PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ်အစိုးရတို့ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေရှေ့မှာ ဒီနေ့သဘောတူ လက်မှတ်ရေးထိုးလိုက် ပါတယ်။
ဒါဟာ PNLO နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ပထမဆုံး အကြိမ် ပြည်နယ်အဆင့် အနေနဲ့ အချက် (၅) ချက်ကို သဘောတူ လက်မှတ်ရေးထိုးတာလို့ PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ပြည်နယ်အဆင့်သဘောတူညီမှုလက်မှတ်ထိုးပွဲပြီးတဲ့နောက်မှာ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ တွေမှာ ဘာတွေဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်တဲ့ အစည်းအဝေး ဆက်လက်ပြုလုပ်ခဲ့ပြီး အဲဒီကနေ အချက် ၈ ချက်သတ်မှတ် လိုက်တယ်လို့ ဦးခွန်မြင့်ထွန်းကပြောပါတယ်။
ဒီနေ့လက်မှတ်ထိုးပွဲနဲ့ဆွေးနွေးပွဲတွေကို တောင်ကြီးဟော်တယ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။
PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်ဟာ ၁၉၉၁ ခုနှစ်က အပစ်အခတ်ရပ်လိုက်တဲ့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်။
သူဟာ အဲဒီအချိန်က စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ PPLO ဆိုတဲ့ အဖွဲ့အနေနဲ့ရပ်တည်ခဲ့သလို၊ အပစ်ရပ် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ကနေ လက်နက်ကိုင် တိုက်ပွဲ ဆက်လက်ဆင်နွှဲလိုတဲ့ ဒုဥက္ကဋ္ဌ ခွန်ထီးဆောင်နဲ့ အတွင်းရေးမှူး ခွန်သူရိန် တို့အဖွဲ့တွေနဲ့ ၂၀၀၇ ခုနှစ်မှာပြန်လည်ဖွဲ့စည်းပြီး PNLO အဖွဲ့ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ ညီလာခံပြန်လည် ကျင်းပခဲ့ပြီး အမှုဆောင်သစ်တွေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်တွင် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပွဲကို PNLO ၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းနှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး အစိုးရအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ အမှတ်(၂) လျှပ်စစ် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြောင်း ယင်းအခမ်းအနား ထံမှ သိရသည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီးသို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက် ခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ဆိုသည်။
ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု အဆင့် အကြို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး PNLO ၏ ဆက်ဆံရေး ရုံးများကို တောင်ကြီး၊ ဆီဆိုင်၊ မောက်မယ်တို့တွင် ဖွင့်လှစ်ခွင့်ပေးကြောင်း၊ PNLO အဖွဲ့ကို ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် တွင် အခြေစိုက်ရန် နေရာ သတ်မှတ် ပေးထားကြောင်း ၎င်းက ရှင်းပြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဇူလိုင်လက ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PNLO ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် အပစ်ရပ်ရေး လက်မှတ် ရေးထိုးရန်၊ ဆက်ဆံရေး ရုံးဖွင့်ရန်၊ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုရန်၊ အပစ် ရပ်ပြီးနောက် ပအိုဝ်း ပြည်သူလူထုနှင့် တွေ့ဆုံနိုင်ရန် အပါအဝင် အချက် ခြောက်ချက်ကို ဆွေးနွေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ယခု တွေ့ဆုံမှုတွင် အဆိုပါ အချက်ခြောက်ချက်ကို ဆွေးနွေးသွားရန် ရှိကြောင်း PNLO က ထုတ်ပြန်ထားသည်။
PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့သည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလ တတိယ အပတ်တွင် ပြုလုပ်ရန် ယင်း ဆွေးနွေးပွဲတွင် သဘောတူခဲ့သည်။
PNLO ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်း ၏ အဖွဲ့မှာ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် လေ့လာမှုများ လုပ်ဆောင်ခဲ့ပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်