Subscribe to our RSS Feed

အဖက်ဖက်ကဆုံးရှုံးမှုနှင့် KIA တပ်ဖွဲ့များ၏ အခြေအနေမှန်များ

From : http://www.kachindailynews.com/

အပိုင်း(၁)
        ကချင်လွတ်လပ်ရေးတပ်မတော်လို့အမည်ခံထားတဲ့KIAတပ်တွေရဲ့နယ်ပယ်ဟာတနေ့တခြား ကျဉ်း မြောင်းသထက်ကျဉ်းမြောင်းလာနေတာ အခုဆိုရင်လိုင်ဇာတစ်ဝိုက် ကွက်ကွက်ကလေး ပဲရှိ ပါတော့တယ်။ အစိုးရတပ်များနဲ့တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်လာပြီးတဲ့နောက်မှာ  KIA အခြေပြု ထားတဲ့ စခန်းတွေ တစ်ခုပြီးတစ်ခု စွှန့်လွတ်နေရ ပါတယ်။ အစိုးရရဲ့တပ်တွေ ကတပ်မကြီး သုံးလေး ငါးခုနဲ့ဝင်တိုက်လို့သူတို့စခန်းတွေ စွန့်လွှတ် ရတယ်လို့ သတင်းလွှင့်နေပေ မဲ့ ဒေသ ခံတပ်ရင်း တွေနဲ့ သာ တိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေ အရသိရပါတယ်။   


 .တိုက်ပွဲတွင်ကျဆုံးသွားသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ဆွဲထုတ်လာစဉ်

ကချင်တပ်မတော်KIAအနေနဲ့ မြန်မာအစိုးရတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာရှုံးနိမ့်မှုတွေများ လာနေလို့အခုအခါမှာ ပျောက်ကြားစနစ်ကျင့်သုံးပြီး အစိုးရရဲ့အင်အားနည်းတဲ့ စခန်းငယ်တွေကိုပဲ တိုက်ကွက်ဖော်နေ ရပါတယ်။ KIA မှာရှိကြတဲ့တပ်ဖွဲ့ဝင်အများစုဟာ အတင်းအဓမ္မစုဆောင်းလို့ စစ်သားဖြစ်လာတာမို့လို့ စစ်ပွဲ အတွေ့အကြုံမရှိကြပါဘူး။ ဒါကြောင့်လဲတိုက်ပွဲတွေ ရှည်ကြာလာတာနဲ့ အမျှ KIAတပ်ဖွဲ့တွေဘက်က အထိနာ လာတယ်လို့ လိုင်ဇာမှလာတဲ့ သတင်းတွေအရ သိရပါတယ်။ အကျအဆုံးထိခိုက်မှုတွေ သိပ်များနေလို့ KIA ခေါင်းဆောင် ပိုင်းအနေနဲ့သူတို့နဲ့ လက်လှမ်းမီရာ နယ်တွေမှာ ၀တ်ပြုဆုတောင်းပွဲတွေကျင်းပပြီး KIAတပ်ဖွဲ့ဝင်တွေစိတ်ဓာတ် မကျအောင် လုပ်ဆောင် ပေးနေ ရပါတယ်။

လိုင်ဇာမြို့ကရရှိတဲ့ သတင်းတွေအရ KIA အဖွဲ့တွေအနေနဲ့ အစိုးရနဲ့တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ ကိုယ့်မိုင်းနဲ့ကို သေဆုံးတဲ့ KIAအရာရှိ ၂ ဦး အခြားအဆင့်(၁၁)ဦးနဲ့ ဒဏ်ရာရတဲ့သူ(၁၇)ဦးရှိပါတယ်။ တိုက်ပွဲဖြစ်လို့ သေဆုံး တဲ့သူ ၆၄၆ဦး၊ ဒဏ်ရာရသူ ၈၃၇ ဦးရှိခဲ့ပြီး တိုက်ပွဲမှာဒဏ်ရာရလို့ လိုင်ဇာနဲ့ မိုင်ဂျာယန်ဆေးရုံမှာ ကုသ ပေးနေရတဲ့ လူနာတွေများတွေများ နေတာကြောင့် နဲနဲလေး အခြေအနေကောင်းတာနဲ့ ဆေးရုံကနေ အတင်းဆင်း ခိုင်းနေရပါတယ်။ KIAစစ်သားအများစုကတော့ စစ်တိုက်ရမှာကြောက်လန့်နေပြီး ဆေးရုံမှာပဲ တောက်လျှောက်တက် နေချင်တဲ့သူများနေပါတယ်။ ကချင် သတင်းဌာနတွေကို ဆက်သွယ်ပြီး KIA တပ်တွေအနေနဲ့ တိုက်ပွဲတိုင်း အောင်မြင်ပြီး အစိုးရတပ်တွေ အများကြီး ကျဆုံး နေတယ်လို့ သတင်းလွှင့်ထားပေမဲ့ KIAစစ်သားတွေ အားလုံးကမြေပြင်က အခြေအနေမှန် တွေကိုသိနေပါတယ်။ ဘယ်လိုမှဖုံးကွယ်ထားလို့မရတဲ့နေရာကတော့ လိုင်ဇာဆေးရုံနဲ့ မိုင်ဂျာယန်ဆေး ရုံပါပဲ။

