Subscribe to our RSS Feed

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်လမြိုင်ကျွန်းနှင့် ဖျာပုံမြို့နယ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများတက်ရောက်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှသည် ဇွန် ၂ဝ ရက် နံနက်ပိုင်းက မော်လမြိုင် ကျွန်းမြို့နယ်လမ်းဆုံတွင် တပ်နယ် မိသားစုဝင်များနှင့် မြို့နယ်အဖွဲ့များ ပူးပေါင်း၍ပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ၍ အထိမ်းအမှတ် သစ်ပင်အား စိုက်ပျိုးပေးသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးမှ ဗိုလ်ချုပ်ကြီးလှဌေးဝင်းနှင့်ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ ) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းနှင့် ဇနီး ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နယ်မြေခံတပ်ရင်းမှ တပ်မတော် သားများနှင့် မိသားစုဝင်များ၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ဌာန ဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်း များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် သစ်ပင်စိုက် ပျိုးပွဲကျင်းပမည့်နေရာသို့ရောက် ရှိပြီး သစ်ပင်စိုက်ပျိုးပွဲတက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီးတို့က မော်လ မြိုင်ကျွန်းမြို့နယ်၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ကျွန်းပင်အား ဦးဆောင်စိုက်ပျိုးပေး သည်။ ဆက်လက်၍ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး၊ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာ ကြသူများက သတ်မှတ်နေရာအသီး သီးတွင် စိုက်ပျိုးပင်များအား စိုက်ပျိုး ပေးကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် သစ်ပင်စိုက်ပျိုးပွဲတက်ရောက် လာကြသူများ စုပေါင်းသစ်ပင်စိုက်ပျိုး နေမှုများအား လှည့်လည်ကြည့်ရှု နှုတ်ဆက်အားပေးကြသည်။ ဇွန် ၂ဝ ရက်က ကျင်းပပြုလုပ်သော မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးရာသီသစ် ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ယူကလစ်ပင် အပါအဝင် စုစုပေါင်း ၃၈ဝဝ ပင် စုပေါင်း စိုက်ပျိုးခဲ့ကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မော်လမြိုင်ကျွန်းမြို့နယ် ၏ ဖွံ့ဖြိုးတိုးတက်မှုများအား မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် မော်လမြိုင်ကျွန်းမြို့ နယ် နယ်မြေခံတပ်ရင်းခန်းမတွင် တပ်ရင်းမှအရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအားတွေ့ဆုံ၍ သြဝါဒစကား မြွက်ကြားသည်။ သြဝါဒစကာြးွမက်ကြားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်းမိသားစုများအတွက် စာရေး ကိရိယာများနှင့် သုတရသစာစောင် များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီးလှဌေးဝင်းက တပ်ရင်းမိသားစုများအတွက် အားကစား ပစ္စည်းများကိုလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ရုပ်မြင် သံကြားဖမ်းစက်များကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်ရင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရန်ပုံ ငွေအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အခမ်းအနားတက်ရောက်ကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် သာပေါင်းမြို့ နယ်မြေခံ တပ်ရင်းသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြပြီး တပ်ရင်းခန်းမတွင် တပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များနှင့် တွေ့ဆုံ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သြဝါဒစကား မြွက်ကြားသည်။ သြဝါဒစကားမြွက်ကြားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်းမိသားစုများအတွက် စာရေး ကိရိယာနှင့် သုတရသစာစောင်များ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီးလှဌေးဝင်းက တပ်ရင်းမိသားစုများအတွက် အားက စားပစ္စည်းများကိုလည်းကောင်း၊ စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ရုပ်မြင်သံကြားဖမ်းစက်များကိုလည်း ကောင်းပေးအပ်ရာ တာဝန်ရှိသူအသီး သီးက လက်ခံရယူကြသည်။ ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးက တပ်ရင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ရန်ပုံ ငွေအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အခမ်းအနားတက်ရောက်ကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် တပ်ရင်းအတွင်း လှည့်လည်ကြည့်ရှုသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ သည် ဇွန် ၂၁ ရက် နံနက်ပိုင်းတွင် ပုသိမ် တပ်နယ် နယ်မြေခံတပ်မတော်ဆေးရုံ တွင် ဆေးရုံတက်လူနာများအား လှည့် လည်ကြည့်ရှု၍ အားပေးစကားများ ပြောကြားသည်။ ရှေးဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေ ခံ တပ်မတော်ဆေးရုံ အမျိုးသားကုသ ဆောင်တွင် ဆေးကုသမှုခံယူနေကြ သော လူနာများအား လှည့်လည်ကြည့် ရှုအားပေးစကားပြောကြားကာ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က စား သောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များပေးအပ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် တပ်မတော်အရာရှိကြီး များက ဆေးရုံတက်လူနာများအား အားပေးစကားများပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များပေးအပ်ကြသည်။ အလားတူ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံ အမျိုးသမီး ကုသဆောင်တွင် ဆေးကုသမှုခံယူနေ ကြသော လူနာများအားလှည့်လည် ကြည့်ရှုအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေ များပေးအပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးကုသခန်းများအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူတို့က ရှင်းလင်းပြသကြသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ဆေးရုံတပ်မှူးက ဆေးရုံ ရှိ အဆောက်အအုံအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်ခင်မောင်ထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးစိုးနိုင်နှင့်အတူ ဖျာပုံမြို့နယ် တွင် တပ်နယ်မိသားစုဝင်များနှင့် မြို့နယ် အဖွဲ့များ ပူးပေါင်းပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက် ရောက်ချီးမြှင့်သည်။

ပထမဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည့်နေရာသို့ ရောက်ရှိလာပြီး သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ဖျာပုံမြို့နယ်၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ကျွန်းပင်အား ဦးဆောင်စိုက်ပျိုးပေးကြ သည်။ ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ အဖွဲ့ဝင်များနှင့် သစ်ပင် စိုက်ပျိုးပွဲတက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုး ပင်များအား စိုက်ပျိုးပေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာကြသူ များ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုနှုတ်ဆက်အားပေး ကြသည်။


ဇွန် ၂၁ ရက်တွင် ကျင်းပပြုလုပ် သော ဖျာပုံမြို့နယ်၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း၊ ယူကလစ်၊ အော် ရေးရှား၊ မဟော်ဂနီအပါအဝင် စိုက်ပျိုး ပင်စုစုပေါင်း ၂၁၅၇ ပင် စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မော်လမြိုင်ကျွန်းမြို့နယ်နှင့်ဖျာပုံ မြို့နယ်တို့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တွင် အမှာစကားပြောကြားရာ၌

"ဧရာ ဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သကဲ့သို့ စိုက်ပျိုးရေးနှင့်ပတ် သက်၍ အဓိကထားလုပ်ဆောင်နေရ သောဒေသဖြစ်ကြောင်း၊ စိုက်ပျိုးရေး အောင်မြင်ရန်အတွက် ရာသီဥတုမှန်ဖို့ လိုအပ်သလို သစ်ပင်၊ သစ်တောများ၊ ချောင်း၊ မြောင်းစသည့် သဘာဝတရား များ မှန်ကန်ဖို့လိုကြောင်း၊ ယခင်က လမုပင်များ အပါအဝင် ဒီရေတောများ ပေါများခဲ့သည့် ဒေသဖြစ်သော်လည်း ယခုအခါတွင် ရာသီဥတုကို အထောက် အကူဖြစ်စေသော သစ်ပင်များနည်းပါး ၍ ၂ဝဝ၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း ဒဏ်ကိုခံခဲ့ရကြောင်း၊ နာဂစ်မုန်တိုင်း သည် ဧရာဝတီတိုင်းဒေသကြီးကို တွန်း အားဖြစ်စေခဲ့ကြောင်း၊ သို့ဖြစ်၍ သဘာဝဘေးအန္တရာယ်လျော့ပါးစေရန် နှင့် စိုက်ပျိုးရေးလုပ်ငန်း အထောက် အကူပြုစေရန်အတွက် တပ်မတော်သား များ၊ မိသားစုဝင်များပါ ပါဝင်၍ ယခု ကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်အား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သစ်ပင် သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်မှ သာ သဘာဝဘေးအနရ္တာယကိုအထကို အလျောက်ထိန်းသိမ်းကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး သည် စိုက်ပျိုးရေးဒေသဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းအား အဓိကအောင် မြင်အောင် လုပ်ဆောင်ရန်လိုကြောင်း၊ ထို့အပြင် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်လိုကြောင်း၊ ဒေသကို မူလအခြေအနေရောက်ရှိ အောင် အားလုံးက ညီညွတ်စွာဖြင့် ကြိုး စားလုပ်ဆောင်ရန် လိုကြောင်းဖြင့် " ပြော ကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ဖျာပုံမြို့၏ ဖွံ့ဖြိုး တိုးတက်မှုများအား မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံမြို့ နယ်မြေခံတပ်ရင်းခန်းမတွင် တပ်ရင်းမှ အရာရှိ/ စစ်သည်များနှင့် တွေ့ဆုံ၍ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သြဝါဒစကာြးွမက်ကြားသည်။ သြဝါဒစကာြးွမက်ကြားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်းမိသားစုများအတွက် စာရေး ကိရိယာများနှင့် သုတ၊ ရသ စာစောင် များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီးလှဌေးဝင်း က တပ်ရင်းမိသားစုများအတွက် အား ကစားပစ္စည်းများကိုလည်းကောင်း၊ စစ် ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ရုပ်မြင်သံကြားဖမ်းစက်များကိုလည်း ကောင်း ပေးအပ်ကြရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူကြသည်။ ဆက်လက်၍ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်ရင်းမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရန် ပုံငွေအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူသည်။


တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တွေ့ဆုံပွဲတက်ရောက်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည်အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း တပ်နယ်မိသားစုများ နှင့် တွေ့ဆုံ၍ သြဝါဒြွမက်ကြားရာ၌

