Subscribe to our RSS Feed

SEA Champion League ပေါ်ထွက်လာစေဖို့ ဘောလုံးအဖွဲ့ချုပ်အား တိုက်တွန်းခြင်း အိပ်ဖွင့်ပေးစာ

From : ခင်နိုင်ဦး


 ဘောလုံးအားကစား သည် အမျိုးသား အားကစား၊ အမျိုးသား အားကစားသည် ဘောလုံးအားကစားလို့ ကျနော် ခံယူပါတယ်။ နိုင်ငံတိုးတက်လာတာနဲ့ အမျှ ဘောလုံး အားကစား တိုးတက်လာမယ်။ ဘောလုံးအားကစားတိုးတက်လာရင် နိုင်ငံလည်း တိုးတက်လာဖို့ ရှိပါတယ်။ ကျနော်တို့မြန်မာနေရှင်နယ်လိဂ် ဟာ 2009 ခု နှစ်ကတည်းကစတင် ခဲ့ပြီး အခုဆို ၄ နှစ် မှာ ၄ ကြိမ် ရှိခဲ့ပါပြီ။ အသင်း ၈ သင်းနဲ့ စတင်လာခဲ့တဲ့ နေရှင်နယ်လိဂ်ဟာ အခုဆို ၁၄ သင်း အထိရှီလာပါပြီ။ အသင်းတိုင်းဟာ နှစ်စဉ် ချန်ပီယံဆုရဖို့ အပြိုင်အဆိုင်ကြိုးပမ်းကြတာမို့ နေရှင်နယ်လိဂ်ပွဲတိုင်းဟာ အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပြီးတော့ ကလပ်တိုင်းဟာ အစဉ်အမြဲ မိမိရဲ့ အသင်းကို တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းနေကြတာမို့ ဒေသတွင်းအခြားလိဂ်များက ကလပ်တွေနဲ့ တန်းတူ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။ ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့ ရဲ့ နေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ အနာဂတ်ကို ဘယ်လောက်အတိုင်းအတာအထိ မျှော်လင့်ထားသလဲ။ ဘယ်လို အဆင့်တစ်ခု အထိရောက်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ထားရှိပါသလဲ ဆိုတာပါဘဲ။ ကျနော် ဖြစ်စေချင်တာက ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲလိုမျိုး ကျနော်တို့ ဒေသတွင်းမှာ ဖြစ်စေချင်တယ်။ ရှိစေချင်တယ်။ ဒါမှ ပြည်တွင်းက နေရှင်နယ်လိဂ် ပြိုင်ပွဲတွေ ဟာ ပိုပြီး အသက်ဝင်လာမယ်။ အိမ်ကွင်းအဝေးကွင်းကစားတဲ့အခါမှာ သူ့ပရိတ်သက် ကိုယ့်ပရိတ်သက် အားပေးကြတာမို့ ဒေသနိုင်ငံတွေအကြားမှာ ကူးလူးဆက်ဆံမှု ပိုများလာမယ်။ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်လာမယ်။ စီးပွားရေးအရ အများကြီးတိုးတက်လာ ပါမယ်။ ဒီအတွက် ဒေသတွင်း က ပရော်ဖက်ရှင်နယ် ဘောလုံးအဖွဲ့ချုပ်တွေက စုပေါင်းပြီး လိဂ်ရာသီများကို သတ်မှတ်ခြင်း၊ ပြိုင်ပွဲဝင်ခွင့်ရရှိမယ့် ပုံစံများကို သတ်မှတ်ခြင်း ၊ ကလပ်များရဲ့ Coefficient သတ်မှတ်ခြင်း၊ အမှတ်ပေးပုံစံများကို သတ်မှတ်ခြင်း ၊ စတာတွေကို စနစ်တကျ ဘောတူရေးဆွဲပြီး ဒါကိုအကောင်အထည် ဖော်သင့်တယ်လို့ ကျနော် အကြံပေးချင်ပါတယ်။ ဒါကလည်း သိပ်အခက်ကြီး မဟုတ်ပါဘူး။ လက်ရှိ အသုံးပြုနေတဲ့ ဥရောပချန်ပီယံလိ၈်လို ပြိုင်ပွဲများက ပုံစံကို အတုယူပြီး ဒေသတွင်းအဆင်ပြေမယ့် ပုံစံကို အနည်းငယ်ပြင်ဆင်လိုက်ရုံပါဘဲ။ ဒါဟာ သိပ်ကောင်းပါတယ်။ ဒီလိုပြိုင်ပွဲ မျိုးဖြစ်လာရင် မြန်မာနိုင်ငံအတွက် သာမက အာဆီယံနိုင်ငံတွေအတွက် သိပ်ကောင်းပါလိမ့်မယ်။ ဒါဆိုရင် ASEAN အသင်းလိုမျိုး နောက်ထပ် အသင်းတစ်ခု ဖြစ်ပေါ်လာခြင်းပါဘဲ။ AFC Cup လိုမျိုးကတော့ ရှီပါတယ်။ ဒါပေမဲ့ ဒေသတွင်းအတွက် အမှန်တကယ်အကျိုးရှိဖို့ကတော့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ကျနော်ဆိုလိုတာက အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ ကလပ်အသင်းတွေ နှစ်စဉ် ပြိုင်ဆိုင်ကြတဲ့ ပြိုင်ပွဲမျိုးပါ။ ဖြစ်လာလိမ့်မယ် လို့ လဲ ယုံကြည်ပါတယ်။ တစ်ခုပြောချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ SEA Champion League ပြိုင်ပွဲ ပေါ်ပေါက်လာအောင် ဒေသတွင်းနိုင်ငံတွေကို ဦးဆောင်ပြီး စည်းရုံးစေချင်ပါတယ်။ ဒီလိုပြိုင်ပွဲကို မြန်မာနိုင်ငံက ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာမျိုးကို ဖြစ်စေချင်ပါတယ်။ မြန်မာလူမျိုးတွေ အရည်အချင်းရှိတယ်ဆိုတာကို ပြစေချင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံများအတွက် အဘက်ဘက်က အကျိုးရှိမယ့် ကိစ္စမျိုးလို့ ယူဆတာမို့ ကျနော့်အနေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှီသူများကို အိပ်ဖွင့်ပေးစာရေးပြီး တိုက်တွန်းအပ်ပါတယ်။ ဒေသတွင်းမှ လိဂ်အသင်းများ 

S-league ၁၃ သင်း 
Thailand Premier League ၁၈ သင်း
 Vietnam League ၁၄ သင်း 
Myanmar National League ၁၄ သင်း 
Indonesian Premier League ၁၉ သင်း
Malaysian Super League ၁၄ သင်း 
Filipino Premier League ၈ သင်း
 Lao League ၁၀ သင်း Cambodia League ၁၀ သင်း
Brunei Premier League ၁၀ သင်း 

Myanmar national League - For the League For the Nation မြန်မာနေရှင်နယ်လိ၈် အောင်မြင်ပါစေ။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်