နိုင်ငံတဝှမ်း ရေလွှမ်းမိုးသဖြင့် စစ်တပ် နှင့် အစိုးရမှ ကယ်ဆယ် ကူညီရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေချိန် NLD ကတော့ ပါတီတွင်း ကွဲလွဲမှုများဖြင့် အလုပ်ရှုတ်နေကြောင်း သတင်းရရှိသည်။
အစိုးရဖွဲ့မှ ဝန်ကြီးများ အပါအဝင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ဧရာဝတီ တိုင်းဒေသကြီး သို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူများကို ကူညီ ထောက့်ပံ့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းက NLD ပါတီ များကတော့ ပြည်သူကို ကယ်တင်ရမယ့် အချိန်မှာ ပါတီတွင်း သဘောထား ကွဲမှုတွေ၊ ဆန္ဒပြမှုတွေ၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာတွေနဲ့ အချိန်ကုန်နေခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတွင်းဘောထား ကွဲလွဲမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် စကားဝါလမ်းရှိ မြို့နယ် အဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မရှင်များ ဖွဲ့စည်းမှုတွင် ပါဝင်သူများသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ခြင်းခံရသူများမဟုတ်ဘဲ ဂိုဏ်းဂဏစွဲ ၊ ပုဂ္ဂိုလ်စွဲ ဗဟိုဦးစီးစနစ်ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် ပါတီဝင်အချို့မှ မကျေနပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်တွင် ပါဝင်သူအချို့သည် နေရာရလိုမှုအတွက် ပါတီ၏ အမည်နာမကို အသုံးချလျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ နာမည်ထုတ်ဖော်ပြောဆိုရာတွင် ပါဝင်ခဲ့သူ ပုသိမ်ခရိုင် ညီလာခံကျင်းပရေးကော်မရှင်
အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်း က ယင်းကဲ့သို့ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး စွပ်စွဲသူများနှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းချင်ကြောင်း ၊ မှားခြင်း၊ မှန်ခြင်း ကိစ္စရပ်အပေါ် ပါတီ ဗဟိုဌာနချုပ်မှ လူကြီးများဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံးမေးမြန်းရာတွင် ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ အစရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဒေသခရိုင်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးပါတီဝင် ၂၀၀ ခန့်တက်ရောက်ခဲ့သည်။
Myanmar Expressယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်တွင် ပါဝင်သူအချို့သည် နေရာရလိုမှုအတွက် ပါတီ၏ အမည်နာမကို အသုံးချလျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ နာမည်ထုတ်ဖော်ပြောဆိုရာတွင် ပါဝင်ခဲ့သူ ပုသိမ်ခရိုင် ညီလာခံကျင်းပရေးကော်မရှင်
အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်း က ယင်းကဲ့သို့ စွပ်စွဲပြောဆိုမှုများနှင့်ပတ်သက်ပြီး စွပ်စွဲသူများနှင့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းချင်ကြောင်း ၊ မှားခြင်း၊ မှန်ခြင်း ကိစ္စရပ်အပေါ် ပါတီ ဗဟိုဌာနချုပ်မှ လူကြီးများဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံးမေးမြန်းရာတွင် ဖြေကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ အစရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဒေသခရိုင်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးပါတီဝင် ၂၀၀ ခန့်တက်ရောက်ခဲ့သည်။
1 comments:
NLD= National La Da party
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်