From : မြဝတီ
www.MyanmarExpress.net
နေပြည်တော် ဇန်နဝါရီ ၂၁
ဇန်န၀ါရီလ ၁၉ ရက်နေ့နံနက် ၆ နာရီမှ စတင်ကာ
လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး များကို ရပ်ဆိုင်းမည်
ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက် ဖြစ်သည့်
မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန် မှအပ ပစ်ခတ် တိုက်ခိုက်မှုများ မပြုလုပ်ရန်
ဆိုသည့် အချက်ကို တိကျစွာ လိုက်နာ သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်က ထပ်မံ အတည်ပြု ပြောကြားသည် ဟူသည့် အချက်များ အပါ အ၀င် အချက်
၈ချက်ပါ သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် သတင်း
ဌာနများ၊ ဂျာနယ် များမှ တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ထုတ်ပြန်ချက်အား ကြေငြာခဲ့သော်လည်း
ပစ်ခတ် တိုက်ခိုက်မှုများ ရပ်နားမည် ဆိုသည့် ဇန်န ၀ါရီလ ၁၉ ရက်နေ့ နံနက်
၀၄၅၅ ချိန်တွင် ကေအိုင်အေ အဖွဲ့မှ ဖားကန့် မြို့နယ်၊ ကာမိုင်း မြို့နယ်ခွဲ
ရဲစခန်းအား အင်အား အလုံး အရင်းဖြင့် ပစ်ခတ် သိမ်းပိုက်ကာ အဆောက်အဦး
အချို့အား မီးရှို့ ဖျက်ဆီးခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့သည့် အတွက်
ရဲတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့ပြင် အဆိုပါ နေ့အတွင်း၌ ၁၀၄၅
ချိန်တွင် ဗန်းမော်- လွယ်ဂျယ် ကားလမ်း မိုင်တိုင် အမှတ်(၂၇) တွင် အရပ်သား
ခရီးသည်တင် ဗင်ကား (၂)စီး၊ ဟိုင်းလတ် (၁)စီး တို့အား မိုင်း အသုံးပြု
ဖောက်ခွဲ ခဲ့ရာ အမျိုးသမီး (၄)ဦး အပါ အရပ်သား ခရီးသည် (၂၂) ဦး ဒဏ်ရာ ရရှိ
ခဲ့သည်။
ထို့အပြင် ရဲစခန်း ဆိုသည်မှာ နိုင်ငံတော်၏
တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ် စောင့်ရှောက်သည့် အဖွဲ့ဝင်များ
နေထိုင်ရာ ဖြစ်ပြီး စစ်ရေး ပစ်မှတ် မဟုတ်ပါ။ ထို့အတူ အရပ်ဘက် ခရီးသွားများ
တင်ဆောင်လာသည့် ကားများ သည်လည်း စစ်ရေး ပစ်မှတ် မဟုတ်ပါ။ ထိုသို့ စစ်ရေး
ပစ်မှတ် မဟုတ်သည့် တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်သည့် နေရာ များနှင့်
အရပ်သား များကို ထိခိုက်စေရန် ပြုလုပ်ခြင်းမှာ အကြမ်းဖက် ခြင်းပင် ဖြစ်
သည်။
တပ်မတော်မှ နိုင်ငံတော်၏ ညွှန်ကြားချက်
အတိုင်း အပစ်အခတ် ရပ်စဲရေး အတွက် လိုက်နာ သော်လည်း ကေအိုင်အေမှ စစ်ရေးနှင့်
မသက်ဆိုင်သည့် နေရာများကို တိုက်ခိုက် ဖျက်ဆီး မှုများ ပြုလုပ်
နေခြင်းဖြင့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည် မဟုတ်ပါ။ ငြိမ်းချမ်းရေးကို
အမှန် တကယ် တည်ဆောက်မည် ဆိုပါက ကေအိုင်အေ ဘက်မှလည်း အတိအကျ လိုက်နာဖို့
လိုအပ် ပါသည်။
ယခုကဲ့သို့ အကြမ်းဖက် မှုများ
ကျူးလွန်သဖြင့် ကာမိုင်းနှင့် မိုးကောင်းမှ ပြည်သူ များကလည်း မကျေ
မနပ်ဖြစ်ကာ ကန့်ကွက်မှုများ ပေးပို့ထားသဖြင့် ပြည်သူတို့၏ ငြိမ်းချမ်းရေးကို
ထည့် စဉ်းစား ပေးရန် လိုအပ်မည် ဖြစ်ပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်