Subscribe to our RSS Feed

ဒီမိုကရေစီဆိုတာ အချိန်တိုင်း ဆန္ဒပြနေခြင်းမဟုတ်ပါ

From : ဆုတင်


 မိုးပြာဂိုဏ်းမှ ဘုန်းကြီးတစ်ပါးအား တရားစွဲဆိုထားရာတွင် မမှန်မကန်ဆုံးဖြတ်မည်စိုး၍ သံဃာတော်များအပါအ၀င် အောင်ပန်းဒေသခံ ၃၀၀ ခန့်က အောက်တိုဘာလ ၅ ရက် ညနေ ၃နာရီတွင် အောင်ပန်းမြို့လယ်မှ ဈေးအထိ ချီတက် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်းသိရှိရသည်။ တရားတောင် မစီရင်ရသေးပဲနဲ့ မမှန်မကန်ဆုံးဖြတ်မည်စိုး၍ ဆိုတာနဲ့တင် ဆန္ဒပြဖို့ စီစဉ်ကြတယ်ဆိုတာတော့ ဆန္ဒပြမယ့်သူတွေအနေနဲ့ ဥာဏ်ပညာ နဲ့ ချင့်ချိန် စဉ်းစားကြဖို့ သင့်ပါတယ်။ ဒီမိုကရေစီအရ ဆန္ဒပြတယ်ဆိုတာ အရက်မူး သမား ရမ်းကားသလို အသိတရား ကင်းမဲ့လို့ မဖြစ်စကောင်းပါ။ ဒီမိုကရေစီဆိုတာ ထစ်ကနဲ့ရှိ စိတ်လိုက် မာန်ပါ ဆန္ဒပြဖို့ ကျင့်ကြံကြရမယ့် လမ်းစဉ် မဟုတ်တာတော့ သေချာပါတယ် . . ။ ဒီမိုကရေစီကို နားလည်ပါတယ် တန်ဖိုးထားပါတယ် တိုင်းပြည်နဲ့ လူမျိုးအတွက် အမှန်တရားကို တကယ်ချစ် မြတ်နိုးကြပါတယ် ဆိုရင် အသိ အလိမ္မာ ဥာဏ် ပညာ နဲ့ တွေးဆ ဆင်ခြင် လုပ်ဆောင်ကြဖို့လိုကြောင်းပါခင်ဗျား . . ။ 


Myanmar Express 

3 comments:

ဟုတ်တယ်ဗျာ အခုကထစ်ခနဲဆို လမ်းလျှောက်မယ်လုပ်နေတာ
တမျိုးသားလုံးအတွက်အရေးကြီးရင်
လုပ်ပေါ့ နောက်ဆို လမ်းလျှောက်တာ
ညောင်းလို့ဘဲသတ်မှတ်ရင် အလကားဖြစ်မှာပေါ့

အဲဒီလို လွတ်လွတ်လပ်လပ် ရင်ထဲကဆန္ဒထုတ်ဖေါ်ခွင့် မရ
တာ ကြာလှပြီဆိုတော့ ရတုံးရခိုက်မှာ မြည်းစမ်းကြည့်ချင်
ကြမှာ ဓမ္မတာဘဲပေါ့ ။
အာဏာပိုင်ဆိုတဲ့ပုဂ္ဂိုလ်များ ကလည်း မကြောက်ကြ မလန့်ကြပါနဲ့ ။
သိပ်ဖိနှိပ်ထားရင် ပေါက်ကွဲတတ်တယ် ။

အော်ခွင့် ဟစ်ခွင့်ကလေး တဖက်ကပေး တဖက်မှာကျ
တော့ ပြင်သင့်တာလေးတွေ ပြင်သွားကြရင် ကောင်းသွား မှာပါ။

ပြည်သူ့အသံ ရင်ထဲကစကား တာဝန်ရှိသူတွေသိအောင်ဒီနည်းလမ်းအကောင်းဆုံးမဟုတ်ရင်တောင်မှအနီးစပ်ဆုံးလို့
ကျနော်ထင်တာပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်