Subscribe to our RSS Feed

နေပြည်တော်တွင် နိုင်ငံတကာလုပ်ငန်းရှင်အင်အား ၅၀၀ ကျော်တက်ရောက်မည့်ညီလာခံကျင်းပမည်


From : .ယဉ်ယဉ်လှ

နေပြည်တော်တွင် နိုင်ငံတကာ လုပ်ငန်းရှင်အင်အား ၅၀၀ ကျော် တက်ရောက်မည့် ညီလာခံအားစက် တင်ဘာတွင်ကျင်းပရန် စီစဉ်နေ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာနမှ သိရှိရ သည်။

အဆိုပါညီလာခံအတွက် နေ ပြည်တော်ရှိဟိုတယ်များအား အ ဆင့်မြှင့်တင်မှုများကြိုတင်ပြုလပ် ထားရန် ၀န်ကြီးဌာနမှ ဒုတိယ၀န် ကြီး ဦးဌေးအောင်နှင့်နေပြည်တော် ရှိ ဟိုတယ်လုပ်ငန်းရှင် ၃ ဦးတို့တွေ့ ဆုံမှုများပြုလုပ်ခဲ့ကြောင်းသိရှိရ သည်။

ယခုလက်ရှိတွင် နေပြည်တော် သို့လာရောက်မှုတွင် Business Visa ဖြင့်သာ ၀င်ရောက်သူများပြား နေပြီး ဟိုတယ်များမှလည်း Business ခရီးသွားဧည့်သည်များအ တွက်လိုအပ်သည့် ၀န်ဆောင်မှုအ ခြေအနေများအားအကောင်အထည် ဖော်ဆောင်ပြီး ၀န်ကြီးဌာနနှင့်ပူး ပေါင်းလုပ်ကိုင်ရန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဧည့်သည်ဝင်ရောက် မှုများပြားလာသဖြင့် ဟိုတယ်များ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ဆောင် ရွက်ထားသင့်ကြောင်း၊ CCTV ကင် မရာများလည်းတပ်ဆင်ထားသင့် ကြောင်း ဒုဝန်ကြီးကပြောကြားခဲ့ သည်။

“အခုကျွန်တော်တို့ဟိုတယ်မှာ ကိုကြိုးမဲ့စနစ်နဲ့တပ်ဆင်ဖို့ စီစဉ်နေပါတယ်”” ဟု skypalace မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ယင်းကဆက်လက်၍ပြောကြားရာ တွင် “အခုတည်ဆောက်ဆဲဟို တယ်တွေပြီးစီးဖို့ ကိုယ့်ဟိုတယ်ရဲ့ တည်းခိုနိုင်မယ့်ပမာဏရှိမှုဒါတွေ
ကိုဆွေးနွေးခဲ့ကြတယ်”” ဟု ပြော သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်