Subscribe to our RSS Feed

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲ

From :  မြ၀တီ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အစားထိုးပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၃၉/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို အမည်စာရင်း ပြောင်းလဲ လိုကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြား ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀-၁-၂၀၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ် (၁/၂၀၁၁) တွင် ဖော်ပြထားသည့် (၁) လေ ၂၁၉၅ ဗိုလ်မှူးထူးအောင် (အစား) လေ ၂၅၈၄ ဗိုလ်မှူးဇော်မင်းလတ် (၂) လေ ၂၁၈၄  ဗိုလ်မှူးအောင်မြတ်တိုး (အစား) လေ ၂၆၀၈ ဗိုလ်မှူးသန်းထိုက် စသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးအား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုး ပြောင်းလဲလိုက်ကြောင်း သိရှိရသည်။
 
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်