရက်ရက်စက်စက်ခေါင်းဖြတ် ဘိုက်ခွဲပြီး ဘိုက်ထဲထဲ့ခဲ့တာတွေ။ခြုံခိုပြီးသတ်ဖြတ်ခဲ့တာတွေ။လူမဆန်စွာဓားနဲ့မသေမချင်းခုတ်သတ်ခဲ့တာတွေ။အပြစ်မဲ့ပြည်သူတွေကိုညှင်းဆဲသတ်ဖြတ်ခဲ့တာ တွေအတွကသွေးကြွေးဆပ်ဖို့ ပြင်ထားကြ။ မင်းတို့သတ်ခဲ့လို့သေခဲ့တဲငါတို့ပြည်သူနဲ့တပ်မ တော်သားတွေအတွက်မင်းတို့ သွေးနဲ့ခြေဆေးရမှငါတို့ကျေနပ်မယ်။...ကချင်နယ်သား

အ မေ ရိ ကန် ဘဲ ဖြစ် ဖြစ် တ ရုတ် ဘဲ ဖြစ် ဖြစ် အ ကိုး အ မြတ် ကို ဘဲ အ ဓိ က ထား ကြ သူ ချည်း ဘဲ ရေ မူတ် တ ဘက် မီး စ တ ဘက် ကိုင် ထား ကြ တာ ပါ

ဒါ တွေ ကို ခ ဏ ဘေး ဖယ် ထား
ဒီKIA သူ ပုန် တွေ ဟာ မြန် မာ နိုင် ငံ အ တွက် ပြည် သူ တွေ အ တွက် ဘာ မှ ကောင်း ကိုး မ ပေး ဘူး အ ဖျက် သ မာ တွေ ထား နေ ရင် တိုင်း ပြည် မွဲ မယ် ပြည် သူ တွေ ဆင်း ရဲ မယ်
KIA ခွေး တွေ က နိုင် မယ် ထင် ရင် အင် အား လေး ရှိ လာ ရင်လ စိန် ခေါ် ပြိ အ ဖျက် လုပ် ငန်း တွေ လုပ် လာ ပြိ တိုက် ပွဲ စ ပြိ ရူးံ တော့ မယ် ဆို ရင် ငြိမ်း ချမ်း ရေး စ ကား အြော ပြိ ဆွေး နွေ ပွဲ တွေ လုပ် ပြိ
သိန်း စိန် မင်း အောင် လိုင် တို့ က မ ပြတ် သား တော့ ငါ တို့ တပ် မ တော် သား တွေ စ တေး ခံ ရ တယ် သိး ခံ ခြင်း ဆို တာ အ တိုင်း အ တာ တ ခု အ ထိ ဘဲ ရှိ တယ် အ မြဲ တမ်း သိး မ ခံ နိုင် ဘူး KIA လိမ် နေ သ မျ အ လိမ် မ ခံ နိုင် ဘူး
ကဲ တပ် မ တော် ကြိး ရေ တိုက် လေ ယဉ် သဂျပ် ကာ ကား တွေ လက် နက် ကြိး တွေ ဒုးံ ကျည် တွေ နဲ့ ဝိုင်း ထု ပစ် ပြိး KIA ခွေး တွေ ကို အ မူန့် ချေ ပစ် ကြ

ရှာ အ ရီုး မ ရှိ တိုင်း လျောက် ပြော နေ ကြ တယ်
သစ် ခိုး တယ် ကျောက် ခိုး တယ် ရွှေ တူး ခိုး တယ် ဘိန်း လုပ် တယ်
အ ခု င အို့ နော ပင် ကြိး စု စည်း မိုးလုးံ ရန်း ဘို ရွာ လမ်း မှ အင်း ကြိး လေ ယဉ် ကွင်း တ ရုတ် ပြည် အ ထိ သစ် မ လန်း တွေ ခိုး ထုတ် နေ တယ် KIA ခွေး တွေ လုပ် တာ သူ တို့ လမ်း က ထွက် တာ မ ကြာ ခင် သစ် မ လန်း မိုး တုးံ တော့ မည် က ရင် သူ ပုန် လို ပါ ဘဲ ကဟချင် ပြည် နယ် သ ယံ ဇာ တ ကုန် ပြိ ဆို မှ ငြမ်း ချမ်း ထ အော် တော့ မယ် လေ ခိုး ရောင်း စာ စ ရာ မ ရှိ တော့ ဘူး လေ
ပြညသူ တွေ နစ် နာ တယ် အပြုတ် တိုက် ပစ် ပါ တော့
ပခက တာ တိး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်