Subscribe to our RSS Feed

အလုပ်မရှိ အကိုင်မရှိ ၁၀၉/ ၁၁၀ စုစုပေါင်း ၁၉၇ သန်းရှိ ဟု ကုလ ထုတ်ပြန်

From : the voice


 
အင်အားကြီး စီးပွားရေး နိုင်ငံများတွင် စီးပွားရေး တုန့်ဆိုင်းမှု နှင့် ရင်ဆိုင် နေရသော ကမ္ဘာကြီးတွင် အလုပ် လက်မဲ့ အရေအတွက်မှာ ၁၉၇သန်း အထိ ရောက်ရှိ သွားပြီ ဖြစ်ပြီး အဆိုပါ အရေအတွက် သည် ထပ်မံ၍ တက်လာဖွယ်ရာ ရှိကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ လက်အောက်ခံ အလုပ်သမား အဖွဲ့အစည်း (ILO) ၏ ထုတ်ပြန်ချက် အရ BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။

လူငယ်များကို အလုပ်လက်မဲ့ နှုန်းက ပြင်းထန်စွာ ထိခိုက်ကာ ၁၃ ရာခိုင်နှုန်းသော အလုပ်လက်မဲ့ များသည် ၂၄နှစ်အောက် အလုပ် လုပ်နိုင်သည့် လူငယ်များ ဖြစ်ကြသည် ဟုလည်း ILO က သုံးသပ် ထုတ်ပြန် ထားသည်။ ၂၀၁၂ အတွင်း အလုပ်လက်မဲ့ ဦးရေ လေးသန်း ထပ်တိုးလာပြီး၂၀၁၃တွင် အလုပ်လက်မဲ့ ဦးရေမှာ ၅ဒသမ၁သန်း အထိ ထပ်ပြီး တိုးလာ ဦးမည် ဟုလည်း ခန့်မှန်းချက်များ ထုတ်ပြန် ထားသည်။

သက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြား ပေးသည့် သင်တန်းကျောင်း များအတွက် အစိုး ရများ အနေနှင့် ပိုက်ဆံ ပိုပြီး သုံးကြရန် နှင့် လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ရှာဖွေ ပေးပါရန် ILO အစီရင်ခံစာ က အကြံ ပေးထားသည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်