"တပ်မတော်သည် အမိန့်နာခံမှုနှင့် စည်း ကမ်းကောင်းမွန်မှုကို အခြေခံထား ကြောင်း၊ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲ သူများအနေဖြင့် မှန်ကန်သောဦးဆောင် မှု ပေးနိုင်ရန်လိုအပ်ကြောင်း၊ အဖွဲ့ ခေါင်းဆောင်မှ အစပြု၍ တပ်မှူးအဆုံး ခေါင်းဆောင်ကောင်းဖြစ်ရန်လိုသလို နောက်လိုက်ကောင်းဖြစ်ရန်လိုအပ် ကြောင်း၊ အဆင့်လိုက်မိမိတာဝန်ကို သိရှိနားလည်ပြီး မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင်ရန်လို ကြောင်း၊ မိမိကိုယ်ကို တိုးတက်ကောင်း မွန်အောင်ကြိုးစားရန်လိုအပ်သလို မိမိ တပ်ကိုလည်း စေတနာထားပြီးကောင်း အောင်လုပ်ရန် လိုအပ်ကြောင်း၊ မြစ်ဝ ကျွန်းပေါ်ဒေသသည် အရိပ်ရလေကာ ပင်များ နည်းပါးသည့်အတွက် သဘာဝဘေးဒဏ်ခံခဲ့ရကြောင်း၊ သို့ဖြစ်၍ တပ် မိသားစုဝင်များအနေဖြင့် အရိပ်ရလေ ကာပင်ကို ထုနှင့်ရအောင် စိုက်ရန်လို အပ်ကြောင်း၊ ရာသီဥတုဒဏ်ကို ထိန်း သိမ်းနိုင်ရန်အတွက် သစ်ပင်များများ စိုက်ရန်လိုအပ်ကြောင်း၊ သဘာဝကို လူတို့၏ ကြိုးစားအားထုတ်မှုဖြင့် ဖန်တီး ပြီးသဘာဝဘေးအန္တရာယ်မဖြစ်အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ အလုပ် လုပ်ခြင်းဖြင့် တိုးတက်မှုရှိမှသာ မိမိ၏ လက်အောက်မှ ယုံကြည်မှုရရှိလာမည် ဖြစ်ပြီး အားကိုးခံရသလို အထက်က အားထားရသည့် တပ်ဖြစ်လာမည်ဖြစ် ကြောင်း၊

မည်သည့်နေရာဒေသတွင် တာဝန်ထမ်းဆောင်ရသည်ဖြစ်စေ ကြိုး ကြိုးစားစား တာဝန်ထမ်းဆောင်ရန်လို ကြောင်း၊ အမျိုးမျိုးသော ပြောဆိုလှုံ့ ဆော်နေကြသည်များကို ဆင်ခြင်တုံ တရားရှိစွာဖြင့် မှန်မှန်ကန်ကန်စဉ်းစား ဆုံးဖြတ်ရန်လိုကြောင်း၊ နိုင်ငံရေးအခြေ အနေကို မှန်မှန်ကန်ကန်သိရှိအောင် ပြုလုပ်ပြီး လက်အောက်အထိ အခြေ အနေမှန်များ သိရှိရန်အတွက် ရှင်းလင်း ပြရန်လိုအပ်ကြောင်း၊ အရည်အချင်းရှိ သောတပ်မတော်ဖြစ်ရန်အတွက်အချင်း ချင်းလေ့ကျင့်သင်ကြားပေးပြီး လက်တွဲ ခေါ်ယူရန်လိုအပ်ကြောင်း၊ အဆင့်နှင့် လျော်ညီသော သင်တန်းများအား တက်ရောက်ပြီးဖြစ်၍ ဆင့်ကဲဆင့်ကဲ ပြန်လည် သင်ကြားလေ့ကျင့်ပေးမှသာ အချင်းချင်းပြည့်ဝလာမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် မိသားစုဝင်များအား မူလတန်းမှစ၍ တက္ကသိုလ်အဆင့်ထိ ပညာသင်ကြားပေးနေသကဲ့သို့ စစ် သည်များအားလည်း ပညာရေးကျောင်း များဖွင့်၍ သင်ကြားပေးလျက်ရှိကြောင်း၊ အတန်းပညာတတ်မြောက်ရန်လိုအပ် သလို နည်းပညာပိုင်းဆိုင်ရာများကို လည်း လေ့လာရန်လိုကြောင်း၊ သို့မှ သာ လူသားအရင်းအမြစ်ဖွံ့ဖြိုးလာပြီး စွမ်းရည်ရှိလာမည်ဖြစ်ကြောင်း၊ ယနေ့ အချိန်အခါတွင် မှီခိုသူ သား၊ သမီးများ အပါအဝင် စစ်သည်အဆင့်အတန်း အားလုံးကို တာဝန်ရှိသူအဆင့်ဆင့်က အတန်းပညာကအစ အတတ်ပညာမြင့် မားအောင် သင်ကြားပေးနေမှုများကို တွန်းအားပေးကြရန်လိုကြောင်းဖြင့်"

အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်