KIA တပ်တွေရဲ့အတွင်းပိုင်းမှာလဲလက်ရှိ အမှုထမ်းဗိုလ်တွေနဲ့ KIAတပ်ထွက် စစ်သားတွေ အကြား မှာအပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှုမရှိဘဲ အမိန့်ပေးခိုင်းလို့လဲ မရဖူးဖြစ်နေပါတယ်။ KIA တပ်ထွက်တွေ ကလဲသူတို့ချည်းသီးသန့် တာဝန်ပေးရင်လုပ်မယ်လို့ ပြောဆိုနေပါတယ်။ လက်ရှိအခြေ အနေမှာ အဆိုးဆုံး ကတော့ရိက္ခာမလုံလောက်မှုပါပဲ။ ပြည်ပမှာရောက်နေတဲ့ ကချင်တွေကလိုင်ဇာမှာ စုထားတဲ့ ကချင်ဒုက္ခသည်တွေအတွက်ပေးတဲ့ ရိက္ခာတွေလဲဒုက္ခသည်တွေကို မပေးပါဘူး။ KIAတပ်ဖွဲ့တွေပဲ ယူနေကြလို့ ဒုက္ခ သည် အများစုက ဆန္ဒပြပြီးနေ ရပ်ပြန်ပို့ဖို့တောင်းဆိုနေပါတယ်။ KIAတပ်တွေအနေနဲ့ ရွာတွေမှာ ခွဲတမ်းချပြီး ဆန်တွေ တောင်းခြင်း၊ ခရီးသည်တင်ကားတွေ၊ သင်္ဘော တွေမှာ ဆန်တွေပါလာရင် သိမ်းယူခြင်းတွေလုပ်နေ ရပါတယ်။ နယ်မြေအေးချမ်းမှုမရှိလို့ ကုန်သည် တွေ သွားလာမှု နည်းပါးနေတဲ့အတွက် တရုတ်ပြည်ဘက်က ကုန် ပစ္စည်းတွေလဲ အ၀င်နည်း နေပါ တယ်။ ၀ိုင်းမော်-ဆဒုံး-ကံပိုက်တီး လမ်းတလျှောက်သွားနေတဲ့ ယာဉ်တွေ ကိုလဲ မနှစ် က ထက်နှစ်ဆ တိုးပြီး ငွေတောင်း ခံ နေတာမို့ ယာဉ်သွားလာမှု ကျဲနေပါတယ်။

ခေါင်လွန်း (မြစ်ကြီးနား)
ဆက်လက်ဖော်ပြပါမည်


 www.MyanmarExpress.net
  

3 comments:

နိုင်ငံတော်အနေနဲ့ KIAကို ချေမှုန်းမပေးနိုင်ရင် ကျနော်တို့ ပြည်သူကိုသာ လက်နက်တပ်ဆင်ပေးပါ။ ကျနော်တို့ တိုက်ပါမယ်။ ဒီအတိုင်း ညှင်းပန်းနှိပ်စက်ခံ ဘဝနဲ့ သေရတာစာရင် တိုက်ရင်းသေရတာမှ ကောင်းဦးနယ်။ KIAဆိုတာ ဒီပြည်နယ်မှာ မရှိသင့်တော့တဲ့ လုယုတ်မာတွေပါ။

ပြည် သူ တွေ တိုက် စ ရာ မ လို ပါ။ စစ် တပ် ကို အ ပြတ် အ မိန့် ပေး ရင် ရ ပါ တယ်။ သ မ္မ တ ကြီး က ငဲ့  ညှာ ။ကာ ချုပ် ကာ ချုပ် က အ ရှည် မျော် တွေး နေ လို့  KIA kIO ရောင့် တက် နေ တာ ပါ။

အ မှန် က ဒီ လို ပါ


မီ ဒီ ယာ နိုင် ငံ ရေး သ မား ၈၈ က လိမ် က ကျစ် တွေ ကြောင့် တိုင်း ပြည် သစ္စာ ဖေါက် တွေ ကြောင့်  အ မှန် ကို အ မှန် အ တိုင်း မ လုပ် ဝံ့ ကြ တာ ပါ ကွယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်