Subscribe to our RSS Feed

လိုင်ဇာကျင်ရှင်းဟိုတယ်တွင် KIO/KIA ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်

From : KDN

KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ရှိ KIC ဥက္ကဋ္ဌ ဦးအင်ဘန်လှ ပိုင်ဆိုင် သော ကျင်ရှင်းဟိုတယ်တွင် KIA/ KIO ခေါင်းဆောင်များမှ ယမန်နေ့ နံနက်(၉) နာရီမှ (၁၂)နာရီအထိ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိ ရ သည်။ အစည်းအဝေးသို့  KIA ဒုဦးစီးချုပ် S ဂွမ်မော်၊ ဗဟိုကော်မတီဝင် များနှင့် တမဟာမှူး၊ ရင်း မှူး များ အင်အား(၇၀) ကျော် တက်ရောက်ခဲ့သည်။ အစည်းအဝေးကို “ ၂၁ ရာစု ပင်လုံညီလာခံ၌ ပါ ၀င်နိုင်ရေး အတွက် အပစ် အခတ် ရပ်စဲရေး လုပ်သင့်မလုပ်သင့်” ခေါင်းစဉ်ဖြင့် ဆွေးနွေး သဘောထား ခံယူ ခဲ့ပါသည်။

အစည်းအဝေးတွင် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားမှ ဇန်န၀ါရီလ (၁၈) ရက်နေ့ မနက် (၆)နာရီမှစပြီး အစိုးရ တပ်မှ အပစ်ရပ်စဲမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ် ပွားနေ မှုအပေါ် အကြံ ဥာဏ်တောင်းခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တက်ရောက် လာသူ များအား အကြံ ဥာဏ်တောင်းခံခဲ့ရာ အများစုမှ ပစ်ခတ်မှုကို ရပ်ပြီး နိုင်ငံရေး စားပွဲဝိုင်းတွင် ဆွေးနွေးသင့်ကြောင်း အကြံပြု ခဲ့ကြသော်လည်း အစည်း အဝေးသို့ မတက်ရောက်သော ဦးအင်ဘန်လှ၊ စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုဦးစီးချုပ် ဂွမ်မော်နှင့် စစ်ဘက် အရာရှိများက စစ်ပွဲ ရပ်ဆိုင်း ခြင်းကို လက်မခံသဖြင့် အစည်းအဝေး အတွင်း သဘောထားကွဲလွဲပြီး ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များက စစ်ပွဲကို ဆက်လက်တိုက်ခိုက် လိုကြကြောင်း၊ ဗဟိုကော်မတီဝင် များ သည် စစ်ဘက်ခေါင်းဆောင်များ၏ ကြိုးဆွဲရာ ကပြနေရသည့် ပုံမျိုးဖြစ်ပြီး လုံခြုံရေးလုပ်ဆောင်ပေးမည်ဟုဆိုကာ အစောင့်အကြပ်များနှင့် ထားရှိကြောင်း သိရှိရပါသည်။
 

 www.MyanmarExpress.net
 

4 comments:

ကောင်းတယ်ဟေ့ ဂမ်ရှောင်ရေ မင်းငြိမ်းချမ်းရေးမယူတာ ဒါမှ မင်းရုပ်ပျက်ဆင်းပျက် အသက်ထွက်တာမြင်ရမှာ။ချီးဝအောင်စားထား ခွေးသူတောင်းစားကြီး။

စစ်မတိုက်ရတဲ့လူတွေကစစ်တိုက်ချင်တယ် ။စစ်တိုက်ရတဲ့လူတွေကစစ်မတိုက်ချင်ဘူး။
စစ်မတိုက်ရတဲ့လူတွေ=အမိန့်ပေးပြီးကျည်ကွယ်မျက် ကွယ်မှာလုံလုံခြုံခြုံရှိနေတဲ့သူတွေ

စစ်တိုက်ရတဲ့သူ=တကယ်သေနတ်ကိုင်တိုင်ရပြီးကျည် လည်းကြောက်မိုင်းလည်းကြောက် အိမ်ကမိသားစုတွေ အတွက် အသက်ကိုစွန့်ပြီးအလုပ်လုပ်နေရတဲ့တကယ့်စစ်သား

ဂန် ရှောင် မ သေ သေး ဘူး လား

တပ် မ တော် က ဒုးံ ကျည် နဲ့ ထု တော့ ဒါ မှ ဂန် ရှောင် ဂွန် မော် အ သေ ဆိုး နဲ့ သေ မှာ

မောင်ပြောချင်ဆိုတဲ့ကောင်ကNLDကခွေးပဲဖြစ်ရမယ်KIAကိုပြောသလိုလိုနဲ့မြန်မာ့တပ်မတော်ကိုပြိုကွဲအောင်ခလောက်ဆန်အကောက်ကြံတဲ့မြေခွေးလိုကောင်စားမျိုးဒီလိုကောင်မျိုးကိုမဟောင်နိုင်အောင်နှုတ်သီးကိုရိုက်ချိုးပစ်ရမယ်တပ်မတော်မှာဆောင်ပုဒ်ရှိတယ်ကွဘယ်သူခွဲခွဲဒို့မကွဲ
အမြဲစည်းလုံးမည်တဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်