Subscribe to our RSS Feed

ဆီးရီးယားနှင့် စစ်ပွဲဆင်နွှဲရန် အစီအစဉ်မရှိကြောင်း တူရကီဝန်ကြီးချုပ် ပြောကြား

From :မြဝတီ



တူရကီနိုင်ငံသည် ဆီးရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အစီအစဉ် မရှိကြောင်း တူရကီ ဝန်ကြီးချုပ် ရီဆပ် တေယစ် အယ်ဒိုဂန် က အောက်တိုဘာ ၄ ရက်က ကျင်းပသော  သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံ အနေဖြင့် နိုင်ငံ၏ ပြင်ပတွင် စစ်ပွဲ ဆင်နွှဲရန် လွှတ်တော်က သဘောတူ ခွင့်ပြုပြီးနောက် ဝန်ကြီးချုပ် အယ်ဒိုဂန်၏ ပြောကြား ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဆီးရီးယားနိုင်ငံ အတွင်းမှ အောက်တိုဘာ ၃ ရက်က ပစ်လွှတ်လိုက်သော စိန်ပြောင်း တစ်လုံးသည် တူရကီ နိုင်ငံ အတွင်းသို့ ကျရောက် ပေါက်ကွဲခြင်းကြောင့် တူရကီ နိုင်ငံသား ငါးဦး သေဆုံးခဲ့သည့် အတွက် လွှတ်တော်က နိုင်ငံ၏ ပြင်ပတွင် စစ်ဆင်ရေး ဆင်နွှဲရန် တူရကီ စစ်တပ်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊  တူရကီ ဒုတိယ ဝန်ကြီးချုပ်ဘာဆာအယ် တာလေက ပြောကြား ခဲ့သည်ဟု သိရသည်။
သို့ရာတွင် အဆိုပါ ခွင့်ပြုချက်သည် ဆီးရီးယား နိုင်ငံအပေါ် စစ်ကြေညာခြင်း မဟုတ်ကြောင်းနှင့် မိမိတို့၏ ပိုင်နက်ကိုသာ ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တူရကီ အစိုးရက ကြေညာခဲ့သည်။ တူရကီနိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံအတွင်းရှိ အကြမ်းဖက် သမားများ ကို ထောက်ခံ အားပေးလျက် ရှိသည်ဟု ဖော်ပြခဲ့သော Cumhuriyet သတင်းစာနှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်က ပြောကြား ခဲ့ကြောင်း သိရသည်။ 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်