Subscribe to our RSS Feed

ကချင်စစ်တာရှည်လျှင် ကျောက်စိမ်းဈေးကွက်အသက်ထွက်မည်

From :popular

ကချင်ဒေသပြည်တွင်းစစ်ပဋိပက္ခသည် ယခုအတိုင်း ဆက်လက် တာရှည်မည်ဆိုပါက ကျောက်စိမ်းဈေးကွက်မှာ တောင့်ခံနိုင်မည် မဟုတ်ဟု ကျောက်မျက် အသင်း ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ပြောသည်။


”လက်ရှိမှာကုမ္ပဏီကြီးတွေက ကုန်ကြမ်းတွေ ရှိနေသေးတယ်။ ဒါကြောင့် နောက်ထပ်တစ်နှစ် လောက်တော့ တင်းခံနိုင်ဦးမယ်” ဟု ၄င်းက ပြောသည်။ထို့အပြင် ဖားကန့်ရှိ   ကျောက် စိမ်းလုပ်ကွက်များတွင် ကျောက် ကားများ၊ မြေသယ်သည့်ကားများ အား နေရာရွှေ့သည်နှင့်KIA  ဘက်မှပစ်မည်ဟု ပြောထားသဖြင့်   ကျောက်လုပ်ကွက်ေ လလံဆွဲထား သူများမှာ လေလံအောင်ထားသော် လည်းလုပ်ငန်းများရပ်ထားရ ကြောင်း မန်းကျောက်ဝိုင်းမှ ကျောက်စိမ်းကုန်သည် ဦးထူးထူး က ဆိုသည်။ လက်ရှိတွင်   လေလံအောင် ထားသော လုပ်ငန်းရှင်များမှာ လုပ်ငန်းလုပ်ခွင့် မရခြင်းကြောင့် အစိုးရဘက်မှ အဆိုပါလေလံလုပ် ကွက်များအား လုပ်ငန်းရပ်နားထား ရသည့် အချိန် ကာလအစား ပြန် ပေးမည်ဟု ကြားနေရကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်အချို့က ပြောသည်။ လောလောဆယ် ကျောက် စိမ်းဈေးကွက်တွင် ကျောက်စိမ်း လက်ေ ကာက်လောက်သာ အ ရောင်းအဝယ် အနည်းငယ်သာ ရှိနေပြီး အဖွင့်ဈေးကွက်ဟုခေါ် သော နားစွဲ၊ လက်စွပ်နှင့် ဆွဲသီး များ အရောင်းအဝယ်အေးနေ ကြောင်း   ကျောက်စိမ်းဈေးကွက်မှ သိရသည်။ မြန်မာကျောက်စိမ်းကိုတရုတ်မှ အဝယ်များသော်လည်း တရုတ် ကုန်သည်များအနေဖြင့် နှစ်သစ် ကူးရက်နီးလာသောကြောင့် ဌာနေ   ပြန်သူများ၍ ဈေးကွက်ဝယ်လိုအား ကျဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကို ဖားကန့်ဒေသ၌ အများဆုံးတူး ဖော်ရရှိပြီး ခန္တီးဒေသမှလည်း ကျောက်စိမ်း အနည်းငယ်ထွက်ရှိ သည်။

  www.MyanmarExpress.net
 

7 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်