From : http://www.oppositeyes.info/2013/01/blog-post_8156.html
www.MyanmarExpress.net
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက် ရေး
တပ်မတော် ဒုတိယစစ်ဦးစီးချုပ် တို့ ၂၀-၁-၂၀၁၃ တွင် နေပြည်တော်ရှိ
ဇေယျာသီရိဗိမာန်၌ တွေ့ဆုံ ခဲ့ရာ တရုတပ် ဒုတိယစစ်ဦးစီးချုပ်မှ မြန်မာနိုင်ငံ
အစိုးရနှင့် တပ်မတော်သည် တိုင်းရင်းသားများ အားလုံး တစ်ပေါင်း တစ်စည်းထဲ
ဖြစ်ရေးကြိုးပမ်းဆောင်ရါက်မှုကို တရုတ်နိုင်ငံအနေဖြင့် အပြည့်အ၀ ထောက်ခံ
ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများ၏ အကြမ်းဖက် တိုက်ခိုက် မှု များ လုပ်ဆောင်မှုကို
အားပေးထောက်ခံ မည် မဟုတ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း နယ်စပ် တည် ငြိမ် မှု
ရရှိရေး အနှောက်အယှက် ပေးသည့် အကြောင်းအရင်းကို ကောင်းစွာ သိရှိပါကြောင်း၊
အနာဂတ် တွင် လည်း နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား
ချစ်ကြည်ရင်းနှီးမှုသည် ပိုမိုတိုးတက် လာမည် ဟု ယုံကြည် ပါကြောင်း ဆွေးနွေး
ပြောကြားခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်မှ တပ်မတော်
အနေဖြင့် တိုင်းရင်းသားများအား တိုက်ခိုက်ခြင်းမဟုတ်ဘဲ လမ်းပန်း ဆက်သွယ်မှု
လုံခြုံချောမွေ့စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အား
နှောင့်ယှက် ဖျက်ဆီး လျှက် ရှိသော မည်သည့်လက်နက်ကိုင် အကြမ်းဖက်
အဖွဲ့အစည်းကို မဆို တပ်မတော်၏ တာဝန်အရ ကာ ကွယ် တိုက်ခိုက်ရခြင်း
ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း နိုင်ငံတော် အစိုးရအပေါ် လက်နက်ကိုင် ဆန့်
ကျင် သည့် အခွင့်အရေး ရနေသည့် အကြောင်းအရင်းကို ရှာ၍ နှစ်ဖက်မှ စနစ်တကျ
ပူးပေါင်း တားဆီးရန် လို အပ် ပါ ကြောင်း၊ မြန်မာနိုင်ငံသည် အခြေခံအားဖြင့်
တည်ငြိမ်အေးချမ်းမှု ရှိမှ ဖွံဖြိုးတိုးတက်မည် ဖြစ်၍ တပ်မတော် အနေဖြင့်
တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက်သွားသည် ဖြစ်ပါကြောင်း
ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။
မြန်မာ့အလင်း ၂၁-၁-၂၀၁၃
Photo. Chen Bingde (R), chief of
the General Staff of the People's Liberation Army (PLA), shakes hands
with Myanmar's Commander of the Armed Forces Min Aung Hlaing in Beijing,
capital of China, Nov. 28, 2011. (Xinhua/Zhang Duo)
1 comments:
မိတ် ဆွေ စစ် မိတ် ဆွေ ကောင်း ဖြစ် ချင် ပါ တယ် ဖြစ် ပါ စေ လို့ ဆု တောင်း လျှက် ပါ
အိမ် နီး ချင်း ကောင်း တွေ ဘဲ ရှိ ကြ ရင် ပျော် စ ရာ ကောင်း တဲ့ ပါတ် ဝန်း ကျင် အာ ရှ လေး ပါ တ နိုင် ငံ နဲ့ တ နိုင် ငံ ကောက် ကျစ် မူ လုးံ ဝ မ ရှိ ဘဲ ချစ် ခင် ရိုး သား စွာ ဆက် ဆံ ကြ မယ် ဆို လျှင် ပျော် ရွှင် စ ရာ အာ ရှ လေး ပါ
ဘယ် နိုင် ငံ မ ဆို အ တိုက် အ ခံ သူ ပုန် ဆို တာ ရှိ ကြ တာ ပါ ဘဲ
အိမ် နီး ချင်း ကောင်း ဆို ရင် သူ ပုန် တွေ ကို အား ပေး အား မြောက် မ လုပ် သင့် ပါ ထိုင်း ဘဲ ကြည့် ပါ မ ကြာ ခင် ဝတ် လည် တာ ပါ ဘဲ
မိတ် ဆွေ ကောင်း ဖြစ် ကြ ပါ စေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်