Subscribe to our RSS Feed

မီဒီယာ ဖိနိုပ်မှု ရပ်တန့်ရေး ဘယ်သတင်းထောက်မှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲ ဟုဆို


မီဒီယာ ဖိနိုပ်မှု ရပ်တန့်ရေး ဆိုပြီး အကျီအနက်လေးဝတ်ကာ လမ်းလျှောက် ဓာတ်ပုံရိုက်နေသူ သတင်းသမားတွေထဲက တစ်ယောက်မှ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲ ပါဘူး... သတင်းလွှတ်လပ်ခွင့် အတွက် ဆိုတာထက်... သူတို့စီးပွားရေး အတွက်သာ အညောင်းပြေ လမ်းလျှောက် နေကြတာပါ" လို့ ရန်ကုန်မြို့မှ မျက်မြင်တစ်ဦးက ဆိုပါတယ်။

မီဒီယာ သမားဆိုတဲ့ အတိုင်း မီဒီယာ စွမ်းအားဖြစ်တဲ့ ဓာတ်ပုံတွေ အမျိုးမျိုးရိုက်၊ အချင်းချင်း အင်တာဗျူးတွေ အမျိုးမျိုးလုပ်ပြီး ၎င်း တို့ စားဝတ်နေရေး ထိခိုက်မှု ပြန်လည် အစဉ်ပြေရေးအတွက် သက်တောင့်သက်သာ ကြိုးစားလျှက် ရှိပေမယ့် လူထု့အတွက်၊ မီဒီယာ လောက အတွက် ဆိုပြီး မီးရှို့ဆန္ဒပြဖို့ထက် ကိုယ့်အသားကို နာအောင် အပ်နဲ့ စိုက်ပြီး တောင် ဆန္ဒပြဖို့ သတ္တိ မရှိကြဘူးလို့ သိရပါတယ်။

လက်တလော ဖြစ်နေတဲ့ မီဒီယာ အရေးနဲ့ ပတ်သက်ပြီး မဲဆောက်မှ MEG သတင်းထောက်မှ မီဒီယာရေးရာ ဝေဖန်သူ ကိုသန့်ဇင် နဲ့ အခုလို မေးမြန်းထားပါတယ်

MEG - လက်တလော မီဒီယာ သမားတွေ အကျီအနက်တွေမှာ စာရေး ဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - ရှင်းရှင်းလေးပါ.... ထမင်း နှပ်မှန်အောင် စားဖို့ လုပ်နေကြတယ်လို့ ပဲ မြင်ပါတယ်

MEG - မီဒီယာ ဆိုတာ
စတုတ္ထမဏ္ဍိုင် ဆိုတော့ မီဒီယာ ဖိနိပ်ရင် ပြည်သူကို ဖိနိပ်တယ်လို့ ပြောနေကြတာကိုရော ဘယ်လို မြင်ပါလဲ

သန့်ဇင် - အဲလို ပြောတဲ့လူတွေက ဘယ်သူတွေလဲ လို့ ကြည့်လိုက်ပါဗျာ...
အဲလို ပြောသူတွေက မီဒီယာ သမားတွေပဲ ပြောနေကြတာပါ... စတုတ္ထမဏ္ဍိုင် ဆိုတာကလည်း သူတို့ဘာသူ နာမည်ပေးထားတာပါ... ဘယ် ဥပဒေ မှာမှ မပါပါဘူး။ မီဒီယာကို ဖိနိပ်တယ်လို့ အော်တဲ့အချိန် တွေကိုလည်း သတိထားကြည့်ပါ... သူတို့ စားဝတ်နေရေးကို ထိခိုက်တဲ့ အချိန် တွေမှာမှ ဒီအသံမျိုး ထွက်လာတာပါ

MEG - ဒါဆို မီဒီယာဆိုတာ သူ့ကိုယ်သူ ဂုဏ်မြှင့်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ ဘယ်လိုပဲပြောပြော စီးပွါးရေး လုပ်ငန်းတစ်ခု သက်သက်သာဖြစ် တယ်လို့ ပြောလို့ ရနိုင်လား

