From : popular
ပြည်တွင်းလေကြောင်းလိုင်း သစ်များ ဦးစားပေးစနစ်ဖြင့် ဈေးနှုန်း လျော့ချရန် ဈေးကွက်သစ် ချဲ့ထွင်လာကြကြောင်း သိရသည်။
ယင်းသို့ ဈေးကွက်ချဲ့ထွင်ရာ ၌ ရန်ကုန်-မန္တလေး လေကြောင်း လိုင်းသစ် တစ်ခုဖြစ်သောGolden Myanmar Ariline မှ ဦးရာလူစနစ်ဖြင့် ပထမ၊ ဒုတိယနှင့် တတိယ ဦးစားပေးဈေးနှုန်းဟူ၍ မြန်မာ ကျပ် ၂၇ဝဝဝ၊ ၃၇ဝဝဝ နှင့် ကျပ် ၅၅ဝဝဝ ဟူ၍ ဈေးကွက် သစ်ဖောက်ရန် စတင်ရောင်းချနေပြီ ဟု ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဈေးနှုန်းကို အနိမ့်ဆုံးထား ပြီး ရောင်းချပေးတဲ့အတွက် ခုံအား လုံးကိုတော့ ရောင်းမပေးနိုင်ဘူး။ ခုံအကန့်အသတ်နဲ့ ဦးရာလူကို ရောင်းပေးမှာ။ လောလောဆယ် ရန်ကုန်-မန္တလေးပဲ စတင် ပြေးဆွဲမှာပါ''ဟု ၄င်းက ဆက်ပြောသည်။
ယင်းကဲ့သို့ လေယာဉ်လမ်း ကြောင်းသစ်များတိုးချဲ့ပြေးဆွဲလာ ပြီး ဦးရာစနစ်ဖြင့် ဈေးကွက်ထိုး ဖောက်သော်လည်း လက်ရှိ လေယာဉ်လိုင်း များ၏ ဈေးကွက် အခြေအနေမှ ကျဆင်းသွာခြင်းမရှိဘဲ လေယာဉ် လက်မှတ်အရောင်း ပုံမှန်အခြေအနေတိုင်းသာ ရှိကြောင်း သိရသည်။
''ဈေးလျော့ရောင်းပေမဲ့ ကြို တင်စနစ်နဲ့ ဝယ်ယူရတာလေ။ ပုံမှန်တိုင်း သွားလာနေကြတဲ့သူတွေ ကတော့ ဒီလိုပါပဲ။ အဆင်ပြေသလို သွားနေကြတာ ပုံမှန်ဈေးကွက်ကို လာထိဖို့အခြေအနေတော့မရှိဘူး'' Nice fare မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်-မန္တလေး လေကြောင်းလိုင်း၏ ပုံမှန်ဈေးနှုန်း မှာ ၆၅ဝဝဝ ကျပ် ဖြစ်ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်