Subscribe to our RSS Feed

စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ၀င်စစ်ရာ ၂၁ ဆိုင် အခြင်အတွယ်မပြည့်ကြောင်း တွေ့

From : 7day

စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စက်သုံးဆီအရောင်း
ဆိုင် ၂၃ အား အောက်တိုဘာ ၆ ရက်(ယနေ့) ရှောင်တခင်စစ်ဆေးရာ ဆိုင်ပေါင်း ၂၁ ဆိုင်ရှိ ပန့်များမှာ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်း မရှိဘဲ
လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတ်မ

ှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိသည့် ဆိုင်ပိုင်ရှင်များထံသို့ တရားဝင်စာဖြင့် သတိပေးသွား
မည်ဖြစ်ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို ပြန်လည်သုံးသပ်သွားမည်ဟု
လည်း ကြေညာချက်တွင်ပါ ရှိသည်။
''တက္ကသိုလ်ရိပ်သာလမ်းက မြ၀တီဆိုင်မှာ ဆီထည့်တုန်းက ဂိတ်ကမတက်ဘူးလို့ ပြောတော့ ၀န်ထမ်းက ပြန်
ပြောတယ်။ တစ်သောင်းဖိုး ထည့်တာတောင် ဂိတ်က မတက်ဘူးလို့ ပြောတယ်။ အဲဒီကတည်းက အဲဒီဆိုင်မှာ တစ်ခါမှမထည့်တော့
ဘူး'' ဟု အငှားယာဉ်မောင်းသူကိုစန်းလင်းအောင်က ပြောသည်။
များသောအားဖြင့် ဓာတ်ဆီတစ်ဂါလန်တွင် ၄ ဒသမ ၅ လီတာရှိသော်လည်း မပြည့်သော ဆိုင်များ၌ လီတာဝက်ခန့်
လျော့သည်ကို တွေ့ရှိရကြောင်း ကိုစန်းလင်းအောင်က ပြောသည်။
သတ်မှတ်အခြင်အတွယ် မပြည့်မီသော ဆိုင် ၂၁ ဆိုင်ထဲတွင် နာမည်ကြီး ကုမ္ပဏီများက ဖွင့်ထားသော ဒဂုံမြို့သစ် မြောက်
ပိုင်းရှိ ထူးထရေးဒင်းကုမ္ပဏီ၊ တော်လှန်ရေးပန်းခြံရှေ့၊ ဦးဝိစာရလမ်းရှိ DENKO ကုမ္ပဏီ၊ တာမွေမြို့နယ်ရှိ မက်စ်မြန်မာကုမ္ပဏီ၊ ဒဂုံမြို့
သစ်တောင်ပိုင်းရှိ နီလာရိုးမကုမ္ပဏီ၊ တောင်ဥက္ကလာပမြို့နယ် မင်္ဂလာလမ်းထောင့်နှင့် ရတနာလမ်းထောင့်ရှိ ရာဇာမင်းကုမ္ပဏီ၊
ကန်သာယာလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေတောင်ကုမ္ပဏီ၊ ရန်ကုန်-ပြည်လမ်း မင်္ဂလာဒုံမြို့နယ် ဧရာရွှေဝါကုမ္ပဏီ၊
ပန်းပင်ကြီးကြည့်မြင်တိုင်မြို့နယ်ရှိ Petro Green (ယုဇနကုမ္ပဏီ)၊ ဦးဝိစာရလမ်း ဒဂုံမြို့နယ်ရှိ လင်းလက်အောင် (မြ၀တီထရေးဒင်း)
ကုမ္ပဏီတို့ ပါဝင်သည်။
  Myanmar Express 

3 comments:

ဘယ်ဆိုင်တွေက ပြည့်တယ်ပြောလိုက်ရင် ပိုကောင်းမှာ။

ကျန်တဲ့ နှစ်ဆိုင်က ပိတ်ထားလို့ ထင်တယ်
:P

မန္တလေးမှာ လည်းစစ်သင့်တယ် ပြီးတော့ရာဇသတ်ကြီးထဲက အလေးတင်းတောင်းချိန်ခွင်ဥပဒေနဲ့ တရားစွဲ့  အရေးယူသငိ့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်