From :ကချင်ပြည်သူတစ်ဦး
KIA ဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။ ဒီအဖွဲ့ရှိနေတာကို ကျွန်တော်တို့ကချင်ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားတွေ အားလုံးက လုံးဝလက်မခံနိုင်ပါဘူး။ ရေရှည်စောင့်ကြည့်နေရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ ငြိမ်းချမ်းရေးဇာတ်မျောကြီးတော့ အဖြစ်မခံကြပါနဲ့၊ ဒီမိုကရေစီခေတ်မှာ အဓိက အလေးထားရမှာက ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒပါ၊ ပြည်သူတွေက စစ်တပ်ကို တောင်းဆိုပါတယ်၊ ပန်ကြားပါတယ်၊ ကချင်ပြည်သူတွေရဲ့ရန်သူ KIA ကို ရှင်းလင်းပေးပါ။ ကချင်ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပေးပါ။ စစ်တပ်ရဲ့ အဓိကတာဝန်တစ်ရပ်ဖြစ်တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်လုံခြုံရေးကိုကာကွယ်ပေးပါ။ KIA ရဲ့လုပ်ရပ်တွေဟာ အခြေခံဥပဒေကို ဖောက်ဖျက်နေတာ အသေအချာဖြစ်ပါတယ်။ စစ်တပ်မှာ အခြေခံဥပဒေကိုကာကွယ်ဖို့ အဓိကတာဝန်ရှိတဲ့အတိုင်း KIA ကိုအပြီးတိုင် သုတ်သင်ချေမှုန်းပေးပါ။ အခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIAဟာ အရင်အတိုင်းပဲ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ ကိုသာ ဆက်ပြီးတောင်းဆိုနေရင်တော့ဖြင့် စစ်တပ်မှာရှိတဲ့ သမိုင်းပေးတာဝန်တွေအရ KIA အကြမ်းဖက်အဖွဲ့ကို အင်အားသုံးပြီး လက်စတုံးချေမှုန်းပေးဖို့ ကချင်ပြည်သူတွေအားလုံးရဲ့ကိုယ်စား အထူးပန်ကြားလိုက်ပါတယ်။
Myanmar Express

3 comments:
KIA အကြမ်းဖက်အဖွဲ့အစည်းဟာမြန်မာ့မြေပေါ်မှာမရှိသင့်တဲ့အဖွဲ့အစည်းပါ။KIAရဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှု့တွေနဲ့ ငြိမ်းချမ်းရေးကိုမလိုက်လျောသင့်ပါ။KIA ကိုအမြစ်ပြတ်ချေမှုန်းသင့်ပါသည်။သိရိလင်္ကာနိုင်ငံက နိုင်ငံ့ကာကွယ်ရေးတပ်မတော်ကတမီးလ်သူပုန်တွေကို ချေမှုန်းသုတ်သင်သလိုမျိုး ချေမှုန်းသင်ပါသည်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့တဲ့အကြမ်းဖက်KIAဟာ တိုင်းပြည်ကောင်းကျိုး လူထုကောင်းကျိုး ပြည်နယ်ကောင်းကျိုးတစ်ခုမှမလုပ်ခဲ့ဘဲ မိုင်းထောင် ဗုံးခွဲ တံတားချိုး ဆပ်ကြေးကောက် ပြည်သူတွေကိုအားဓမ္မဖမ်းဆီး မုဒိန်ကျင့် လူသတ်ပြီး တိုင်းပြည်တိုးတက်ရေးလမ်းကြောင်းကိုဟန့်တားနှောက်ယှက်နေတဲ့အဖွဲ့အစည်းမို့ အမြစ်ဖြတ်ချေမှုန်းသင့်ကြောင်း မြန်မာ့တပ်မတော်ကိုချေမှုန်းပေးပါရန်အနူးအညွှတ်တောင်းဆိုပါတယ်။
မြန်မာ့တပ်မတော်ကြီးအောင်မြင်မှု့နဲ့အတူ အကြမ်းဖက်အဖွဲ့အစည်းKIAကျဆုံးပါစေ။
မြန်မာနိုင်ငံတော်အတွင်း ကချင်ပြည်နယ်အတွင်း ထာဝရ ငြိမ်းချမ်ရေးပန်းများပွင့်လန်းပါစေ။
must do.
KIA keep fighting freedom for your people and land!Before broke ceasefire KIA only 8000 thousands soldiers,after broke ceasefire KIA made stronger it's arm!RIght now KIA over 20000 soldiers!So Burma soldiers can't get able to beat KIA!KIA will kill more and more Burma soldiers!!!So peace is the only one good for our nation!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်