Subscribe to our RSS Feed

Saola တိုင်ဖွန်း နီးကပ်လာသဖြင့် ထိုင်ဝမ်တွင် သတိပေးချက် ထုတ်ပြန်ထား

From : MRTV4

ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တွင် ပြင်းထန်သည့် မိုးရွာသွန်းမှုများနှင့် လေကြမ်းများ တိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားကာ ဗုဒ္ဓဟူး နေ့တွင် အရှိန်နှုန်း နှေးနှေးဖြင့် ဖြတ်သန်းနေသည့် Saola အမည်ရ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် လာနိုင်သဖြင့် စစ်တပ်မှာ မြေပြိုမှုများနှင့် ရေကြီးမှုများကို ကယ်ဆယ်နိုင်ရန် အသင့် အနေအထား ပြင်ထားရကြောင်းလည်း သိရသည်။

အဆိုပါ တိုင်ဖွန်း မုန်တိုင်းမှာ လေတိုက်နှုန်း တစ်နာရီလျင် ၁၁၉ ကီလိုမီတာ အထိရှိပြီး မိုးရွာသွန်းမှုမှာလည်း ထိုင်ဝမ်ကျွန်း အတွင်း တစ်ပါတ်အတွင်း ၁၀၀၀ မီလီမီတာ အထိ ရွာသွန်းခဲ့ပြီးလည်း ဖြစ်သည်။ အဆိုပါ မုန်တိုငှ်းမှာ ကြာသပတေး နေ့တွင် ထိုင်ဝမ်ကျွန်း မြောက်ပိုင်းစွန်းကို ဖြတ်ကျော်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။ ပြင်းထန်သည့် မိုးရွာသွန်းမှုများမှာ မြို့တော် တိုင်ပေတွင် ဗုဒ္ဓဟူး နေ့က စတင် ဖြစ်ပွားနေပြီး မြို့တော် တာဝန်ရှိသူများမှာ ကြာသပတေး နေ့အတွက် စီးပွားရေး ဈေးကွက်ကို ဖွင့်ရေး မဖွင့်ရေး စဉ်းစားနေကြောင်းလည်း သိရသည်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်