Subscribe to our RSS Feed

အစ္စရေး ကာကွယ်ရေး ဝန်ကြီး ဌာနသည် အရေးပေါ် အခြေ အနေတွင် အသင့်ရှိ စေရေး စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ် ခဲ့ခြင်း

From : mwd


အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနသည် အရေးပေါ် အခြေအနေ ဆိုင်ရာ ကြိုတင် ပြင်ဆင်ရေး မူဘောင် တစ်ရပ်အရ အောက်တို ဘာလ ၁၇ ရက်နေ့ ညပိုင်းနှင့် ၁၈ ရက်နေ့ နံနက် ပိုင်းတို့တွင် တပ်ဖွဲ့ဝင်များ အရေးပေါ် အခြေ အနေတွင် အသင့် ရှိစေရေး စစ်ရေး လေ့ကျင့်ခန်း ပြုလုပ် ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူများက ပြောကြားခဲ့ သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ အဆိုပါ လေ့ကျင့် ခန်းတွင် ကာကွယ်ရေး ဝန်ကြီး ဌာနသည် ဝန်ထမ်း များအား Tel Aviv မြို့ရှိ လုံခြုံရေး အထူး စောင့်ကြပ် ထားသည့် အရေးပေါ်ကယ်ဆယ်ရေး စခန်း များသို့ ရွှေ့ပြောင်း ပေးခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့ ပါသည်။ ထို့အပြင် အရာရှိများက  ဝန်ထမ်းများ၏ ဆဲလ်ဖုန်း များကို သိမ်းယူပြီး အရေးပေါ် အခြေ အနေတွင် ဆဲလ်ဖုန်းများ အသုံးမပြုဘဲ အခြား မည်သည့် နည်းဖြင့် ဆက်သွယ် ဆောင်ရွက် နိုင်မည် ဟူသည်ကို စမ်းသပ် လေ့ကျင့်ခဲ့ ပါသည်။ အဆိုပါ Tel Aviv သည် အီရန်နှင့် ဟဇ်ဘိုလာ အဖွဲ့တို့၏ ခြိမ်းခြောက် မှုကို ခံနေရပြီး တို့၏ ဒုံးကျည်ဖြင့် ပစ်ခတ် နိုင်သည့် အကွာအဝေးတွင် တည်ရှိနေပါသည်။ အဆိုပါ စခန်းကို ပြည်တွင်း ကာကွယ်ရေး ဆိုင်ရာ ရုံးနှင့် အခြား သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် အရပ်ဘက် အေဂျင်စီ များအတွက် စစ်ဆင်ရေး ဆိုင်ရာ စခန်း တစ်ခု အဖြစ် အသုံးပြုလျက် ရှိကြောင်းနှင့် စစ်ဖြစ်ပွားစဉ် ကြည်းတပ် အနေဖြင့် အဆိုပါ အဆောက် အဦမှ နေ၍ ကြီးကြပ် ကွပ်ကဲ နိုင်ကြောင်း သိရှိရ ပါသည်။ အရေးပေါ် အခြေအနေတွင် ကာကွယ်ရေး ဝန်ကြီး ဌာန အနေဖြင့် အရေးပါ သည့် ကဏ္ဍတွင် တည်ရှိ နေသောကြောင့် ၏ ရုံးများနှင့် ဝန်ထမ်းများကို အသင့် ရှိစေရေး လေ့ကျင့် ခန်းများ ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ ညွှန်ကြား ရေးမှူးချုပ် Udi Shani  က ပြောကြား ခဲ့သည်ဟု သိရှိရ ပါသည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်