သန့်စင် - သိပ်ရတာပေါ့ဗျာ... အမှန်ပဲလေ

MEG - အခု သတ္တိရှိရှိ စည်းစည်းလုံးလုံးနဲ့ မီဒီယာ သမားတွေ လမ်းပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေ အများကြီး ထွက်လာတာကိုရော ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - သတ္တိမရှိလို့ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေပဲ ထွက်လာတာပါ။ နားထဲ စက္ကူထည့်တာ၊ ပါးစပ်ကို စက္ကူနဲ့ ကာတာ လောက်တော့ အိမ်က ကလေးတွေတောင် နေ့တိုင်း ကစားနေတာပဲ... ကလေး ကလား အလုပ်တွေ လုပ်နေတာ စိတ်ပျက်ဖို့ကောင်းတယ်လို့ ထင်ပါတယ်... တကယ်တမ်း သတ္တိရှိရင် ကိုယ့်ကိုယ်ကို မီးရှို့ပြသင့်တာပေါ့.. ဒါပေမယ့် မြန်မာ သတင်းသမား လောက မှာ အဲ့လောက် သတ္တိကောင်းတဲ့ လူ တစ်ယောက်မှမရှိဘူးဗျ

MEG - The Voice နဲ့ Envoy ကို ထုတ်ဝေခွင့် ရပ်တန့်တာနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - ဒါက တရားသဘောနဲ့ ကြည့်ရင် အကြောင်းရှိလို့ အကျိုးဖြစ်တာပါပဲ... မြန်မာနိုင်ငံမှာ ဂျာနယ်ပေါင်း များစွာ ရှိတဲ့အထဲက နှစ်ခု ပဲ ခံရတာဆိုတော့... သူတို့ တွေ အမှားလုပ်ထားလို့ပေါ့... ဒါ ရှင်းရှင်းလေးပါ... အားလုံးကို ပိတ်တယ်ဆိုရင်တော့ ပိတ်တဲ့လူ အမှား ဖြစ်မှာပေါ့....

MEG - The Voice က ပြောထားတာတစ်ခုရှိပါတယ်.. သူတို့ ဂျာနယ်ကို ၆ ကြိမ် ၇ ကြိမ် ပိတ်ခံရတဲ့အကြောင်း၊ ဘယ်ချိန်တုန်းက ဘယ်နှပတ် ပိတ်တဲ့အကြောင်း... ဆိုတော့.. ပိတ်တဲ့သူ အမှားလို့ ပြောလို့မရဘူးလား

သန့်ဇင် - ဒါကတော့ "ငါ ဘယ်နှခါ ထောင်ကျဖူးတယ်ကွ" လို့ ဂုဏ်ယူဝင့်ကြွားစွာ အော်နေတဲ့ ထောင်ထွက်လူမိုက်တစ်ယောက်လို့ပဲ ကျွန်တော် မြင်ပါတယ်။ အသုံးမကျလို့ အပစ်ပေးခံရတာကို ဂုဏ်ယူနေတာ မကောင်းပါဘူး။ အခုချိန်ထိ အပိတ်မခံရတဲ့ မြန်မာ စာစောင်ပေါင်း ရာဂဏာန်း ရှိပါတယ်။

MEG - ပြီးခဲ့တဲ့ အပတ်ကပဲ
The Voice က ဘန်ကောက်ပိုစ့် ရဲ့ နိုင်ငံတော် သမ္မတကြီး အပေါ် ဝေဖန်မှုကို ကန့်ကွက်ထားတယ်လေ.. ဒီတပတ် အပိတ်ခံရတယ်ဆိုတော့ ပိတ်တဲ့လူ အပြစ် လို့ ပြောလို့ မရဘူးလား

သန့်ဇင် -
The Voice က ဘန်ကောက်ပိုစ့် ကို ကန့်ကွက်တယ်ဆိုတာ ဟန်ပြပါ။ သူ သာ တကယ်တမ်း ပြည်သူ့အတွက်၊ ရခိုင်တိုင်းရင်းသားတို့ အတွက် သတင်းမှားတွေကို ကန့်ကွက်ချင်ရင် နိုင်ငံခြား ဘာသာ သတင်းဌာနတွေကို နောက်မှ ကန့်ကွက်ပါအုံး... မြန်မာဘာသာနဲ့ သတင်းမှားတွေကို လွှင့်နေတဲ့ ဘီဘီစီ၊ VOA, DVB, RGA , ဧရာဝတီ တို့ကို အရင် ကန့်ကွက်ရမယ်လေ... ရိုဟင်ဂျာကို ရခိုင်ပြည်နယ် မြေပုံထဲ မှ ဘီဘီစီ စ ထည့်ပြီး နောက်ပိုင်း ဒါတွေ ဖြစ်လာတာ မဟုတ်လား... တလျှောက်လုံးမှာ The Voice ဘာမှ မကန့်ကွက်ခဲ့ဘူးလေ... အခုမှ ဟန်ပြ ကန့်ကွက်ပြတာပါ...

