Subscribe to our RSS Feed

ရန်ကုန်မှ မြန်မာများအတုယူဖွယ် တရုတ်အမျိုးသမီးတစ်ဦး

From : SMG


တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ဟူဘီပြည်နယ် ၀ူဟန်မြို့၌ သန်ြးွကယ်သူဌေး ဖြစ်သော်လည်း လမ်းသန့်ရှင်းရေး အလုပ်လုပ်ကိုင်နေသည့် တရုတ်အမျိုးသမီး တစ်ဦးသည် အသက်အရွယ် ကြီးရင့်လာသော်လည်း တရုတ်မြူနီစီပယ်၏ အငြိမ်းစား ပင်စင်ကို ရယူလိုခြင်းမရှိဘဲ ၎င်း၏ လုပ်မြဲအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်နိုင်ရန် တောင်းဆိုခဲ့ကြောင်း တရုတ်ပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အသက် ၅၃နှစ်အရွယ်ရှိ ယုယူဇန်းသည် လစာအကျိုးအမြတ်ထက် ဂုဏ်သိက္ခာကြောင့် အလုပ်လက်မဲ့ အခြေအနေကို ရောက်ရှိလိုခြင်း မရှိသောကြောင့် ယင်းသို့ ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယုယူဇန်းသည် ၁၃နှစ်သမီး အရွယ်မှစ၍ လယ်ယာလုပ်ငန်း၊ အချက်အပြုတ်လုပ်ငန်း၊ ကုန်ကားဒရိုင်ဘာ၊ လမ်းသန့်ရှင်းရေး စသည့် အလုပ်များကို နှစ်ပေါင်း၄၀ကျော် လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်ခန့်က ၎င်း၏ ဘိုးဘွားပိုင်မြေကို အစိုးရက ဆင်းရဲသား အိမ်ရာ စီမံကိန်းအတွက် ၀ယ်ယူခဲ့သဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းခွဲခန့် ရရှိခဲ့ပြီး သန်ြးွကယ်သူဋ္ဌေးတစ်ဦး ဖြစ်လာခဲ့သည်။

သို့ရာတွင် ယုယူဇန်းသည် ငွေကြေးပိုင်ဆိုင်မှုထက် အလုပ်အကိုင်ကိုသာ ပိုမိုမက်မောတွယ်တာပြီး လမ်းသန့်ရှင်းရေး လုပ်ကိုင်သည့် ၁၄နှစ်တာ ကာလအတွင်း ၎င်း၏ ဖခင်ဖြစ်သူနှင့် ယောက္ခမတို့၏ နာရေးအတွက် ခွင့်သုံးရက်သာ ယူခဲ့သည်မှအပ အလုပ်ချိန် နောက်ကျခြင်း၊ ဖျားနာခြင်းစသည်တို့ မရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။ စီးပွားရေး တိုးတက်လာသည်နှင့်အမျှ တရုတ်ပြည်ရှိ အလုပ်သမားများသည် အလုပ်လုပ်ချိန် လျော့နည်းလာပြီး အပျော်အပါးများ၌သာ ပိုမိုခုံမင်လာသဖြင့် ၎င်း၏သားဖြစ်သူနှင့် ယနေ့ခေတ် တရုတ်လူငယ်များ၏ အနာဂတ်အတွက် စိုးရိမ်ရကြောင်း ယင်းက မီဒီယာများကို ပြောကြားသွားခဲ့သည်။


 www.MyanmarExpress.net
 

4 comments:

အနီးစပ်ဆုံး ဗမာပြည်ဖွား တရုတ်များ ကိုအတုယူ
နေထိုင်ကြိုးစားလျှင်လည်း ဗမာတွေ တိုးတက်နိုင်ပါ
တယ်။ကျွန်ုပ်တို့ ဗမာတွေ အများကြီးပြင်ရမယ်။
အလုပ်မကြိုးစားတာ , စည်းကမ်းမဲ့ အမှိုက်ပစ်တာ
ကွမ်း/တံတွေးထွေးတာ , နေရာတကာ အကြွားပိုတာ,
ဝေလေလေ လဘက်ရည်ဆိုင်နဲ့ ဘီယာဆိုင်မှာအချိန်
ဖြုံးတာ အများကြီး အများကြီးးးးးးးးးးး

မင်းကတော့ဘာလုပ်နေလို့လဲ

I'm using internet and write valuable comments. He he!

Using internet and writing valuable comments.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်