Subscribe to our RSS Feed

KIA အဖွဲ့အနေဖြင့် ၀င်ငွေနည်းလာသဖြင့် စိတ်ကြွဆေးပြားနှင့်မူးယစ်ဆေးထုတ်သည့်ဘက်သို့လှည့်လာ


လိုင်ဇာမှ မိုင်အနည်းငယ်သာကွာဝေးတဲ့ လဂျားယန်တပ်စခန်းကြီး အစိုးရ တပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိသွားကြောင်းနဲ့ မိမိတို့KIA အဖွဲ့ ဆုတ်ခွာပေးလိုက်ရကြောင်း ကေအိုင်အေအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကပြောပါတယ်။ KIA ရဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)အနေနဲ့ သည်တိုက်ပွဲတွေမှာ ကချင်တပ်တွေဘက်က ၀ိုင်းဝန်း တိုက်ခိုက်ပေးနေမယ့် သူတို့ ကျောင်းသားတပ်တွေနဲ့ အကျအဆုံး များစွာနဲ့ ဆုတ်ခွာပေးခဲ့ရတယ်လို့ မြောက်ပိုင်းတာဝန်ခံ ဦးလဆိုင်းကပြောပြ ပါတယ်။ လဂျားယန်ကျ ပြီးတဲ့နောက်ပိုင်းမှာ လိုင်ဇာဌာနချုပ်အနေနဲ့ အလွန်ပဲစိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ အတွက် KIA ခေါင်းဆောင်ပိုင်းက တရုတ်ပြည်ဘက်ကို တိမ်းရှောင်နေသလို အခြားအဖွဲ့တွေကလဲ လိုင်စင်ပို့ဘက်ကို ရွှေ့ပြောင်း နေကြပါတယ်။

KIAအဖွဲ့တွေ အနေနဲ့ အစိုးရသစ်နဲ့ မပြေမလည်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် နီးပါးဖြစ်လာနေလို့ အရင်ကဖားကန့်မှာ လုပ်ကိုင်နေတဲ့ ကျောက်မျက်ကုမ္ပဏီတွေ၊ ရွှေလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ ရှားပါးလာပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် KIA ရဲ့ ၀င်ငွေတွေနည်းလာပါတယ်။ KIA ငယ်သားတွေရဲ့ မိုက်ရူးရဲ လုပ်ရပ်ကြောင့် မြစ်ကူး၊ချောင်းကူးတံတားတွေ မိုင်းခွဲဖျက်ဆီးခဲ့လို့ ကားတွေ သွားလာမှုမရှိတဲ့အတွက်လဲ KIA အဖွဲ့မှာ ၀င်ငွေမရဖြစ်နေပါတယ်။ အရေးကြီးနေရာတစ်ချို့ကို KIA ဗဟိုရဲ့ အမိန့်မရှိဘဲ ဖျက်ဆီးခဲ့တဲ့အတွက် နောက်ဆုံးမှာ ဒုက္ခရောက်နေတာလဲ KIA အဖွဲ့ပဲ ဖြစ်ပါတယ်။ဒါကြောင့် တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်းမှာ KIA အဖွဲ့ရဲ့ဝင်ငွေဟာ သိသာထင်ရှားစွာလျော့နည်းလာခဲ့ပါတယ်။ ဒါ့အပြင် KIA အဖွဲ့အနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေက နေ့စဉ်ဝင်ငွေတွေရရှိခဲ့ပေမယ့် အခုအခါမှာတော့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လောင်း ကစားရုံအားလုံးကို ပိတ်ထားရတဲ့အတွက် ၀င်ငွေမရှိ ဖြစ်နေပါတယ်။
ဒါတွေကြောင့် KIA အဖွဲ့ဟာ မူးယစ်ဆေးဝါးကို လုပ်ငန်းကြီးတစ်ခုအဖြစ်သတ်မှတ် လုပ်ဆောင် နေရပါတယ်။ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ အစီရင်ခံစာအရ လိုင်ဇာပတ်ဝန်းကျင်နဲ့ လျှိုမြောင်တွေမှာ ဘိန်းခင်းတွေတိုးချဲ့စိုက်ပျိုးပြီး မူးယစ်ဆေးဝါးလုပ်ငန်းကို အကြီးအကျယ် လုပ်နေတယ်လို့သိရှိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ KIA ခေါင်းဆောင်ပိုင်းက အရင်က ငြင်းဆိုခဲ့ပေမယ့် အစိုးရစစ်တပ်က သိမ်းပိုက်ရရှိထားတဲ့ လဂျားယန်စခန်းမှာ စိတ်ကြွဆေးပြားတွေ သိန်းနဲ့ချီတွေ့ရှိခဲ့တာတွေဟာ KIA အဖွဲ့တွေ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးဝါးတွေ လုပ်ဆောင်နေတယ် ဆိုတာကို သက်သေ ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။
www.MyanmarExpress.net
 

4 comments:

KIA is not only terrorist group but also drug
traffickers.

လေ့ကျင့်ရေးသည် စစ်ဆင်ရေး
စစ်ဆင်ရေးသည် လေ့ကျင့်ရေး
ပြည်ထောင်စုတပ်မတော်၏ဆောင်ပုဒ်

အထက်ပါသတင်း ပထမပိုဒ်ပါ ..ကချင်စစ်ပွဲ ၌ ၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလဆိုင်(ဦးလှဆိုင်)မှာ. .ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ရက်၇က်စက်စက်ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ဖြစ်ကြောင်းကြားသိထားရပါသည်။ အခြားမြောက်ပိုင်းကျောင်းသားများစွာကိုလဲ ထောက်လှမ်းရေးဟုခေါင်းဆောင်တပ်ပြီး ရက်စက်စွာခေါင်းဖြတ်ခဲ့သူဟုသိရပါသည်။ ကွန်ဖန်လုပ်ပေးပါ။

သူတို့က သေခါနီးနေ ပြီ ကျောင်းသားတုံးဘဲလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်