MEG - "အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊ တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ် ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ်" လို့ ဝေဖန် သံတွေ ကြားရပါတယ်... အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - အားလုံးက အမှန်တရားတွေပါပဲ။ အကောင်းဆုံး သာဓက တွေကတော့ အဲဒီ ပါးစပ်ပိတ်ပြ၊ မျက်လုံးပိတ်ပြ၊ နားပိတ်ပြနေတဲ့ မီဒီယာ သမားတွေရဲ့ အင်တာနက် စာမျက်နှာတွေမှာ ၎င်း တို့ အကြောင်း အမှန်တရားတွေကို ဖြစ်စေ၊ ၎င်း တို့ တဖက်သက် အကောင်းရေးနေတဲ့ လူတွေ အကြောင်း ကိုဖြစ်စေ ဝေဖန် ထောက်ပြ သွားရေးကြည့်ပါ... သွားရေးတဲ့ လူတွေကတောင် သူတို့ကို ပြန်ပြီး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ် ဆန္ဒပြချင်စိတ် ပေါက်သွားပါလိမ့်မယ်...

MEG - The Voice အယ်ချုပ် က "
ထောင်ကျခံပြီး နိုင်ငံရေးလုပ်တာမျိုး မဟုတ်ပါ" လို့ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီ စကားလုံးကို တချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်တစ်ယောက်က မီဒီယာ သမားတစ်ယောက်ကို ထိုးကျိတ်တုန်းက ပြောခဲ့တဲ့ စကားနဲ့ ခပ်ဆင်ဆင် ဖြစ်နေတယ်လို့ မမြင်ဘူးလား...

သန့်ဇင် - ဟုတ်လား.. အဲဒါ ကျွန်တော် သတိမထားမိဘူး.. ဘယ်လိုပြောခဲ့တာလဲဗျ

MEG - "မင်းတို့ မီဒီယာ သမားတွေက ထမင်းစားဖို့ မီဒီယာ အလုပ်လုပ်တာ... ငါတို့က ထောင်ကျခံပြီး နိုင်ငံရေးလုပ်နေတာ ကွ" လို့ ပြောခဲ့ကြောင်း Express Time က ကြေညာချက် ထုတ်ခဲ့တာကို ပြောတာပါ..

သန့်ဇင် - အော်.. ဟုတ်ပါတယ်.. ကျွန်တော်တောင် ခုမှ သတိထားမိတယ်... The Voice က NLD ကိုလည်း တွယ်ချင်လို့ ဖြစ်ပါလိမ့်မယ်

MEG - ဒါ့အပြင် The Voice အယ်ချုပ်က ပဲ ထပ်ပြောထားတာ ရှိပါသေးတယ် "
ဒီစာစောင်ကို မှီခိုနေရတဲ့ မိသားစုတွေ၊ ဝန်ထမ်းတွေ၊ ဒီစာစောင်ထုတ်လုပ်ရေးမှာ ဆက်စပ်နေတဲ့ လုပ်ငန်းတွေ၊ ဖြန့်ချိရောင်းဝယ်နေကြတဲ့ လက်ပွေ့သမားအဆုံး အားလုံးရဲ့ စားဝတ်နေရေးနဲ့ ဝင်ငွေကို ပိတ်ပင်လိုက်သလိုပဲတဲ့" လို့ ပြောပါတယ်... အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ

