Subscribe to our RSS Feed

ပညာရေး အသုံးစရိတ် ထပ်မံ တိုးမြှင့်မည် ဟု သမ္မတကြီး ပြောကြား

From : ထွန်းကျော်


ပညာရေး ကဏ္ဍတွင် အသုံးစရိတ် များ ထပ်မံ တိုးမြှင့် ပေးရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်း မီဒီယာ များ နှင့် တွေ့ဆုံ ခဲ့သည့် ပထမဆုံး သတင်းစာ ရှင်းလင်း ပွဲတွင် နိုင်ငံတော် သမ္မ္မတ ဦးသိန်းစိန် က့  ပြောကြား ခဲ့သည်။ "အဲဒါ အပြင် ပြည်ပ ကနေ အကူအညီ တွေ Grant ရန်ပုံငွေ တွေ သက်သာတဲ့ ချေးငွေတွေ Loan တွေ ဒါတွေ လည်း တောင်းဆို ထားတာ တွေ ရှိပါတယ်"ဟု ပညာရေး နှင့် ကျန်းမာရေး အသုံးစရိတ် အတွက် တိုးမြှင့် ဆောင်ရွက် ခဲ့သည် များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ထပ်လောင်း ပြောကြား ခဲ့သည်။ ပညာရေး ပြုပြင် ပြောင်းလဲ မှုများ စတင်မည် ဆိုပါက ငွေကြေး သုံးစွဲမှု များ ထပ်မံ တိုးမြှင့်ရန် လိုအပ် ကြောင်း၊ လက်ရှိ တိုးမြှင့်ထားသည့် အသုံးစရိတ် နှစ်ဆ မှာ လက်တွေ့ အသုံးပြု ပါက မလုံလောက် နိုင်ကြောင်း ပြည်တွင်း ပညာရေး လောက စောင့်ကြည့် လေ့လာသူ များက အကြံ ပြုသည်။ အဆင့်မြင့် ပညာရေး ကဏ္ဍ အတွက်လည်း ဂျွန်ဟော့ကင်း တက္ကသိုလ်ခွဲ ကို မြန်မာနိုင်ငံ တွင် လာရောက် ဖွင့်လှစ်နိုင် ရန် အဆိုပါ တက္ကသိုလ် မှ ဒုတိယ ဥက္ကဌ မစ္စတာ ရိုက်စ် နှင့် တွေ့ဆုံ ကာ ဆွေးနွေး ညှိနှိုင်း ပြီးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။ မြန်မာနိုင်ငံ တွင် တိုင်း ဒေသကြီး နှင့် ပြည်နယ်အလိုက် စာတတ်မြောက် မှု နှုန်းသည် ၂၀၁၂ ခုနှစ် က ရရှိ သည့် အချက်အလက် များ အရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် ၅၅ ဒသမ ၉၀ ရာခိုင်နှုန်း နှင့် အနည်း ဆုံး ဖြစ်ပြီး ၊ မကွေးတိုင်း ဒေသကြီး သည် ၉၉ ဒသမ ၉၀ ရာခိုင်နှုန်း နှင့် အမြင့်ဆုံး ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန က ထုတ်ပြန် ခဲ့သည်။

 Myanmar Express 

5 comments:

အမြော်မြင်ကြီးပါပေတယ်သမ္မတကြီးရယ်။ အောက်စဖိုဒ့် ကျောင်းဆင်း ဒေါ်စုကို သမ္မတကြီး ပါထားတဲ့ချီးကျွေးရမယ်။ဒါမှသူလဲဦးနှောက်ကြီးမှာ

သမ္မတကြီးရယ်.. အ သုံး စ ရိတ် မြင့် သ လို အ ရည် အ ချင်း လေး ပါ မြင့် ပေး ပါ ဦး.. အ စိုး ရ ရဲ. အ ဆင့် မြင့် ကျောင်း တွေ မှာ 2010 university အ ဆင့် tutor ရွေး တဲ့ အ ချိန် တုန်း က ခေါင်း ကြီး ပိုင်း professors တွေ ဘယ် လို ရွေး လိုက် လဲ မ သိ essay တစ် ပုဒ် မှ မ ဖြေ ခဲ့ တဲ့ သူ ကို tutor အ ဖြစ် ရွေး လိုက် တာ သိ ကြ ပါ ရဲ့ လား???
MEG သာ ဖြောင့်မတ်တယ် ဆို ရင် ဒီ comment လေး တင် ပေး သင့် ပါ ရဲ့

၂၀၁၂ -၁၃ ပညာ သင် နှစ် အ တွက် အ သေး သုံး ရန် ပုံ ငွေ တွေထုတ် ပေး နေ တာ ကျောင်း အုပ် များ ကို လိမ် နည်း သင် ပေး နေ တာ နဲ့ တူ ပါ တယ် ဘောက် ချာ အ တု တွေ တင် ခိုင်း ပြီး မှ ထုတ် ပေး တာ လုံး ဝ မဖြစ် သင့် ပါ ဘူး အား လုံး အ တု အလိမ် လုပ် တတ် သွား ကြ ပါပြီ မြစ် ကြီး နား မြို့ နယ်

လစာများတန်းတူပေးစေလိုတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်