Subscribe to our RSS Feed

NLD ပါတီ၏ ဖခင်ကြီး ဦးအောင်ကြီး သေဆုံးမှု လူထုဝမ်းသာ

NLD ပါတီ၏ ဖခင်ကြီး ဦးအောင်ကြီး သေဆုံးမှု လူထုဝမ်းသာလျှက်ရှိကြောင်း သတင်းရရှိသည်။ အသက် ၉၄ နှစ်အရွယ် NLD ဥက္ကဌကြီး ဦးအောင်ကြီးသည်  ယနေ့ မနက် ၈ နာရီ ၂၀ မိနစ်တွင် သေဆုံးခဲ့ပြီး စနေနေ့ (အောက်တိုဘာ ၂၇) ၁၁ နာရီ ရေဝေးမှာ မီးသင်္ဂြုဟ်လည်ဟု သိရသည်။

၁၉၈၈ခုနှစ် အရေးအခင်းအပြီးတွင် "အောင်စုတင်" ဟူ၍ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ဆိုသော အတွဲမှ တစ်ဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပေါ်လာခဲ့ပြီး သခင် အောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦးက ဒုတိယ ဥက္ကဋ္ဌ နှင့် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ သို့ သော် ၁၉၈၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွင်း ကွန်မြူနစ်များ လွှမ်းမိုးမှု ရှိသည်ဟူသော သခင်အောင်ကြီး၏ စွပ်စွဲမှု နှင့် ပတ်သက်ပြီး ပါတီတွင်း သဘောထား ကွဲမှု ဖြစ်ပေါ်ခဲ့ကာ ယင်းကိစ္စအပေါ် မဲခွဲဆုံးဖြတ်ပြီးနောက် ပါတီမှ နှုတ်ထွက်သွားသူ ၁၃ ဦးတွင် သခင် အောင်ကြီး ပါဝင်ခဲ့သည်။  ထိုသို့ နှုတ်ထွက်ခဲ့ပြီးနောက် ပြည်ထောင်စု အမျိုးသားများ ဒီမိုကရေစီ ပါတီကို သခင်အောင်ကြီးမှ တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ် (၁) နေရာသာ အနိုင်ရရှိခဲ့သည်။ 

ဦအောင်ကြီးသည် NLD ပါတီ၏ ဖခင်ကြီး ဖြစ်ပြီး NLD ပါတီ၏ ပထမဆုံး ဥက္ကဌကြီးလည်းဖြစ်သည်။ အောင်၊ စု၊ တင် သုံးဦးတွင် ယခု ဦးအောင်ကြီး သေဆုံးပြီးနောက် အစဉ်လိုက်ဆိုလျှင် အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် မကြာခင် သေနိုင်ကြောင်း လေ့လာသူ အချို့က သုံးသပ်ကြသည်။ 

ဒုဥက္ကဌ ဦးကြည်မောင် (သေပြီး)

 လက်ရှိ နာယက ဦးဝင်းတင် - ၈၃ နှစ်  (မသေသေး)

လက်ရှိ နာယက ဦးတင်ဦး - ၈၅ နှစ် (မသေသေး)

လက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် - ၆၇ နှစ် (မသေသေး)

ဦးအောင်ကြီးသည် ဒေါ်အောင်ဆန်းစုကြည် ပါတီ ဥက္ကဌ ဖြစ်ရေးအတွက် ဥက္ကဌ ရာထူးမှ ဖယ်ရှားခံလိုက်ရသူဖြစ်သည်။

Myanmar Express 

2 comments:

