Subscribe to our RSS Feed

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကြောင့် မြန်မာအားငွေကြေး အထောက်အပံ့ပေးမည့် ဥပဒေအား အိုဘားမားလက်မှတ်ထိုး အတည်ပြု

From :popular

အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း များမှတစ်ဆင့် မြန်မာနိုင်ငံအား ငွေကြေး အထောက်အပံ့ပေး ခွင့်ပြုမည့် ဥပဒေ မူကြမ်းအား ဥပဒေ တစ်ခု အဖြစ် အမေရိကန်

သမ္မတ ဘာရက်အိုဘားမားက ယနေ့တွင် လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းအား အမေရိကန် ကွန်ဂရက်က စက်တင်ဘာလတွင် အတည်ပြုပေးခဲ့ပြီး ယခု အိုဘားမားက ဥပဒေ တစ်ရပ်အဖြစ် လက်မှတ်ရေး ထိုး အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုဥပဒေသည် မြန်မာနိုင်ငံတွင် ကောင်းမွန်သော အစိုးရနှင့် အဆင်ပြေချောမွေ့သော စီးပွားရေး စီမံကိန်း တစ်ရပ် အခြေတည် ခိုင်မာစေရေးအတွက် အထောက်အပံ့ဖြစ်စေလိမ့်မည် ဟု ဆိုသည်။
ယခု ဥပဒေအရ နိုင်ငံတကာမှ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ကဲ့သို့သော အပြည်ပြည် ဆိုင်ရာငွေကြေး အဖွဲ့အစည်း တို့မှ တစ်ဆင့် ဘဏ္ဍာရေး အထောက်အပံ့များ ပေးအပ်နိုင်တော့မည်ဖြစ်သည်။
“ဒီဥပဒေ ပြင်ဆင်ချက်ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ၊ ကောင်းမွန်တဲ့ အစိုးရ၊ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတွေကို တဆင့် တိုးတက်ပြောင်းလဲလာဖို့ အမေရိကန် အနေနဲ့ စီမံကိန်းတွေ ချမှတ် လုပ်ဆောင်နိုင်တော့မှာပါ” ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Neal Wolin ကဆိုသည်။


အမေရိကန်အစိုးရသည် ပိတ်ပင်ထားသော မြန်မာ့ပို့ကုန် ပိတ်ဆို့မှုအား ဖြေလျှော့ပေးတော့မည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ထားသည်။

  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်