From : မြ၀တီ
နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများကို မြန်မာနိုင်ငံတွင်ရှိသော လျှပ်စစ်ရရှိမှုမရှိသော နယ်မြေများတွင် ပိုမိုသုံးစွဲလာကြကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ကာ ဆိုလာသုံးစွဲသူ ပိုမိုများပြားလာပြီး ရောင်းအားကောင်းလာကြောင်း၊ W 300 နှင့် W 260 ကို အများဆုံး သုံးစွဲကြကြောင်း၊ W 300 ဆိုလာပြားသည် ဘက်ထရီဗို့အား ၂၀၊ W 260 ဆိုလာပြားသည် ဘက်ထရီဗို့အား ၁၈ တို့နှင့် တွဲသုံးနိုင်ကြောင်း ဆိုလာအရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။ ဆိုလာပြားများကို လျှပ်စစ်ပစ္စည်းများနှင့် မီးထွန်းရာတွင် အသုံးပြုကြကြောင်း အချို့ဟိုတယ်များတွင် နေရောင်ခြည် စွမ်းအင်သုံး၍ ရေပူ၊ ရေအေးစက်များကို အသုံးပြုလာကြကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်