Subscribe to our RSS Feed

မန္တလေးတိုင်းဒေ သကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မြတ် တောင်ကလပ်၊ ပင်လုံဓမ္မာရုံတွင် ကျင်းပပြုလုပ်



ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့၊ နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင်၍ အလှူရှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် တပည့်၊ ဒါယကာ၊ ဒါယကာမများ စုပေါင်း၍ အကြိမ် (၇၀) မြောက် စတုဒီသာကျွေးပွဲကို မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံ ခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပားတောင်မြတ် တောင်ကလပ်၊ ပင်လုံဓမ္မာရုံ၌ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့က ကျင်းပပြု လုပ်ရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း၊ မန္တလေးတိုင်းဒေသကြီး  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းပါတီအလုပ်အမှုဆောင် များ၊ ညောင်ဦးခရိုင်၊ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များ၊ ဒေသခံရပ်မိရပ်ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့ ဒေ၀ဒဟ သဗ္ဗသိန္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူး သာသနာပြု ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ ခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မြတ် တောင်ကလပ်၊ ပင်လုံ ဓမ္မာရုံတွင် ကျင်းပပြု လုပ်သော အကြိမ် (၇၀) မြောက် စတုဒီသာ ကျွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်းတို့ တက်ရောက်လှူဒါန်းစဉ်
နံနက် (၈)နာရီတွင် အကြိမ် (၇၀)မြောက် စတုဒီသာ ကျွေးပွဲသို့ ကြွရောက်ကြသော ဧည့်ပရိတ်သတ်များအား စတင် ဧည့်ခံကျွေးမွေး ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် အလှူရှင်များက ၀ိုင်းဝန်း၍ လုပ်အားဒါန ပြုကြသူများကို ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်၍ ဧည့်ခံကျွေးမွေး ခဲ့ကြသည်။


နတ်စင်တစ်ရာ ကျောင်းတိုက် အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တ ပညာတေဇမှ လုပ်အား ဒါနပြုကြသော ပြည်ခိုင်ဖြိုးပါတီဝင်များသို့ လုံချည်အထည် (၂၀၀) နှင့် ဟုန်းတက် ကုမ္ပဏီလီမိတက်၊ ရက္ခပူရယူနိုက်တက် ဘောလုံးအသင်း၊ ဇေယျာရွှေမြေ ဘောလုံးအသင်းတို့မှ လှူဒါန်းသော တီရှပ်များကို ပေးအပ်ရာ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦးမှ လက်ခံရယူစဉ်
ထို့နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် အလှူရှင်များ၊ ဧည့်ပရိသတ်များသည် နိုင်ငံတော် သံဃနာယက အဖွဲ့၊ အဖွဲ့ဝင်၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တ သြဘာသာ ဘိဝံသ ထံမှ ငါးပါးသီလ ခံယူကြပြီး၊ ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့် ပါသည်။
ရေစက်ချ တရားနာယူပြီး အမျှပေးဝေစဉ်
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့ ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက် အထူး သာသနာပြု ဆရာတော် ဘဒ္ဒန္တ ပညာတေဇမှ လှူဒါန်းရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းမိန့်ကြားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် အလှူရှင်များမှ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းသည်။ ၄င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့  ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ နတ်စင် တစ်ရာ ကျောင်းတိုက် အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တ ပညာတေဇမှ လုပ်အား ဒါနပြုကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များသို့ လုံချည်အထည် (၂၀၀) နှင့် ဟုန်းတက် ကုမ္ပဏီလီမိတက်၊ ရက္ခပူရယူနိုက်တက် ဘောလုံးအသင်း၊ ဇေယျာရွှေမြေ ဘောလုံး အသင်းတို့မှ လှူဒါန်းသော တီရှပ်များကို ပေးအပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးမှ လက်ခံရယူသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် အလှူရှင်များမှ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းစဉ်
ဆက်လက်၍ နိုင်ငံတော် သံဃနာယက အဖွဲ့ ဒုတိယ ဥက္ကဌ၊ ဟင်္သာတမြို့ မိုးကောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုဓမ္မစာရ ထံမှ ရေစက်ချ တရားနာယူကြပြီး အမျှပေးဝေသည်။ ထို့နောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် အလှူရှင်များမှ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ စတုဒီသာ ကျွေးပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လုပ်အားဒါန အင်အား (၅၀၀) ကျော် ပါဝင်ခဲ့ပြီး ပုပ္ပါးတောင်မြတ် တောင်ကလပ် အနီးပါတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများအား ညနေ ၃ နာရီအထိ ကျွေးမွေး ခဲ့ရာ အင်အား (၁၀၀၀၀၀) ကျော် လာရောက် စားသုံးခဲ့ကြောင်း သတင်းရရှိသည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်