Subscribe to our RSS Feed

တရုတ် နဲ့ အလုပ်လုပ်တဲ့အခါ မြန်မာအကျိုးအမြတ်ပိုသာပါတယ်ဟုဆိုလာသည့် ပြည်ခိုင်ဖြိုးဒုဥက္ကဌဦးဌေးဦး နှင့် တွေ့ဆုံခြင်း

From : hot news



၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စတင်က ယနေ့ထိမြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေ သည့်တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကြားရှိအပြန်အလှန်ဆက်ဆံရေး၊  ရင်းနှီးမြှုပ်နှံမှုများအရမြန်မာနိုင်ငံ  နှင့် တရုတ်နှစ်နိုင်ငံမည်သည့်နိုင်ငံ က အကျိုးအမြတ်ပိုမိုရရှိသည်နှင့် နည်းပညာပိုင်းအရတရုတ်နိုင်ငံ  အနေဖြင့် နည်းပညာနှင့် ငွေကြေး  အကြောင်းပြ၍ မြန်မာ့အသံဇာတ  များအားရယူနေခြင်းရှိမရှိစသည်  ကိစ္စရပ်များနှင့် ပတ်သက်၍ Hot News သတင်းထောက်က ပြည် ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နိုင်ငံသားများမူလအခွင့် အရေးနှင့် ဒီမိုကရေစီရေးကော် မတီဥက္ကဋ္ဌဦးဌေးဦးအား ရန်ကုန် မြို့ရှိပြည်ခိုင်ဖြိုးပါတီဌာနချုပ်၌ တွေ့ဆုံ၍ မေးမြန်းဖြစ်ခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အများအား ဖြင့် တရုတ်နိုင်ငံနဲ့ပဲလုပ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုတွေ အများစုကို တရုတ်နိုင်ငံနဲ့ပဲလုပ်နေ   ရတဲ့အကြောင်းကိုသိပါရစေ။
ဒါကတော့အခြေအနေနဲ့ အချိန်အခါပေါ်မူတည်နေပါတယ်။  သူတို့နဲ့ကြီးပဲလုပ်နေတယ်ဆိုပြီး ပြောနေကြတယ်။ ဘယ်သူမှလာ မလုပ်ဘဲ တရုတ်ကပဲလာလုပ်နေ  နောက်ကျွန်တော်တို့ကရော ဘာလုပ်တတ်လို့လဲ။ မြန်မာ့ မြေမှာသယံဇာတတွေအများကြီး ရှိတာမှန်ပါတယ်။ ဒါပေမဲ့  ဒါတွေကို ထုတ်ယူသုံးစွဲဖို့နည်း ပညာနဲ့ ငွေကြေးကျွန်တော်တို့မှာ မရှိဘူး။ မြေကြီးထဲရွှေအိုးရှိတာ တော့ဟုတ်ပါပြီ။ သေချာပါပြီ။ ဒါပေမဲ့ အဲဒီရွှေအိုးကိုမထုတ်တတ် ရင် မသုံးစွဲတတ်ရင်ချမ်းသာတယ် လို့ခေါ်ပါမလား။ ဒါကြောင့် နည်းပညာရောငွေကြေးရောမရှိ တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ အချိန်အခါပါမူတည်ပြီးတရုတ်နိုင်ငံ နဲ့ လုပ်နေရတာပါ။
ဟုတ်ကဲ့အဲသလို တရုတ်နိုင်ငံအနေ နဲ့ မြန်မာ့မြေမှာ ရင်းနှီးမြှုပ်နှံတွေ လုပ်ကြတဲ့အခါ အကျိုးအမြတ်ခွဲ တမ်းအရ ဘယ်နိုင်ငံက သာပို ပါသလဲ။ လာလုပ်တဲ့တရုတ်က  သာပါသလား။ ဒါမှမဟုတ်မြန်မာ  နိုင်ငံကသာပါသလား။
အကျိုးအမြတ်သာတယ်။ မသာတယ်ဆိုတာကတော့လုပ်ငန်း နဲ့ ကိုယ့်ရဲ့လုပ်နိုင်မှုပေါ်မူတည်  ပါတယ်။ ပြောရရင်လုပ်ငန်းတစ်ခု ကို ကိုယ်လုပ်တက်ရင်ကိုယ်သာ  တာပဲ။ ဒါမှမဟုတ် လုပ်ငန်းကြီး တစ်ခုကို စီမံကိန်းကြီးတစ်ခုကို  တကယ်ခက်ခက်ခဲခဲကြီးလုပ်ရတော့ မယ်။ အဲသလိုအချိန်ကိုယ်ကလည်း  မလုပ်တက်ဘူး။ ပိုက်ဆံလည်းမရှိ ဘူး။ နည်းပညာလည်းမရှိဘူးဆိုရင်  တော့ သူတို့ဘက်ကအနည်းငယ်သာ   မှာပေါ့။ ဒါပေမဲ့ အများအားဖြင့် တော့ ကျွန်တော်တို့မြန်မာနိုင်ငံက  ပိုသာပါတယ်။ ပြောရရင်သူတို့ရဲ့  လာရောက်ရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်နည်းပါးမှုတွေလျှော့  ချနိုင်မယ်လေ။