MEG ရေ..သစ်ထူးလွင် web site မှာ comment ရေးရတာလည်း
ဆင်နဲ့ခွေးနဲ့ ပါတဲ့ စကားပုံလို ဖြစ်နေတယ်ဗျာ။ ကိုယ်ကသတင်းအမှန်ထင်ပြီး
comment ရေးမိပြန်တော့လည်း ငပေါကြီး ဖြစ်ရပြန်တယ်ဗျာ။
MEG ကနေ comment ရေးကြည့်လိုက်ပါအုံးမယ်။
တိုင်းပြည်အတွက် လေးစားထိုက်သူ၊ကျေးဇူးတင်ထိုက်သူတွေကို
စဉ်းစားကြည့်တဲ့အခါ အနည်းဆုံး ပေတံ(၂)ချောင်းနဲ့တော့ တိုင်းတာသင့်တယ်
ထင်တယ်ဗျာ။ (၁)တိုင်းပြည်အတွက် ဘယ်လောက်အထိ ဆင်းရဲဒုက္ခ ခံခဲ့ရလဲ?
(၂)တိုင်းပြည်အတွက် ကောင်းကျိုးချမ်းသာတွေ ဘယ်လောက်အထိ
ဆောင်ရွက်ပေးခဲ့သလဲ?။... နံပါတ်(၁)ပေတံ တခုတည်းနဲ့ တိုင်းကြည့်မယ်ဆိုရင်
တည်ဆောက်ရေးအတွက် မှန်ကန်တဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို ဖြန့်ဝေ
ပေးနေတဲ့ ဦးညီလှငယ်တို့၊ ဦးဖေမြင့် ၊ ကိုတာ၊ ကျော်ဝင်း၊နယ်ပယ်အသီးသီးမှာ
အများကြီးပါဗျာ။ Online ကနေ ကိုယ့်ထမင်းကိုစားပြီး နည်းပညာ၊ဗဟုသုတတွေ
ဖြန့်ဝေပေးနေတဲ့ သူတွေတောင်ပါသေးတယ်။ အဲဒီလူတွေဟာ ဆင်းရဲဒုက္ခတွေ
မခံကြရတဲ့အတွက် အလကားလူတွေ ဖြစ်ကုန်လိမ့်မယ်။ နံပါတ်(၂)ပေတံ တခု
တည်းနဲ့ တိုင်းကြည့်ပြန်ရင်လည်း ဒေါ်စုအပါအ၀င် အတိုက်အခံအားလုံးလိုလို
ထောင်ထဲမှာဖြစ်ဖြစ်၊ ပြည်ပြေးတွေအနေနဲ့ဖြစ်ဖြစ် အချိန်ကုန်နေကြတာဗျ။
ကိုယ်တိုင်တောင် ဆင်းရဲဒုက္ခတွေနဲ့ နေ နေကြရတာဗျာ။ တိုင်းပြည်ကို
ချမ်းသာ သုခတွေ ဘယ်လိုလုပ် ဆောင်ကျည်းပေးနိုင်မှာလဲ။အဲဒီလူတွေလည်း
အလကားလူတွေ ဖြစ်ကုန်လိမ့်မယ်။ အဲဒီတော့ media တွေအနေနဲ့ အနည်းဆုံး
ပေတံ(၂)ချောင်းတော့ ဆောင်ထားသင့်တယ်ဗျ။ ပြည်သူတွေကို ကိုယ်မြင်စေ
ချင်တဲ့အတိုင်း မြင်အောင် ပေတံတခုတည်းနဲ့ ယူယူပြီး တိုင်းပြနေတာမျိုးတော့
မဖြစ်သင့်ပါဘူးဗျာ။ ကျနော်ကတော့ လူငယ်အင်ဂျင်နီယာတယောက်ဆိုတော့
ပေတံတွေ ပေါတယ်ဗျ။ မရှိရင်လာငှားဗျာ။ မူးမူးနဲ့ပြောတာ စိတ်မဆိုးကြနဲ့နော်။
ကျနော်တို့ ပြည်သူအများစုက ကိုယ်ပိုင်စဉ်းစားဥာဏ် နည်းနေကြသေးလို့
ပြောတာပါ။ နောက် သုံးလေးနှစ်ဆို ပြောစရာမလိုတော့ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်