Subscribe to our RSS Feed

မြစ်ကြီးနား- ဗန်းမော် လမ်းကြောင်း ပေါ်ရှိ တပ်စခန်း တစ်ခုအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဝင်ရောက် တိုက်ခိုက်

From : မြဝတီ

နေပြည်တော် ဇန်နဝါရီ ၂၄

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ကချင်ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲ၍ တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် အတွက် အကြမ်းဖက် တိုက်ခိုက် လျက်ရှိသည်။ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ၁၃၁၅ အချိန်တွင် မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်ရှိ ကန်တော်ယန်း ကျေးရွာ အနီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် စစ်ကြောင်း တစ်ခုအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်က နေရာ ၂ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ တပ်မတော် စစ်ကြောင်းမှ ပြန်လည်ပစ်ခတ် ခဲ့သဖြင့် ၁၃၄၅ နာရီတွင် ပြန်လည် ဆုတ်ခွာ သွားခဲ့သည်။

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ၂၀၁၃ ခုနှစ် ဇန်န ဝါရီလ ၁၈ ရက်နေ့ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီး သည့် နောက်ပိုင်း ၁၀ ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။
 
 

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်