ဟုတ်ကဲ့အဲသလိုဆိုရင်ကျွန်တော်  တို့နိုင်ငံအနေနဲ့ အကျိုးအမြတ်မှာ သာတယ်ဆိုတာကို ဥပမာလေးနဲ့ ရှင်းပြပေးပါလားခင်ဗျာ။
ဥပမာပြောရရင် သတ္တုတူး တယ်ဆိုပါဆို့ အဲဒီသတ္တုရရှိတဲ့   အကျိုးအမြတ်တစ်ခုတည်းကိုကြည့်ပြီး  အချိုးကျခွဲဝေမှုတစ်ခုတည်းကိုကြည့် ပြီး ဆုံးဖြတ်လို့မရဘူး။ ဒါကျွန်တော်  အကျိုးအမြတ်ဆိုတာကိုပြောတာ။  နောက်အဲဒီအကျိုးအမြတ်ထဲမှာ ဘာပါသလဲဆိုတော့ ခုနကပြော  သလို အလုပ်အကိုင်တွေရလာ မယ်။ နောက်တစ်ခုက ရှယ်ယာခွဲ တာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော် တို့များတယ်။ နောက်အဲဒီသတ္တု  တွေကိုရောင်းချမယ်ဆိုရင် ရလာ တဲ့အကျိုးအမြတ်ပေါ်မူတည်ပြီး  သက်ဆိုင်ရာဝန်ကြီးဌာနက အခွန်ကောက်မယ်။ ဒါကလည်း နိုင်ငံတော်ဘဏ္ဍာထဲဝင်မှာလေ။ ဒါတွေအားလုံးစုပေါင်းရင်ကျွန်တော်   တို့သာတယ်။ နောက် ဥပမာအနေ  နဲ့ စိုက်ပျိုးရေးနှစ်ရှည်စိုက်ပျိုးရေး ကလုပ်မယ်ဆိုပါစို့။ အဲဒီမှာ ဘာလုပ်ငန်းမှမစရသေးဘူး။ မြေငှားခကျွန်တော်တို့ စရတယ်။  ဘာမှမစိုက်ရသေးဘူးနော်။ နောက်ရလာတဲ့အသီးအနှံ့တွေ ပေါ်မူတည်ပြီးအကျိုးအမြတ်ခွဲ တယ်။ အဲဒီမှာလည်း ကျွန်တော်   တို့အနေနဲ့ အကျိုးအမြတ်ပေါ်မူ တည်ပြီးခွဲတာမဟုတ်ဘူး။ ထွက် ကုန်အပေါ်မှာပဲခွဲတယ်။ အကျိုး အမြတ်ပေါ်မူတည်လို့သူတို့က ရှုံးပါတယ်ဆိုပြီး စာရင်းပြလို့ရတာ ပဲလေ။ ဘယ်နှတန်ထွက်ရင် င့ါကိုဘယ်လောက်ပေး။ သက်မှတ်သလောက်မထွက်လည်း    အနည်းဆုံးငါ့ကိုဘယ်လောက်ပေး ဆိုပြီးသတ်မှတ်တာပဲ။ နောက်သူတို့ ရဲ့ ထွက်ကုန်တွေစက်ရုံဖို့ရင် အလုပ်တွေရလာမယ်။ စက်ရုံက ထွက်လာတဲ့ ကုန်ချောကို ပြန်ရောင်းရင်လည်း အကောက် ခွန်ကအခွန်ကောက်ဦးမယ်လေ။
အချို့သောရင်းနှီးမြှုပ်နှံမှုတွေအနေ နဲ့ သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်း  ကျင်အပျက်အစီးမခံနိုင်လို့ ဒီမှာ လာလုပ်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ တကယ်ရော ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မျိုးတွေ ရှိနေပါ သလား။
အချို့ကတော့ ပြောကြတယ်။  သဘာဝပတ်ဝန်းကျင်ပျက်စီးပါ တယ်ဆိုပြီး၊ ဒီတော့ ရင်းနှီးမြှုပ်နှံ မှုတွေမှာ မသမာတဲ့စိတ်နဲ့လုပ်ရင် တော့ သဘာဝပတ်ဝန်းကျင်ပျက် စီးမှာပေါ့။ အဲသလိုမျိုးတွေဖြစ်ခဲ့ ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာစိုက်ပါလို့ပြောတယ်။ သူတို့က  ပထမဆုံးသစ်ခုတ်ရောင်းပစ်လိုက်  တယ်။ သစ်ခုတ်ရောင်းလိုက်ရင် တော့ သဘာဝပတ်ဝန်းကျင်ပျက် စီးမှာပဲ။ ဒါပေမဲ့ ဒီလိုမျိုးလုပ်ရင်  တောင် သက်ဆိုင်တဲ့သစ်တော ၀န်ကြီးဌာနကို အခွန်ဆောင်ရ သေးတာပဲ။ ဘယ်လိုလုပ်ငန်းမဆို  အကျိုးမရှိရင်ဘယ်လုပ်မလဲ။
ဒီလိုဆိုရင် ကျွန်တော်တို့တိုင်းပြည်   အနေနဲ့ အကျိုးတူပူးပေါင်းဆောင် ရွက်တယ်ဆိုတာထက်အဲဒီကပညာ  ရှင်တွေကို ဖိတ်ခေါ်ပြီးလုပ်မယ် ဆိုရင်ရော မရနိုင်ဘူးလား။ အကျိုးအမြတ်ပိုမလာနိုင်ဘူးလား။
