Subscribe to our RSS Feed

ခါတော်မီသာကူးများ (ပေးစာ - ၁၉၀)

Fromး အောင်ဘာလေ


ယခုကာလအတွင်း မီဒီယာအချို့က တပ်မတော်အပေါ်အပြည့်အ၀အားပေးကျေးဇူးဆပ်နေတာ ကို တွေ့ရမှာပါ။ ဂျာနယ်တွေမှာ တပ်မတော်က အတင်းအဓမ္မ လူသစ်စုဖမ်းဆီးနှိပ်စက်တယ် လို့လည်း မဟုတ် မမှန် ရေးကြတယ်။ နယ်က ဓားပြမှုမှာလည်း တပ်ကပါသလိုလို သတင်းလွှင့်တယ်။ စိတ်ဓာတ် မကောင်း၊ လက်ကြော မတင်းလို့ စစ်ပြေးလေးတွေ KIA ဆီရောက်သွားလည်း အသက်မပြည့်ဘဲ စုဆောင်း ခံရတဲ့ “တိုက်ပွဲကြားကမြေစာပင်” လေးတွေဆိုပြီး တပ်မတော်အပေါ် လက်ညှိုးထိုးလာ တယ်။ နောက်မှ မဟုတ်မမှန်လုပ်ကြံရေးသားထားတာတွေက အဖြစ်မှန်ပေါ်လာရော။ ဒီလိုတပ်မတော် အပေါ် မဟုတ်မမှန် လုပ်ကြံအပုပ်ချနေသူများကို တရားစွဲဘို့ လူကြီးမင်းများ မစဉ်းစားကြတော့ ဘူး လား။ စတုတ္ထမဏ္ဍိုင်ကြီးက ဒီလိုဖြစ်နေတော့ ဘယ်သူ့သွားအားကိုးကြမလဲ။ 

မီဒီယာအတော်များများ က တိုင်းပြည် တိုးတက်ရေးအတွက် စေတနာသန့်သန့်၊ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရေးသားတင်ပြ နေကြ ပေမယ့် မီဒီယာအချို့က သတင်းလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ ပွင့်လင်းမြင်သာမှုစတာတွေ ကို ဘန်းပြပြီး နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ တပ်မတော်အပေါ် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက် တစ်ဖုံ အပုပ်ချစွပ်စွဲရေးသားနေကြပြီး အငြိုးအတေးကြီးကြီးနဲ့ လုပ်နေသလားလို့တောင် ယူ ဆရ ပါတယ်။ ဒီပုဂ္ဂိုလ်တွေကို ပြန်လေ့လာလိုက်ရင် ယခင်လက်ထက် မီဒီယာများထုတ်ဝေခွင့်ရရှိရေး အ တွက် တာဝန်ရှိ သူများနဲ့ ဆွေမျိုးအရင်းထက်ပိုပြီး ရင်းနှီးကြတဲ့သူများဖြစ်ပါတယ်၊ အချို့ကလည်း ဆွေမျိုး ရင်းခြာများ ဖြစ်ပါတယ်။ ရသမျှအခွင့်အလမ်းကို လက်မလွတ်တမ်းသုံးစွဲတဲ့သူတွေပါ။ အချို့ က လည်း လက်ကျန်အရှိန်အ၀ါလေးတွေ ခုထိခံစားနေဆဲလူတွေပါ။ နိုင်ငံတော်အပေါ်ဆန့်ကျင်ပြီး အခွင့်ကျေးဇူးမခံစားခဲ့ရတဲ့သူတွေ၊ မိမိယုံကြည်ချက်ကြောင့် ဖိနှိပ် ချုပ်ချယ်မှု ကိုခံခဲ့ရတဲ့သူတွေက ဒီကနေ့ နိုင်ငံတော်အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့များနဲ့ တပ်မတော်အပေါ် အပြစ် တင် ဝေဖန်ပြောဆိုတယ်ဆိုရင် ခံသာပါ သေးတယ်။ ခုတော့ တစ်သက်လုံး “သားရေပေါ်အိပ် သား ရေ နားစား” အခွင့်ထူးခံ လူအချို့က ခေတ်နဲ့အမီ “ခါတော်မီသာကူး”လုပ်ပြီး ကိုယ့်ကျွေးတဲ့လက် ကိုယ်ပြန်ကိုက် နေတာကတော့ ခံရသူမပြောနဲ့ ဘေးကမြင်ရတဲ့သူတောင် ဘယ်လိုမှ ကြည့်မကောင်း ပါဘူး။ ကျေးစွပ်ခြင်းကြောင့် ခံစားရမယ့်အပြစ်တွေကိုတော့ စာတတ်ပေတတ်ဖြစ်သော အနှီပုဂ္ဂိုလ်များ က ပို၍ သိရှိမှာဖြစ်ပါကြောင်း…………. 

Myanmar Express 

3 comments:

မျက်စိထဲပြေးမြင်မိတာကတော့ မြတ်ခိုင် နဲ့ စင်ရော်

အဲဒါခွေးဝဲစားတွေလေ။ခွေးဝဲစားမှရိုးရိုးခွေးဝဲစားမဟုတ်ဘူး။လမ်းဘေးခွေးဝဲစားEleven.The Voice.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်