Subscribe to our RSS Feed

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသ တွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း

From : အင်တာနက်


အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ထိန်းချုပ် ရေးမျဉ်း (Line of Control-LoC) တစ်လျှောက်တွင် အပစ် အခတ် ရပ်စဲရေး သဘော တူညီ ထားမှုအား ချိုးဖောက် ၍ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ပိုင်းတွင် အပြန် အလှန် ပစ်ခတ်မှုြ ဖစ်ပွား ခဲ့ကြောင်း အိန္ဒိယ တာဝန် ရှိသူများက အောက်တို ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါ ပစ်ခတ် မှုသည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ဆရီနာ ဂါမြို့၏ အနောက် တောင်ဘက် ၁၈၅ ကီလို မီတာခန့် အကွာတွင် ရှိသော နယ်စပ်ဒေသ Poonch ခရိုင်၏ LoC တစ်လျှောက်တွင် အောက်တို ဘာလ ၁၇ ရက်နေ့က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အဆို ပါ နေ့နှောင်း ပိုင်း အထိ ဆက်လက် ပစ်ခတ်ခဲ့ ကြောင်း သိရှိရ ပါသည်။ ပါကစ္စတန် တပ်ဖွဲ့ဝင် များသည် အိန္ဒိယ စစ်စခန်းများကို လက်နက် ငယ်များဖြင့် အကြောင်းမဲ့ စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျမူးဒေသအခြေစိုက် အိန္ဒိယ ကြည်းတပ် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးR K Palta က ပြောကြားခဲ့ ပါသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်