သန့်ဇင် - ဂျာနယ် လက်ပွေ့သမားတွေ က ဘာမှ မထိခိုက်ပါဘူး..တခြားဂျာနယ်တွေ အများကြီး ရှိနေတာပဲလေ... ရှိသမျှ ဂျာနယ် အကုန်ပိတ်ထားတာမှ မဟုတ်တာ.. ဒါက ကြောက်ကန် ကန်ပြီး ပြောတာပါ။ ပိတ်တဲ့လူကပဲ ကမ္ဘာ့ အဆိုးဆုံး လူသား တစ်ဦး ပုံစံပေါ့... အယ်ချုပ် ဆိုတော့ အဲ့လောက်တော့ ရေးတတ်တာပေါ့... မီခိုနေတဲ့ ဝန်ထမ်းတွေ ထိခိုက်တာကတော့ ဟုတ်ပါတယ်။ အဲဒီ မှီခိုနေတဲ့ ဝန်ထမ်းတွေ ကို အစကတည်းကသာ အယ်ချုပ် တွေ ညှာတာ ထောက်ထားခဲ့ရင် ခွင့်မပြုတာကို မထုတ်နဲ့ပေါ့ဗျာ... ကိုယ်တိုင်အမှားလုပ်ပြီး တဖက်လူကို လူဆိုးကြီး တစ်ယောက်လို ရေးနေတာတွေက သူတို့တွေရဲ့ အဆင့်အတန်း ကို ပိုပြီး သိသာအောင် လုပ်သလို ဖြစ်နေပါတယ်။

MEG - ဟုတ်ကဲ့ နိဂုံးချုပ်အနေနဲ့ ဘာပြောချင်ပါသေးသလဲ

သန့်ဇင် - ပြောရရင်တော့ လူတိုင်းက စားဝတ်နေရေးအတွက် စီးပွားလုပ်နေကြတာပဲ.. ကိုယ့်စီးပွားကိုယ်လုပ်၊ ဘယ်သူ့မှ မထိခိုက်နဲ့၊ တိတိကျကျလိုက်နာ.. ပြဿနာဖြစ်ရင် ကိုယ့်ကိုယ်ကို အကောင်း သိပ်မပြောနဲ့ သူများကို အဆိုးသိပ်မပြောနဲ့ .. အဲလိုပြောမှ မသူတော်မှန်း ပိုသိသာတယ်.. မီဒီယာ သမားတွေ သတ္တိမနည်းဘူးဆိုတာ ပြချင်ရင် တိဘက်ဘုန်းကြီးတွေလို မီးရှို့ ဆန္ဒပြပါ၊ ထိုင်က ရှပ်နီတွေလို သွေးဖောက် ဆန္ဒပြပါ၊ ဂျာနယ်လစ် အမျိုးသမီးတွေ တုံးလုံးချွတ်ပြီး
အိုလံပစ်မှာလို ဆန္ဒပြကြပါ... ကလေးဦးနောက်နဲ့ နားထဲ စက္ကူထည့် ဆန္ဒမပြကြပါနဲ့လို့ ပြောချင်ပါတယ်။

MEG - ဟုတ်ကဲ့ အခုလို ဖြေကြားပေးတဲ့ ကိုသန့်ဇင်ကို ကျေးဇူး အများကြီးတင်ပါတယ်

သန့်ဇင် - ဟုတ်ကဲ့ ကျေးဇူးပါ

Myanmar Express

2 comments:

T shirt woot pee lan shout nay thawl media lada myar.

အော်.... မီဒီယာဆိုတဲ့ကောင်တွေ၊ ကိုယ်တိုင်းရိုးသားမှု
ရှိပြီလား၊ ပြန်ဆန်းစစ်ကြပါ။ ကိုယ်တိုင် စည်းစနစ်တကျ
နေတတ်တဲ့ အလေ့အထရှိရဲ့လား ပြန်ဆန်းစစ်ကြပါ။
ငါ မီဒီယာ။ ငါလုပ်တာအကုန်မှန်တယ်၊ ငါ ပြောရင်အကုန်
လက်ခံရမယ်၊ ငါတို့အတွက် ဥပဒေမလို၊ ငါတို့အတွက် စည်း
ကမ်းမလို၊ ငါတို့အတွက် ကန့်သတ်ချက်မလို၊ ဒါမျိုးဖြစ်ချင်
တာလား၊ ဘုရားရဲ့သားတော် သင်္ဃာတော်တွေတောင်
သိက္ခာပုဒ်တွေထားရသေးတာ မင်းတို့က ဘာကောင်တွေ
မို့လို့ ထင်ရာစိုင်းခွင့်လိုချင်နေတာလည်း။ လူသားတစ်ဦး
နဲ့ထိုက်တန်တဲ့ အရှက်တရားလေးလည်း ရှိကြဦး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်