Subscribe to our RSS Feed

ကချင်ပြည်နယ်တွင် ကေအိုင်အေ အကြမ်းဖက်မှု အဆုံးသတ်စေမည့် ခါယာတိုက်ပွဲ အခြေအနေ

From : http://www.oppositeyes.info/2013/01/blog-post_7763.html
 

လက်နက်ကြီးများဖြင့် မြေဆူလောက်အောင် ပစ်ခတ်ချေမှုန်းပြီးမှ ယနေ့ညနေ (၄)နာရီအချိန်မှစပြီး အစိုး ရမြေပြင် တပ်ဖွဲ့များသည် လိုင်ဇာအနီးရှိ ခါယာတောင်ကျောကို ပြင်းထန်စွာစတင်စစ်ဆင်ခဲ့သည်ဟု KIA ရှေ့တန်း တာဝန်ရှိသူ တဦးကဆိုပါသည်။

“ ဒီနေ့ (၁) နာရီခွဲ အချိန် ကနေ စပြီးတော့ ခါယာ တောင်ကျောကို လက်နက်ကြီး တွေနဲ့ ပစ်လိုက်တာ နားေ ထာင် သူတွေ အဖို့တောင် ခံစား ရတယ်ဗျ။ တမိနစ်ကို လက်နက်ကြီး (၄)လုံး နှုန်းနဲ့ ပစ်နေတာကို သတိ ထား မိတယ်။ ဒီတော့ နေ့လည် တနာရီခွဲ ကနေ ပစ်တာ ညနေ (၄ )နာရီ အထိလေ။ ထိခိုက်မှုတော့ သိပ် မစိုးရိမ် ရပါဘူး။ ဒါပေမဲ့ လက်နက်အသံ တွေက ကြာလာရင် နားအူ တယ်ဗျ။ လက်နက် ကြီးလည်း ရပ်ေ ရာ မြေပြင် တပ်က အပြင်း ထိုးတက် လာတာ ပါဘဲဗျ” ဟု ဆိုပါသည်။

အစိုးရ လက်နက် ကြီးများသည် ဗန်းမော်-မြစ်ကြီးနား ကားလမ်း အနီးရှိ တာပ်ဘွန် တောင်မှ အလက်ပေါင်း များ စွာဖြင့် ပစ်ခတ် နေခဲ့ ပါသည်။ ထို့အပြင် ခါယာတောင် အနီးရှိ ပွိုင့် (၇၇၁) မှလည်း အနီးကပ် ပစ်ခတ် ခဲ့ပါ သည်။ အစိုးရ မြေပြင်တပ် များသည်လည်း ယမာန်နေ့ ကတည်းက KIA မြေပြင် တပ်ဖွဲ့နှင့် အနီးကပ် တပ်စွဲ ထားခဲ့ ပါသည်။

(၄) နာရီ ထိုးသည့်အခါ လက်နက်ကြီး ပစ်ခတ်မှုများ ရပ်စဲ သည်နှင့် အစိုးရ မြေပြင် တပ်များသည် အပြင်း အထန် ထိုးစစ် စတင် ခဲ့ခြင်း ဖြစ်ပါသည်။ ထိုင်းစံတော်ချိန် ညနေ (၅) နာရီ အထိ တိုက်ပွဲ ပြင်းထန်ဆဲ ဖြစ်ပါသည်။

အစိုးရ တပ်များသည် တရက် အတွင်း ခါယာ တောင်ကျောကို သိမ်းပိုက်ရန် အစီ အစဉ် ရှိသည်ဟု KIA ဖက်က ဆိုပါသည်။ တချိန် ထဲ၌ အစိုးရ လက်နက်ကြီး များသည် ခါယာတောင်ကျောကို အပစ်ရပ် သွားခဲ့ သော်လည်း KIA ဌာနချုပ်ကို ပွိုင့် (၇၇၁) စခန်းရှိ လက်နက်ကြီး များက ဆက်လက် ပစ်ခတ် နေခဲ့ ပါသည်။

နှစ်ဖက် စလုံး အထိအခိုက် အကျအဆုံး များလိမ့်မည် ဖြစ်သည်။ KIA သည် မဆုတ်တမ်း ခံတိုက်မည် ဖြစ်သလို အစိုးရဖက် မှလည်း အစိုးရ ဂုဏ်သိက္ခာ အရ အပြီးအပြတ် တိုက်ခိုက် ရတော့မည် ဖြစ်သည်။ KIA မှ ခံစစ်သေနှင့် ရင်ဆိုင် နေသဖြင့် အစိုးရ ဖက်ကလည်း အဆပေါင်း များစွာသာသော စစ်အင် အားကို သုံးပြီး တိုက်ခိုက် နေတော့သည်။

KIA ၏ ခံစစ် သေနင်္ဂ စစ်ဗျူဟာသည် အစိုးရ ကြိုက်နှစ် သက်သော ဗျူဟာမျိုး ဖြစ်သည်။ ခံစစ်သေသည် တပ်တည် နေရာ ပေးပြီးသား ဖြစ်သဖြင့် အစိုးရ အတွက် ပစ်မှတ် ရှာစရာ မလိုဘဲ စစ်အင်အား တိုးမြှင့်ပြီး အပြီး တိုက်ရန်သာ စစ်ဆင်ရ တော့မည် ဖြစ်သည်။

