Subscribe to our RSS Feed

ပြည်တွင်းရှိ လူဦးရေ ၁၀၀ တွင် ၇.၅ ရာခိုင်နှုန်း ဖုန်းကိုင်ဆောင်နိုင်

From :MRTV4

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ အထိ ပြည်တွင်းမှာ
တယ်လီဖုန်း ကိုင်ဆောင် နိုင်မှုဟာ လူ ၁၀၀ မှာ ၇ ဦးကျော် ကိုင်ဆောင် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ တယ်လီဖုန်း သိပ်သည်းဆ ဆိုတာ ကတော့ လူဦးရေ ၁၀၀ မှာ သုံးစွဲနိုင်တဲ့ ပျမ်းမျှ လူဦးရေကို ဖော်ပြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး ကဏ္ဍ တိုးတက် ဖွံ့ဖြိုးရေး အတွက် အစိုးရ အဆက်ဆက်က ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆ ၃.၈ သာ ရှိခဲ့တာ ဖြစ်ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းဆဟာ လူဦးရေ ၁၀၀ မှာ ၇.၅ ဦးအထိ ဖုန်းသုံးစွဲနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွင်း လူနေ ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းကို မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ လွှမ်းခြုံ နိုင်ပြီး ဖြစ်တယ် လို့လည်း မြန်မာ့ ဆက်သွယ်ရေးက ဆိုပါတယ်။ မြို့နယ်နဲ့ ကျေးရွာများ အတွက် GSM/UMTS တိုးချဲ့တပ်ဆင်ရေး စီမံကိန်း အရ ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးနိုင်တဲ့ မိုဘိုင်း တယ်လီဖုန်း ရေဒီယို စခန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၇၀၀ ရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ သုံးစွဲနိုင်မှု အခြေအနေဟာ အိမ်နီးချင်း နိုင်ငံများနဲ့ နှိုင်းယှဉ်ပါက တယ်လီဖုန်း ကိုင်ဆောင်နိုင်မှု ပမာဏ နည်းပါး နေသေးပြီး မြန်မာနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံများနဲ့ ရင်ဘောင်တန်း နိုင်ဖို့များစွာ ကြိုးစား ဆောင်ရွက် ကြရဦးမှာလည်း ဖြစ်တယ်လို့ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။
  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်