From :မြစ်မခ
ပုဂံ ရှေးဟောင်း လက်မှုပညာယွန်းထည်ဈေးကွက်သည် လက်ရှိ ၂၀၁၂ခုနှစ်ခရီးသွားရာသီချိန်တွင် နှစ်ပေါင်း ၁၆ နှစ်အတွင်းရောင်းအား စံချိန်တင်နှစ်တစ်နှစ်ဖြစ်လာကြောင်းပုဂံယွန်းထည်လုပ်ငန်းရှင်များထံက သိရှိရသည်။ “တစ်ထောင့်ကိုးရာကိုးဆယ့်ခြောက်တုန်းကတော့ရောင်းရတယ်၊ဒါပေမဲ့ ဦးသိန်းစိန် သမ္မတဖြစ်တဲ့နှစ်ကစပြီးရောင်းလာရတာ ဒီနှစ်ပိုရောင်းရတယ်၊ ကျွန်တော်တို့ဆိုင်သက်တမ်းတစ်လျှောက်မှာတော့ဒီနှစ်ကရောင်းအား အကောင်းဆုံးပဲ”ဟု ဦးကံထွန်း(ထွန်း)ယွန်းထည်ဆိုင်ပိုင်ရှင်ကို အောင်ကျော်နိုင်က ပြောသည်။ မြန်မာနိုင်ငံ၌ ခရီးသွားနှစ်(၁၉၉၆ ခုနှစ်)အဖြစ်သတ်မှတ်ခဲ့သောအချိန်တွင် ယွန်းထည်ပစ္စည်းများသည် ရောင်းအား အကောင်းဆုံးဖြစ်ခဲ့သော်လည်း နောက်ပိုင်း၂၀၀၇ခုနှစ်စစ်အစိုးရလက်ထက်၌ နိုင်ငံရေးမတည်ငြိမ်မူများ ကြောင့်(၂၀၀၈-၂၀၀၉) ခုနှစ်များတွင်ဧည့်သည်အ၀င်နည်းခဲ့ပြီး ပုဂံယွန်းထည်လုပ်ငန်းများ စံချိန်တင် ရောင်းအားကျဆင်းခဲ့ကြောင်း သိရှိရသည်။ တပ်မတော်အစိုးရလက်ထပ် ၂၀၀၇ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှုမျာရှိနေခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည် အ၀င်နည်းခဲ့ပြီး ယွန်းလုပ်ငန်းများလည်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။ “၂၀၁၁ခုနှစ်နဲ့ဒီနှစ်ကပိုပြီးရောင်းရပါတယ်၊ယွန်းထည်ကိုလက်မှုပညာနဲ့ ဒီလောက်လှအောင်လုပ်နိုင်တာကိုသူတို့ကအရမ်း သဘောကြတယ်၊ ဒါကြောင့်ကျွန်တော်တို့ကလည်းအရည်းအသွေးကောင်းအောင်လုပ်ပါတယ်။ မြန်မာလက်မှုပညာလည်းဖြစ် ကြိုက်လဲကြိုက်နှစ်သက်ကြလို့ ပြည်ပကမှာယူတာတွေလဲရှိတယ်။ ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေ ကလည်းမှာယူထားခဲ့တာတွေလဲရှိတယ်။’’ ဟု မြင်းကပါ ရှိ မောင်အောင်မြင်ယွန်းထည်ဆိုင်မှ ကိုဇော်မျိုးလွင်က ပြောသည်။ ၂၀၁၀ခုနှစ်နောက်ပိုင်း၊ အရပ်သားအစိုးရလက်ထပ်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များ ပြုလုပ် လာသောကြောင့်အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု အချို့ကို့လည်း လျော့ချခဲ့ပြီးမြန်မာပြည်အတွင်းသို့ ကမ္ဘာလှည့်ခရီးသွား ၀င်နှုန်းလည်း မြင့်တက်လာခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားဝင်နှုန်းများလာသည်နှင့်အမျှခရီးသွားဧည့်သည်များ အပေါ်တွင် မှီခိုနေကြရသော လုပ်ငန်းများလည်းအဆင်ပြေလျက်ရှိကြောင်း၊ ပုဂံဒေသတွင်းရှိ ယွန်းထည်လုပ်ငန်းများလည်းပြန်လည် ရောင်းအား တက်လာခဲ့ခြင်းဖြစ်ကြောင်း ပုဂံဒေသ ယွန်းလုပ်ငန်းရှင်များက ပြောသည်။ ယွန်းထည်လုပ်ငန်းများသည် သဘာဝပစ္စည်းများဖြင့် ပြုလုပ်သော လက်မူပညာတစ်ခုဖြစ်၍ ကမ္ဘာလှည့်ခရီးသည် များကြိုက်နှစ်သက် ကာယွန်းထည်လုပ်ငန်းများသည် ခရီးသွားလုပ်ငန်းများဖြင့်တိုက်ရိုတ် ဆက်သွယ်မူများရှိကြောင်း Tourism Guides များက ဆိုသည်။ "ယွန်းထည်လုပ်ငန်းတွေက ကမ္ဘာလှည့်ခရီးသည်တွေကကြိုက်နှစ်သက် တယ်လေ။ဒါကြောင့် ခရီးသွား ၀င်ရောက်မှုနည်းရင် ရောင်းအားနည်းတယ်။ ခရီးသည်ဝင်ရောက်မူများရင် ရောင်းအားကောင်းတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ယွန်းလုပ်ငန်းတွေက ဆက်စပ်နေတယ်။ ကျွန်တော်တို့ ပုဂံကိုရောက်ပြီဆိုရင်ခရီးသွားဧည့်သည်တွေက လက်မူလုပ်ငန်းတွေကို လေ့လာတယ်။ အဓိက ၀ယ်ယူကြတယ်"ဟု ပုဂံဒေသခံ Tourist Guide တစ်ဦးဖြစ်သူ ကိုအောင်ရွှေက ပြောသည်။ ၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် (၈)သိန်းဝန်းကျင် ၀င်ရောက်ခဲ့သော်လည်း ပုဂံဒေသသို့ (၃)သိန်းဝန်းကျင်သာ ၀င်ရောက်မူရှိခဲ့ကြောင်းသိရသည်။ ပုဂံမြို့၏ယွန်းထည်ပစ္စည်းများကို ပြည်တွင်း၌နိုင်ငံခြားခရီးသည်များ ၀င်ရောက်များပြားသောဒေသများဖြစ်သည့် ရန်ကုန်၊ ကလော၊ အင်းလေး၊ ကော့သောင်း၊ မြ၀တီ၊ ငပလီနှင့်အခြားဒေသအသီးသီးသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။ ပြည်ပနိုင်ငံများဖြစ်သော ဂျာမဏီ၊ ပြင်သစ်၊ အီတလီ စသောနိုင်ငံများမှ ယွန်းထည်လက်မူ ပစ္စည်းများမှာယူခြင်းကြောင့်တင်ပို့ဖြန့်ဖြူးရောင်းချ လျက်ရှိကာ လက်ရှိတွင် အီတလီနိုင်ငံသို့အဓိကတင်ပို့ရောင်းချနေရကြောင်း ယွန်းထည်လုပ်ငန်းရှင်များထံက သိရသည်။ "ဒီနှစ်က ဘာကြောင့်လည်း သားတို့လဲမသိဘူး။ နိုင်ငံခြားသားတွေ အများကြီး ပဲလာတယ်။"ဟုရွှေစည်းခုံဘုရားမှ ဘုရားသမိုင်းကြောင်း ရှင်းပြသူ(၁၃)နှစ်သားအရွယ်ကလေးတစ်ဦးက ပြောသည်။ လက်ရှိတွင် နိုင်ငံတော်အနေဖြင့်ပြုပြင်ပြောင်းလဲရေးများဆောင်ရွက် နေသောကာလဖြစ်၍ ကမ္ဘာလှည့် ခရီး သည်များ ၊စီးပွားရေး လုပ်ကိုင်လိုသူများကြောင့် ပုဂံဒေသတွင်း ၂၀၁၂ခုနှစ် စက်တင်ဘာလ(တစ်လ)အတွင်းပင် ခရီးသွားဦးရေ (၄)သိန်းဝန်ကျင် ၀င်ရောက်လျက်ရှိကြောင်းTourism လုပ်ငန်းများထံက သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်