တကယ်တော့ နည်းပညာဆို  တာက အားလုံးထက်ပိုဈေးကြီးပါ တယ်။ ပညာရှင်ဆိုတာလည်းနည်း  ပညာပါပဲ။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေလုပ် တယ်။ ကျွန်တော်တို့မှာကနည်း ပညာလည်းမရှိဘူး။ နောက်ငွေ ကြေးလည်းမရှိဘူး။ ဒီလိုအချိန်  မှာ ပညာရှင်တွေကိုဘယ်လိုဖိတ် ခေါ်မလဲ။ ပညာရှင်က ပိုဈေးကြီး  တယ်။ နောက်နည်းပညာရပါပြီ၊ ပညာရှင်ရပါပြီပဲထား။ သူ့အတွက်   ကုန်ကျစရိတ်ကနည်းတာမှမဟုတ် တာ။ ပြီးတော့ နည်းပညာဆိုတာ ကို သုံးစွဲဖို့ လိုအပ်တဲ့စက်ရုံတွေ ဘာတွေအတွက် ကုန်ကျမှာတွေ  အများကြီးရှိသေးတယ်။ နည်းပညာ  ရတယ်။ ပညာရှင်ဖိတ်ခေါ်တယ် ပဲထားပါဦး။ အဲဒါတွေအတွက်ပံ့ပိုး  စာရိတ်ကအရမ်းများတယ်။
တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီကြားက ဆက်ဆံ မှုလေးကိုလည်းသိပါရစေ။
ကျွန်တော်တို့ ပြည်ခိုင်ဖြိုးဆို  တာအစကတော့ အသင်းအနေနဲ့ ပါ။လူမှုရေးကိုအခြေခံတဲ့အဖွဲ့အစည်း  အနေနဲ့ပါ။ အဲသလိုဖွဲ့စည်းခဲ့တဲ့ အချိန်ကစပြီး ၂၀၁၀ အထွေထွေ   ရွေးကောက်ပွဲကြီးမှာ ပါတီအဖြစ်   ပြောင်းမဖွဲ့ခင်ကတည်းက တရုတ်  ကွန်မြူနစ်ပါရဲ့ အောက်ကအဖွဲ့ အစည်းတွေနဲ့ ဆက်ဆံမှုရှိပါတယ်။  အဲဒီတုန်းက လူမှုရေးအသင်းအနေ  နဲ့ဆိုတော့ ဗဟိုပါတီနဲ့တော့ ဆက်ဆံမှုမရှိခဲ့ပါဘူး။ ပြည်ခိုင်ဖြိုး ကိုပါတီအဖြစ်ပြောင်းဖွဲ့ပြီးတဲ့အချိန်  မှာတော့ တရုတ်ပြည်ကွန်မြူနစ် ပါတီနဲ့ ဆက်ဆံမှုတွေရှိလာပါ တယ်။ ပြည်ခိုင်ဖြိုးနဲ့ တရုတ် ကွန်မြူနစ်ကြားမှာ အချင်းချင်း  အပြန်အလည်ဆက်သွယ်မှုတွေ ရှိပါတယ်။ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုတွေရှိတယ်။ သူတို့  ကလည်း ကျွန်တော်တို့ရဲ့ ပြည်တွင်း  ရေးကိုဘယ်လိုမှဝင်ရောက်စွက်ဖက် မှုတွေလည်းလုံးဝမရှိပါဘူး။ လူထု အချင်းချင်းရဲ့ ဆက်ဆံမှုနဲ့ အစိုးရ  အချင်းချင်းနဲ့ ဆက်ဆံမှုကိုအား ဖြည့်ဖို့ ပါတီအချင်းချင်းနဲ့ ဆက်သွယ်မှုကအဓိကကျတယ်။
တစ်ချိန်ကမြန်မာပြည်ကွန်မြူနစ် ပါတီအင်အားကောင်းနေတဲ့အချိန် မှာ တရုတ်အစိုးရက အစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာပြည်ကွန်မြူ နစ်ပါတီကို အားပေးထောက်ခံမှု တွေလုပ်ခဲ့တယ်။မြန်မာ့နိုင်ငံရေးကို ပျက်အောင်လုပ်ခဲ့တယ်ဆိုပြီး သိရ ပါတယ်။ တရုတ်အစိုးရအနေနဲ့ ရော မြန်မာ့နိုင်ငံရေးကို ကစားခဲ့  တာမျိုးရောရှိခဲ့ပါသလား။
ကျွန်တော်တို့နိုင်ငံအနေနဲ့ ကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်အတိုင်း ပဲ ဆက်ဆံခဲ့တာ။ နိုင်ငံတိုင်းဟာ ပြည်တွင်းနိုင်ငံရေးကိုကိုယ့်လမ်း  ကြောင်းနဲ့ ကိုယ်သွားရတာပဲလေ။ တရုတ်နိုင်ငံအနေနဲ့ကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅) ရပ်ကိုအပြည့်အ၀ လိုက်နာတယ်။ပြီးတော့ ကျွန်တော် တို့ပြည်တွင်းရေးကို အရင် ကတည်းက၀င်စွက်ဖက်တာမျိုးလုံးဝ မရှိခဲ့ပါဘူး။ တစ်ချိန်က အခြေ အနေမှန်တာမမှန်တာမမှန်တာမဟုတ် ပါဘူး။ အဓိကတော့ မူကြီး (၅) ရပ်အတိုင်းပဲ နေထိုင်ခဲ့ကြတာပဲ။ သူတို့လည်းလိုက်နာခဲ့တာပဲ။ တစ်ချိန်က ဗမာပြည်ကွန်မြူနစ်   ပါတီကအခြေအနေမဟန်တော့လို့ ဒီဘက်လာတာတို့မဟုတ်ပါဘူး။ နှစ်နိုင်ငံကြားချစ်ကြည်ရေးကိုရှေး ရှုပြီးလုပ်နိုင်ခဲ့တာပဲ။ သူတို့လည်း နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုခဲ့ တာပါပဲ။
ဟုတ်ကဲ့ အခုလိုပြောကြား   ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။

