Subscribe to our RSS Feed

ဘန်ဂါဇီရှိ အမေရိကန်သံရုံး တိုက်ခိုက်မှု သံသယရှိသူ အီဂျစ် တွင် အသေဖမ်းဆီး နိုင်ခဲ့

From :FNG


 လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့ ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို စက်တင် ဘာလက ရော့ကတ်လောင်ချာ ဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ တစ်ဦးမှာ အီဂျစ် နိုင်ငံကိုင်ရို မြို့ တွင် လုံခြုံရေးတပ်ဖွဲ့  ၀င်များနှင့် အပြန်အလှန်ပစ်ခတ်မှုတွင် သေဆုံးသွားခဲ့သည်ဟု အီဂျစ် အစိုးရမှ တရားဝင်သတင်းထုတ် ပြန်သည်။ စက်တင်ဘာလ ၁၁ ရက်နေ့ က စစ်သွေးကြွအုပ်စုမှ ရော့ကတ်ဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်ကြီး J. Christopher Stevens အပါအ၀င် သံရုံးဝန်ထမ်းလေးဦး သေဆုံးခဲ့ရသည်။ သံရုံးတိုက်ခိုက်မှုတွင် ပါဝင်သည့် ဟာဇမ်ဟု အီဂျစ်အစိုးရက သတင်း ထုတ်ပြန်ထားသူသည် အီဂျစ် ရဲတပ်ဖွဲ့ အား ဗုံးဖြင့် ပစ်ခတ်စဉ် ဗုံးပေါက်ကွဲ မှု ကြောင့် သေဆုံးရသည်ဟု ဆိုသည်။ ယနေ့ နံနက်အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သို့  လစ်ဗျားမှ ပေးပို့ သည့် အီးမေးများတွင် ထရီပိုလီရှိ အမေရိကန်သံရုံးကို ဆက်လက်တိုက်ခိုက်ရန် အယ်(လ)ကာယီးဒါးအဖွဲ့ နှင့် ဆက်စပ်သည့် လစ်ဗျား အခြေစိုက်အဖွဲ့ တစ်ခုက တိုက်တွန်းထားပြီးဘန်ဂါဇီ ရှိ ကောင်စစ်ဝန်ရုံးက ရော့ကတ်ဖြင့် ပစ်ခတ်မှုမှာလည်း ၎င်းတို့ ၏ လက်ချက်ဟု ဖော်ပြထားသည်။ ၎င်းသည် အီဂျစ်နိုင်ငံကို ဖြတ်ကျော်ပြီး ဆိုင်းနိုင်းကျွန်းဆွယ်မှတစ်ဆင့် အာရပ်နိုင်ငံတစ်ခုသို့  ထွက်ပြေးရန် ကြံစည်နေချိန်တွင် အသေဖမ်းဆီး ရမိခြင်း ဖြစ်သည်။ 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်