Subscribe to our RSS Feed

အမေရိကန် ကမ်းရိုးတန်း ရေပြင်များအတွင်းရှိ စွန့်ပစ်လက်နက်များ၏ ဘေးအန္တရာယ် ကြီးမား

From :  ခေတ်လူငယ်



အမေရိကန်ပြည်ထောင်စု ကမ်းရိုးတန်းဒေသများ၏ ကမ်းလွန်ရေပြင်များ အတွင်း လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက စွန့်ပစ်ထားသည့် ပေါက်ကွဲခြင်းမရှိသေးသော စစ်သုံးလက်နက်ပေါင်ချိန် တန်ပေါင်းများစွာ တို့သည် ရေကြောင်းသွားလာရေးနှင့် ကမ်းလွန်ရေနံ တူးစင်များ အတွက် ဘေးအန္တရာယ် တစ်ရပ် ဖြစ်လာနိုင်ကြောင်း သုတေသန ပညာရှင်များက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ပေါက်ကွဲခြင်းမရှိသေးသည့် ဗုံးများနှင့် အခြားစစ်သုံးပစ္စည်း ပေါင်တန်ချိန် သန်းပေါင်းများစွာသည် မက္ကဆီကို ပင်လယ်ကွေ့နှင့် အမေရိကန်ပြည်နယ် ၁၆ ပြည်နယ်တို့၏ ကမ်းရိုးတန်း ကမ်းလွန်ရေပြင်များ၌ပျံ့နှံ့တည်ရှိနေကြောင်း သမုဒ္ဒရာဗေဒ သုတေသနပညာရှင်များ အဆိုအရ သိရသည်။ မက္ကဆီကို ပင်လယ်ကွေ့နှင့် အခြားသော အမေရိကန် ကမ်းလွန်ရေပြင်များ၌ အသုံးမပြုတော့သည့် စစ်သုံးပစ္စည်းများ စွန့်ပစ်မှုကို ၁၉၄၆ ခုနှစ်တွင် စတင်ခဲ့ပြီး ယင်းကိစ္စအား ပိတ်ပင်ခြင်းမပြုမီ ၁၉၇၀ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အမေရိကန် ကမ်းရိုးတန်း၏ ရေပြင်ဒေသများ အတွင်းပေါက်ကွဲ စေတတ်သော စစ်သုံးပစ္စည်းများအပြင် ဓာတုလက်နက်စည်များကို လည်း စွန့်ပစ်ထားခဲ့ရာ အချို့သော စည်များသည် ဓာတုပစ္စည်းများ ယိုဖိတ်နေနိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်