Subscribe to our RSS Feed

ပုဂ္ဂလိကဘဏ် လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ် လျက်ရှိ

From :  MRTV4


 မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း များဟာ ပုံမှန်အတိုင်း လည်ပတ် လျက်ရှိနေပြီး ယခုလက်ရှိ ပြင်ပမှာ ပုဂ္ဂလိက ဘဏ်အချို့ ဖျက်သိမ်းမှုများနဲ့ လုပ်ငန်း ရပ်နားမှုများ ရှိနေပြီ ဆိုခြင်းမှာ ကောလဟာလ သတင်းများသာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းများနဲ့ ပတ်သက်ပြီး ထွက်ပေါ် လာမှုမှာ ကောလဟာလ သာဖြစ်ပြီး ဘဏ်များ ရဲ့ အကျိုးစီးပွားကို ထိခိုက်စေရန် အလို့ငှာ မလိုလားသူများမှ ထုတ်လွှင့်တဲ့ သတင်းသာ ဖြစ်ပြီး မှန်ကန်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်ရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခု လက်ရှိမှာ ပုဂ္ဂလိက ဘဏ်များဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စနစ်တကျ ကွပ်ကဲမှု အောက်မှာ ဘဏ်လုပ်ငန်း လုပ်ထုံး လုပ်နည်းများကို စည်းကမ်း ဥပဒေနဲ့ အညီ တည်ငြိမ် ခိုင်မာစွာနဲ့ လည်ပတ် လျက်ရှိနေတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်များ အနေနဲ့ ဘဏ်များရဲ့ နေ့စဉ် ငွေစာရင်း ဇယားများ၊ အသွင်းအထုတ် ဆောင်ရွက်မှု များကို ဗဟိုဘဏ်ရဲ့ ကြီးကြပ် ကွပ်ကဲမှုနဲ့ ဆောင်ရွက် လျက်ရှိပြီး ယခုလက်ရှိ ပြည်တွင်းမှာ ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နဲ့ ဘဏ်ခွဲပေါင်း ၃၈၀ ခန့်မှ ဘဏ်လုပ်ငန်း ဆိုင်ရာများကို ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက် အရ ပြည်သူများ အနေနဲ့ ယုံကြည် စိတ်ချစွာနဲ့ ပုဂ္ဂလိဘဏ်များကို ဆက်သွယ်ကာ ဘဏ်လုပ်ငန်း ဆိုင်ရာများကို ယခင်အတိုင်း ဆက်လက် ဆောင်ရွက် နိုင်တယ်လို့ သတင်း ရရှိပါတယ်။ 



Myanmar Express 


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်