From :
.http://www.kachindailynews.com/2013/01/blog-post_7664.html
.
www.MyanmarExpress.net
KIA မှ ဗန်းမော်လွယ်ဂျယ်လမ်းကို ၂၃ရက်နေ့က
ပိတ်လိုက်သည်ဟု ကြေငြာချက်ထွက်ပြီး လွယ်ဂျယ် သို့ ရောက်ရှိနေသော ကုန်တင်ကားတစ်စီးမှ
ကုန်များတင်ဆောင်ခြင်းမရှိဘဲ လွယ်ဂျယ်မြို့မှ ယမန်နေ့မနက်က ထွက်ခွာလာစဉ် မနက်၉နာရီခွဲလောက်တွင်
မိုင်တိုင် ၂၇/၂၈ကြားတွင် KIA အဖွဲ့မှ ယာဉ်အားတားကာ ချိန်းခြောက် ငွေတောင်းခံခဲ့ကြောင်းသိရှိရသည်။
KIA အဖွဲ့မှ ယာဉ်မောင်းကို “ ကားအားမိုင်းခွဲခံမှာလား ပါလာသည့် ပိုက်ဆံပေးမည်လား” ဆိုပြီးချိန်းခြောက်ခဲ့ပါသည်။
ယာဉ်မောင်းမှ KIA ၏ခြိမ်းခြောက်မှုကြောင့်
၎င်းတွင်ပါလာတွေငွေသုံးသိန်းအားပေးဆောင်ခဲ့ရကြောင်း ၎င်း၏ပြောပြချက်အရသိရှိရသည်။ ကားမှကုန်တွေပါဝင်ခြင်းမရှိကြောင်း
ပြောဆိုသော်လည်း KIA က လုံးဝ လက်ခံခြင်းမရှိဘဲ ပါလာသည့်ငွေများကို ဓါးမြတိုက်သလိုတောင်းခံခဲ့ကြောင်း၊
သေနတ်တွေနဲ့ မထင်ရင် မထင် သလိုလုပ်တက်သော ၎င်းတို့၏လုပ်ရပ်တွေကြောင့် ကုန်သည်များနှင့်
ယာဉ်မောင်းများက ကျေနပ်ခြင်းမရှိ ပေမယ့် ပေးဆောင်ခဲ့ရပါသည်။ တစ်ခုတည်းကျန်သော ဗန်းမော်-
လွယ်ဂျယ်လမ်းအား KIA မှပိတ်လိုက်၍ ဒေသခံများ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပစ္စည်းရှားပါးမှုများကြုံတွေ့လာနိုင်သည်ဟု
ဗန်မော်မြို့ခံတစ်ဦးမှ ပြောဆို ခဲ့သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်