Subscribe to our RSS Feed

ခေါ်ယူမေးမြန်းသူ ၁၄ ဦး စစ်တပ်မှပြန်လွှတ်ခဲ့သော်လည်း အပစ်မဲ့ ဝန်ထမ်း ၂ ဦး KIA ဖမ်းဆီးထားဆဲ



မေ(၃)ရက် နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဒွန်ဂမ်ကျေးရွာနှင့် လုံဂါဇွပ်ကျေးရွာအကြားရှိ ဧရာဝတီမြစ်ကမ်းသို့ အပန်းဖြေလာရောက်သည့် ကချင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတစ်ဦးတို့အား ကေအိုင်အေတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၄) ဦးနှင့် ၎င်းတို့၏သူငယ်ချင်း (၆)ဦးတို့သည် လုံဂါဇွပ်ကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်း(ဒေသအခေါ် ကချင်ချောင်းသာ)သို့ သွားရောက် လည်ပတ်ရန် မြစ်ကြီးနားမြို့မှ ဆိုင်ကယ်များဖြင့်ထွက်ခွာလာစဉ် အာလမ်ကျေးရွာအုပ်စု ဒွမ်ဂမ်ကျေးရွာနှင့် လုံဂါဇွပ်ကျေးရွာကြား နယူးရတနာဦး ရာဘာခြံအနီးအရောက်တွင် ရှေ့ဆုံးမှသွားနေသော အငယ်တန်းစာရေး ဦးဖြိုးဖြိုးနှင့် ယာဉ်မောင်း(၅) ဦးမုန်ခမ်းနော်တို့စီးလာသောဆိုင်ကယ်အား အရပ်ဝတ် ဝတ်ထားသော ကေအိုင်အေ တပ်ဖွဲ့ဝင်(၆)ဦးက လမ်းပေါ်တွင် ဝါးလုံးဖြင့်တား၍ ရပ်တန့်စေခဲ့ပြီး လမ်း၏ဘယ်ဘက်ရှိ ရော်ဘာခြံအတွင်းသို့ မောင်းဝင်စေခဲ့ကြောင်း၊ အလားတူ အခြားသောအရပ်သားတစ်ဦး၏ ဆိုင်ကယ်အားလည်း မောင်းဝင်စေသည်ကို တွေ့ရှိရသဖြင့် နောက်မှလိုက်ပါလာသူတို့က ရော်ဘာခြံအတွင်းလိုက်လံကြည့်ရှုပြီး မေးမြန်းစုံစမ်းရာ မိမိတို့အဖွဲ့မှ ဝန်ထမ်း(၂)ဦးနှင့် အခြားအရပ်သားတစ်ဦးတို့အား ကြိုးတုပ်၍ အနောက်ဘက်ရှိ အင်ခိုင်ဘွမ် တောင်ခြေဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခေါ်ဆောင်သွားသူများအား ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်နယ်အစိုးရက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 .. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်