Subscribe to our RSS Feed

အဖွင့်စာမျက်နှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာ

From : သမ္မတရုံး 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာ သွားကြသည်။

ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား  ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံး သံရုံးယာယီ တာဝန်ခံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြသည်။


www.MyanmarExpress.net
 

1 comments:

နိုင်ငံတကာမှာမျက်နှာမလှ

နေရာမရခဲ့တာ နှစ်ပေါင်း ၂၀

အခုတော့ မျက်နှာလဲ လှ

နေရာလဲ ရ လာပါပြီ

နောင် ခေါင်းမော့ရင်ကော့ပြီး

ကမ္ဘာကိုရင်ပေါင်တန်းနိုင်အောင်

ညီညီညွတ်ညွတ် ကြိုးစားစေခြင်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်