Subscribe to our RSS Feed

ပြည်ခိုင်ဖြိုးပါတီတွင် အမျိုးသမီးများအား အဓိကထား၍ တန်းတူအခွင့်အရေးပေးရန် သူရဦးရွှေမန်းမှာကြား

From : ယမင်း(မြစ်မခ)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း အမျိုးသား၊ အမျိုးသမီးခွဲခြား ဆက်ဆံခြင်းမပြုပဲ တန်းတူ အခွင့်အရေးပေးရန်လိုကြောင်း ပြည်ခိုင်ဖြိုး ပါတီညီလာခံ၌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။



''ပါတီမှာ အမျိုးသမီးတွေကို အဓိကထားပြီး တန်းတူအခွင့်အရေးပေးရမယ်။ အမျိုးသမီးအရေးတွေကို လှုပ်ရှား အားပေးရမယ်။ ဗဟိုကော်မတီတွေမှာ ထည့်သွင်း တာဝန်ယူဖို့ စဉ်းစားကြရမယ်''ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယ ဥက္က္ကဌသူရ ဦးရွှေမန်းက ပြည်ခိုင်းဖြိုးပထမအကြိမ်ပါတီ ညီလာခံ နောက်ဆုံးနေ့ အောက်တိုဘာ(၁၇)ရက်နေ့ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။



ထို့အပြင် လွှတ်တော်ထဲ၌ အရေးကြီးသော ကဏ္ဍများအတွက် အမျိုးသမီးများမှာ  စွမ်းအားရှိသော်လည်း အခြေ အနေမပေးသောကြောင့် အမျိုးသမီးပါဝင်မှုကဏ္ဍ အားနည်းနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။  



''ပါတီထဲမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရတော့မယ်ဆိုတော့ ဝမ်းသာတာပေါ့။ အခုက ကျွန်မတို့ ပါတီမှာ အမျိုးသမီးအင်အား အရမ်းနည်းနေတယ်လေ။ အခုညီလာခံမှာလည်း တက်လာတဲ့သူပဲ ရွေးမယ် ဆိုတော့ ပြည်နယ်ကအမျိုးသမီးတွေ တစ်ယောက်နှစ်ယောက်ပဲ ပါလာတယ်၊ ထိပ်ပိုင်းနေရာတွေမှာ သိပ်တော့ မပါနိုင်သေးပါဘူး'' ဟု ပြည်ခိုင်ဖြိုးပါတီ တောင်ဒဂုံ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောသည်။




လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီတွင်း ပါတီဝင်ပေါင်း (၆)သန်းကျော် ရှိကြောင်းကိုလည်း ပါတီဗဟိုဋ္ဌာနချုပ်မှ တာဝန်ရှိသူထံက သိရှိရသည်။



လက်ရှိအချိန်တွင် လွှတ်တော်ထဲ၌   ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီး ဒေါ်စန်းစန်းနွယ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်၊ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒေါ်မေသန်းနွယ်၊ ဒေါ်စန်းစန်းဝင်း၊ ဒေါ်ကြည်ကြည်မာစသည့် (တိုင်းဒေသကြီး လွှတ်တော်တွင် (၄)ဦးနှင့် ပြည်သူ့လွှတ်တော်တွင် (၂)ဦး စုစုပေါင်းအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦး ရှိပြီး ရာခိုင်နှုန်းအနေဖြင့် ကြည့်ပါက ပါတီတစ်ခု လုံးတွင်မူ ပါတီဝင်အမျိုးသမီး လူဦးရေမှာ (၅ဝ)ရာခိုင်နှုန်းဝန်းကျင် ရှိကြောင်းကိုလည်း ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီဋ္ဌာနချုပ်က သိရှိရသည်။




“'အမျိုးသမီးတွေကို နေရာပေးမယ်ဆိုရင် သူတို့တွေက ငြိမ်းချမ်းရေးကိစ္စတွေမှာတောင် အဆင်ပြေ အေးချမ်း သွားနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းတဲ့   နေရာတွေမှာဆိုရင် လေပြေအေးလေးနဲ့ ပြောတဲ့အတွက် အဆင်ပြေ နိုင် တယ် '' ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ် ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။   



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်