Subscribe to our RSS Feed

ပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံအပေါ် လွဲမှား စွတ်စွဲမှုများအားပြန်တောင်းပန်သင့်





ဖရက် အမက် ဆိုသော မွတ်စလင် တစ်ယောက်က ၄င်း၏ ဆိုဒ်ဖြစ်သော http://farazahmed.com တွင် မြန်မာ နိုင်ငံမှ မွတ်စလင် မျိုးတုန်းသတ်ဖြတ်မှု များကို ဖော်ပြထားသော ဓါတ်ပုံများ မှာ အမှားများဖြစ်ကြောင်း သူကိုယ်တိုင်ဖော်ထုတ်တင်ပြထားပါသည်။ မွတ်စလင်အစွန်းရောက်တို့သည်ဝါဒဖြန့်ခြင်း ၊ အထောက်အပံ့များကို ရစေခြင်း၊နိုင်ငံတော်အကြည်ညိုပျက်အောင် တမင် လုပ်ကြံဖန်တီးပြီး လွဲမှားသော ဓါတ်ပုံများကို တင်ထားကြကြောင်း ၄င်းဆိုဒ်ကသက်သေပင်ဖြစ်ပါသည်။

များစွာသော မွတ်စလင် များ၏ ဆိုဒ်များ ဆိုရှယ် နက်ဝက် များ တွင်ပြန့်နှံ့နေသော ဓါတ်ပုံများမှာ... မြန်မာ တို့က မွတ်စလင်များကို မျိုးတုန်းသတ်ဖြတ်ထားသည့် ပုံများမဟုတ်ဘဲ သဘာဝဘေးအန္တရာယ် များကြောင့် သေဆုံးနေသော တိဘက်နိုင်ငံသားများကို တိဘက်ဘုန်းကြီးများက ၀ိုင်းဝန်းမြေမြုပ် နေကြသည့် ပုံများဖြစ်ကြောင်း ဓါတ်ပုံများ ၏ မူရင်း source များကို ယှဉ်တွဲဖော်ထုတ်ထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှား၊ အင်ဒိုနီးရှားတို့တွင် ခိုးဝင်လာသော ဒုက္ခသည်များကို သက်ဆိုင် ရာ နိုင်ငံလုံခြုံရေးများက အရေးယူဆောင်ရွက်နေကြသည့်ပုံများကို လည်း ဖြတ် ၊ ညှပ် ၊ ကပ် လုပ် ပြီး မြန်မာနိုင်ငံတွင် အစုအပြုံလိုက် အသက်ခံရသော မွတ်စလင်များ ပုံဖြစ်ဟန်ဖြင့်ဖော်ပြ ထားသည်ကို လည်း ၄င်းဆိုဒ်က ဖော်ထုတ်ထားသည်။

နောက်တစ်ပုံမှာ တိဘက် နိုင်ငံသားတစ်ယောက်က သူ့ကိုယ်သူ မီးရှို့ပြီး တရုတ်အစိုးရအား ဆန္ဒပြ သည့် ဓါတ်ပုံကို မြန်မာတို့က မီးရှို့လေဟန်ဖြင့် လုပ်ကြံဝါဒ ဖြန့်ထားသည်ကို သိရှိနိုင်ပါသည်။ ဘာသာရေးအစွန်းရောက်တို့က ၄င်းဝါဒ ဖြန့်မှုများကို ယုံကြည်ကြပြီး မြန်မာနိုင်ငံကို ချိမ်းခြောက် စာများ စွတ်စွဲစာများ အပြစ်တင်စာများ ပေးပို့ခြင်း ဆဲဆိုခြင်းများကို ပြုလုပ်ခြင်း ၊ နိုင်ငံတော် သမ္မတ ဓါတ်ပုံအပါအ၀င် နိုင်ငံတော် အလံများအား မီးရှို့ခြင်း ဆန္ဒပြပွဲများ နိုင်ငံတကာ မွတ်စလင် များ ကပြုလုပ်ဝေဖန်ခြင်းများကို တန်ပြန်သည့် အနေဖြင့် ၄င်းတို့ သိရှိစေခြင်းငှာ၎င်း၊ တုန့်ပြန်တောင်း ပန်စေခြင်းငှာ၎င်း ကျွန်တော်တို့ အဖြစ်မှန်ကိုဖော်ထုတ်သင့်ပါသည်။

Myanmar Express

1 comments:

မွတ်ဆလင်သန်းပေါင်းများစွာထဲမှာဒီလိုအမှန်ကိုသိတဲ့
မွတ်ဆလင်တစ်ယောက်ဘဲရှိသလားဗျာ။ကျေးဇူးတ င်
ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်