Subscribe to our RSS Feed

လက်ရှိနိုင်ငံရေးလောကတွင် ဒေါ်အောင်ဆန်းစုကြည် လမ်းဘေးရောက်နေ ဟု ဆို


လက်ရှိနိုင်ငံရေးလောကတွင် အုပ်ချုပ်ရေး ပိုင်းတွင် နိုင်ငံတော် သမ္မတကြီး မှ နာမည်ကောင်းရလျှက် ရှိပြီး လွှတ်တော် ပိုင်းတွင် သူရဦးရွှေမန်းမှ နာမည်ကောင်း ရလျှက် ရှိကာ ဒေါ်အောင်ဆန်းစုကြည် လမ်းဘေးရောက်နေသည် ဟု မြန်မာ့အရေး လေ့လာသူများက ဆိုသည်။

လက်တလော မြန်မာနိုင်ငံရေး ပြဿနာများဖြစ်သော ရခိုင်အရေး၊ အခြေခံဥပဒေ ခုံရုံးအရေး များတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်တိုင်းက လူအများကို လေးစား စေခဲ့သလို လွှတ်တော် တွင်းမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီး သူရဦးရွှေမန်း နှင့် ဒေါက်တာအေးမောင်၊ ဦးသိန်းညွန့် အပါအဝင် အခြား ပါတီ ခေါင်းဆောင်များသာ အလုပ်လုပ်လျှက် ရှိတာ တွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD မှ လွှတ်တော် အမတ်များ လမ်းဘေးရောက်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။


ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်များအား သမ္မတကြီးမှ ကူညီထောက်ပံ့စဉ်

ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့်ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။

ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေး စနစ်ကို ဗဟို ဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက် များဖြစ်သည်။

စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သုံးမှု အားနည်းသော လူ့အဖွဲ့အစည်း၊ အားနည်းသော ၀န်ထမ်း အဖွဲ့အစည်း၊ ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက် ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တို အတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။

ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်း တို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ရခိုင်ဒေသ ဒုက္ခသည်များက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်းမှ ကူညီ အားပေးစဉ်


ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ် တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတ စနစ် တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်း ထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။ အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း ( Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင် ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်း လာမည်။

သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင် လာခဲ့သည်။ ယခုနောက်ပိုင်းလွှတ်တော် အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက် ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် ( Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။


ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်အရေးတွင်လည်း တစ်ခွန်းမှ ဝင်မပြောခဲ့ပါ၊ ရခိုင်ဒေသ မီးဟုန်းဟုန်းတောက်ချိန်မှာလဲ ဥရောပ သို့ ထွက်သွားခဲ့သည်။ ယခု လွှတ်တော်တွင် ခုံရုံးပြဿနာတွင်လည်း ဝင်ရောက် ညှိနှိုင်းဖြေရှင်းနိုင်ခြင်း မရှိတဲ့ အပြင် ရွေးကောက်ပွဲ မတိုင်ခင်က သွားခဲ့သော လားရှိုး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ ရေကြီးချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် လုံးဝ မသွားခဲ့သလို NLD ပါတီဝင်များကလည်း ဘာမှ မကူညီခဲ့ပေ။
အဆိုးဆုံးမှာ NLD ပါတီတွင်း ရင်ကြားမစေ့နိုင်ပဲ အချင်းချင်း ဆန္ဒပြလျှက် ရှိပြီး လွတ်လွတ်လပ်လပ် နိုင်ငံရေး လုပ်ဆောင် နေတာ (၂) နှစ် ပြည့်ချိန် အထိ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပေါ်လာတဲ့ အရာတစ်ခု ဆိုပြီး ပြစရာ ဘာမှ မရှိဖြစ်နေသည်။

Myanmar Express

3 comments:

Aung san suu kyi she just can speak english very well but she doesnt know deeply about political . she just want to be popular . peoples will be know day by day what she do and what she did.she's only talking not action.we need action not talking.

On this comment, I am not saying anything about potlitic. All I want to say is pictures doesn't show everything. We can't say things are real just because it seems in the picture.

Look at all these pictures, and give your heads some thinkings. How many pictures in our lives that we have been taking? Do they all look the same as we are in real world?No make up? No pretending smile?No smart posture that we normally don't have in everyday life? If someone is doing good and he or she want people to know, what that person only needs to do is say and reveal what he or she does. That's all. Daw Aung San Su Kyi wouldn't talk about others, that's what makes us keep putting our faiths on her. People say she does nothing, some hate her, some even want her dead, what's her reflection? You all know. Ok. Thanks for reading.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်