Subscribe to our RSS Feed

ကျေးလက်ဒေသ တန်ဖိုးနည်း GSM ဖုန်းများ လျောက်ထားမှုတွင် အင်တာနက် ၀န်ဆောင်မှု ပါရရှိနိုင်မည်

From : mrtv4

ကျေးလက် ဒေသနေ ပြည်သူများတွက် ဂျီအက်အမ် မိုဘိုင်း တယ်လီဖုန်းများ အရစ်ကျ စနစ်နဲ့ ချထား ပေးမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ
၃၁ ရက်နေ့ အထိ ဆောင်ရွက် ပေးလျက် ရှိပါတယ်။ အခုလို နယ်ဒေသတွေမှာ ဆောင်ရွက် ပေးနေတဲ့ GSM တန်ဖိုးနည်း ဖုန်းတွေမှာ အင်တာနက် ၀န်ဆောင်မှု ကိုလည်း အသုံးပြု လိုပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်တာနက် သုံးစွဲခွင့်ကို ခွင့်ပြုထား တယ်လို့ သိရပါတယ်။ အဆိုပါ အင်တာနက် လျောက်ထားမှု ကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံက တယ်လီဖုန်း စတင် ၀ယ်ယူ လျောက်ထားစဉ် ကာလ ကတည်းက လျောက်ထား နိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် အင်တာနက် စနစ်ကို လျှောက်ထားသူဟာ တယ်လီဖုန်း တန်ဖိုးငွေ အရစ်ကျ လစဉ်ပေး သွင်းရမယ့် ငွေပမာဏကို မပေးသွင်းခြင်းနဲ့ သုံးစွဲနေစဉ် ကာလ အတွင်း ပြည်ပနိုင်ငံများနဲ့ တရားမ၀င် ဖုန်းခေါ်ဆိုမှု များကို သံသယ ဖြစ်ဖွယ် တွေ့ရှိခဲ့ပါက လိုင်းဖြတ်တောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ မြို့နယ်နဲ့ ကျေးရွာများ အတွက် GSM/UMTS တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း အရ ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးနိုင်တဲ့ မိုဘိုင်း တယ်လီဖုန်း ရေဒီယို စခန်းများ ကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စခန်းပေါင်း ၇၀၀ ခန့်တည်ဆောက် ထားတယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှု နှုန်းဟာ သုံးစွဲသူ ၃ သိန်း နီးပါးခန့် ရှိပြီး CDMA 800 MHz ဖုန်းများနဲ့အင်တာနက် အသုံးပြုမှု နှုန်းထက် GSM မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနှုန်းဟာ ပိုမိုများပြား တယ်လို့ သိရပါတယ်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်