အစိုးရ စစ်ဗျူဟာသည် KIA တပ်မဟာ များမှ ဗဟို လိုင်ဇာ ဌာနချုပ်ကို စစ်ကူ မပေး နိုင်ရန် စစ်ကြောင်း များဖြင့် ထိမ်းထား ခဲ့ပြီးမှ လိုင်ဇာကို ချေမှုန်း နေခြင်း ဖြစ်သည်။ ထို့အပြင် KIA သည် ရှိသမျှ အင်အား များကို တနေရာ ထဲ၌ စုပုံပြီး ခံတိုက် နေခြင်းသည် အစိုးရ အတွက် အင်အား သုံးပြီး ၀ိုင်းဝန်း ချေမှုန်း နေခဲ့ခြင်း ဖြစ်ပါသည်။

ဤသို့ကြောင့် အစိုးရသည် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဒေါ့ဖုန်ယန်သို့ သံချပ်ကာကား အပါဝင်၊ ရေတပ် အဖွဲ့များပါ ခေါ်ယူ အင်အား ဖြည့်ထား ခဲ့ပါသည်။ အင်အား အနေဖြင့် နှိုင်းယှဉ် ရသော် လိုင်ဇာ ပတ်ဝန်း ကျင်၌ KIA အင်အား ထက် အဆ (၄၀) မျှ ရှိသော အင်အားနှင့် အစိုးရက တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ အစိုးရ တပ်များသည် လိုင်ဇာကို ၀ိုင်းရံ ထားပြီး အင်အားဖြင့် ချေမှုန်း နေသည့်အသွင် ဆောင်နေ ခဲ့ပါသည်။

ခါယာ တောင်တန်းသည် KIA ဌာနချုပ်ကို ထိမ်းချုပ်ရန် စစ်ရေး အချက်အချာ ကျသည့် စိုးမိုး တောင်ကျော ဖြစ်ပါ သည်။ ဤတောင်ကျောကို မရမချင်း စစ်ရပ် စဲရန် အစိုးရဖက်မှ မည်မျှပင် ဂတိပေး သော်လည်း စစ် ဆင်ရေး ရပ်လိမ့်မည် မဟုတ်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ သို့သော် KIA သည် ဤတောင် ကုန်းကို ရွံ့ရွံ့ချွန်ချွန် ခံတိုက် သွားမည်ဟု ဆိုထား ပါသည်။ ယနေ့ တိုက်ပွဲတွင် ညနေ (၅) နာရီအထိ လေကြောင်း အသုံးပြုခြင်း မရှိခဲ့ပေ။

အစိုးရ၏ နောက်တန်း စခန်းကို KIA ထိုးဖေါက်ရန် အခြေအနေ နည်းလာ နေပါသည်။ ဤသို့ မလုပ်နိုင် လေေ လ အထိနာ လေလေ ဖြစ်တော့ မည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ ဤအချိန်၌ KIA သည် အခြား တပ်မဟာ များ၏ အင်အား များကို အသုံးပြုပြီး စစ်မျက်နှာဖြန့်ကာ အစိုးရ၏ နောက်ကြောင်း များ ကို စစ်ဆင်လျှင် ရှေ့တန်း တပ်များ ထိမ်းရခက် ပေလိမ့်မည်ဟု စစ်ရေး အကဲခတ် များက ယူဆပါ သည်။
 

11 comments:

must kill off all traitors.

ကောင်းတယ်။ KIA ခွေးတွေ ကို တစ်ကောင်မချန်ရှင်းပစ်ပေးပါ။

အားလုံး ကောင်းပါသည်

ကိုယ့်ဘက်က အထိမနာရအောင် လေကြောင်း
အကူအညီကို အမြန်ရယူစေချင်တယ်။

တိုက်လက်စ တစ်ခါတည်းအင်အားသုံးပြီး အပြတ်တိုကလိုက်ရင် ပွဲသိမ်းပြီပေါ့။

စစ်ကို ရေရှည် စွဲတိုက်နေရင် ပြည်သူတွေ နဲ့  အောက်ခြေ က စစ်သားတွေပဲ ဒုက္ခရောက်မှာ။ ကိုယ့်တိုင်းပြည်ပြသ၁နာ ကို ကိုယ်ကို တိုင် ပဲရှင်းရမှာ။တိုင်းပြည်ဆူပူနေရင် ဘယ်နိုင်ငံခြားရင်းနှီးမြုပ်နှံ မှု မှ လာမှာ မဟုတ်လို့ သူပုန်တွေ ကို အပြီး သတ် ချေမှုန်း သင့် ပါတယ်။ လူဆိုတာ သားအဖ နှစ်ယောက် နဲ့  မြည်း ပုံပြင် လို အပြော ကတော့ လွတ်မှာ မဟုတ်ဘူး။ ချီးမွမ်း ၇ရက် ကဲ့ရဲ့  ၇ရက်ပါ။

KIa ပီးတော့ ၀က်မြေး ခွေးသားတွေ အလှည့်ပေါ့ကွာ.....၀အောင်စားထားကြဟေ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်