 www.MyanmarExpress.net
 

4 comments:

KIA ကို လက်သိပ်ထိုး ထောက်ပံ့ အားပေးနေတဲ့
နဂါးကြီးကို ကျွန်ုပ်တို့ တစ်ခုခုနဲ့ ပြန်လည်တုံ့ပြန်
သင့်တယ်။

It is very right. China help Myanmar to build Infrastructure of Myanmar. China has a lot money than USA now and has high technology now. China built many good and big bridges in Myanmar and a good and big Sport stadium in Tuwana , Yangon.Myanmar get more benefit that trade with China.
Food and Medicine from China also save many Myanmar people life.

Myanmar government needs to make sure that all investors from around the world to compete for future projects so that Myanmar get the best deals.
Sharing the net profits might not be good when the investors hire their relatives with huge compensations/salaries/etc and/or CEO with high compensation plans.

သိပ်ကိုမှန်ပါတယ် မြန်မာကကိုယ်လဲမလုပ်တတ် လုပ်လဲမလုပ်နိုင် သူများလာလုပ်တော့လဲမကြိုက် နိုင်ငံရေးသွေးကလေး၊ ပိုးကလေး ၀င်လာတော့ ရှေ့တက်အော်ပြီးသူရဲကောင်းကြီးတွေလုပ်ရတာ အဟုတ်ကြီးထင် ပြီးတော့ဘာမှလဲအဖြစ်ရှိအောင် မလုပ်နိုင်၊ဒေါ်စုတို့အော်နေတဲ့ပညာရေးကလဲ ရှိပြီးသားကိုပိုကောင်းအောင်လုပ်တာမဟုတ်ပဲ ငါလုပ်မှကောင်းလာသလိုဖြစ်နေ၊မြင်ရတာလဲ အလှမ်းဝေးပြီးမပြတ်မသားနဲ့၊ဒါကိုစောင့်နေလို့လဲ မဖြစ်သေး၊နားမလည်တဲ့ကောင်တွေများနေတော့ မြင်ရတာအားမရပါဘူးကွာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်