Subscribe to our RSS Feed

ကျေးလက်နေ ပြည်သူများအား အရစ်ကျ ဖုန်းရောင်းချပေးမှုများကို ကနဦး တပ်ဆင်ခ ပြောင်းလဲ သတ်မှတ်ပါက နှုန်းထားသစ် အတိုင်း ခံစားခွင့်ရရှိမည်

From : MRTV4

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ကျေးလက်နေ ပြည်သူများ အတွက် အရစ်ကျ ဖုန်းချပေးမှု
တွေကို အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ၃ လတာ ကာလ အတွင်း တပ်ဆင် ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို တပ်ဆင်ရာ မှာတော့ GSM (2.75)G မိုဘိုင်း တယ်လီဖုန်း များကို ကနဦး တပ်ဆင်ခ နှုန်းထား နှစ်သိန်းနဲ့ တပ်ဆင် ပေးမှာဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး အနေနဲ့ ကနဦး တပ်ဆင်ခများ ပြောင်းလဲ သတ်မှတ်မှုများ ရှိလာတဲ့ အခါမှာလည်း နှုန်းထား အသစ်အတိုင်း ခံစားခွင့် ရရှိမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

လက်ရှိ မှာတော့ ကျေးလက်နေ ပြည်သူများ အတွက် GSM (2.75)G မိုဘိုင်း တယ်လီဖုန်း များကို အရစ်ကျ ပေးချေတဲ့ စနစ်နဲ့ ရောင်းချပေး တာဖြစ်ပြီး ဒီလို ရောင်းချရာမှာ ကနဦး ကျပ် ၄ သောင်းကို ပေးသွင်းစေပြီး ကျန်ငွေ ၁၆၀၀၀၀ တစ်သိန်း ခြောက်သောင်း ကိုတော့ တစ်ရစ်ကို တစ်သောင်းနှုန်းနဲ့ လစဉ်ပေးချေ သွားရမှာ ဖြစ်ပါတယ်။ အဆိုပါ အရစ်ကျ ရောင်းချမှု ကိုတော့ သတ်မှတ် ကာလ အတွင်းမှာသာ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အရစ်ကျ ရောင်းချမှုမှ ဖုန်းဝယ်ယူ သူဟာ ပထမ အရစ်ပေး သွင်းပြီးပါက GSM မိုဘိုင်း တယ်လီဖုန်း Sim Card ကို ထုတ်ယူပြီး စတင် သုံးစွဲခွင့်ရှိမှာ ဖြစ်ပါတယ်။

မြန်မာ့ ဆက်သွယ်ရေး အနေနဲ့ ယခုလို ကျေးလက်နေ ပြည်သူများ ဂျီအက်စ်အမ် မိုဘိုင်း တယ်လီဖုန်းများ ၃ လတာ ကာလ အတွင်း အရစ်ကျ ရောင်းချပေးမှု မှာတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အာမခံ နိုင်သော ၎င်းကျေးရွာနေ ပြည်သူများကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၀ယ်ယူ လိုသူတွေဟာ နီးစပ်ရာ မြို့နယ်များရှိ မြန်မာ့ ဆက်သွယ်ရေး စခန်းများနဲ့ ချိတ်ဆက်ကာ ၀ယ်ယူ နိုင်တယ်လို့ သိရပါတယ်။ အခုလို ကျေးလက် ဒေသနေ ပြည်သူများ အတွက် မိုဘိုင်း တယ်လီ ဖုန်းများကို အရစ်ကျ စနစ်နဲ့ ရောင်းချရ တာဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရောင်းချခြင်း ဖြစ်တယ်လို့ သိရပါတယ်။



Myanmar Express

1 comments:

လူအချင်းချင်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်